ရုရှားရဲ့အနီးကပ်မဟာမိတ် ချက်နီးယားခေါင်းဆောင်က ၄င်းရဲ့ဆယ်ကျော်သက်အရွယ်သားတွေကို ယူကရိန်း စစ်ပွဲမှာ ရှေ့တန်းမှ တိုက်ခိုက်ဖို့စေလွှတ်မည်

 730

ရောင်နီ (NP News) - အောက်တိုဘာ ၅

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့ ချက်နီးယားခေါင်းဆောင် ရမ်ဇန် ကဒီရော့ဗ်က ၎င်းရဲ့ ဆယ်ကျော်သက်သား ၃ ဦးကို ယူကရိန်းစစ်ပွဲမှာ မော်စကိုဘက်မှ တိုက်ခိုက်ဖို့အတွက် ရှေ့တန်းသို့ စေလွှတ်မှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ ကိုယ်ပိုင်စစ်တပ်ကိုကွပ်ကဲနေတဲ့ ကဒီရော့ဗ် က ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ တပ်မှူးတွေကိုဖယ်ရှားပြီး သူ့ရဲ့ဆယ်ကျော်သက်အရွယ် သားဖြစ်သူတို့ကို တိုက်ပွဲဝင်ဖို့အတွက် ရှေ့တန်းသို့ စေလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Telegram မက်ဆေ့ခ်ျအက်ပ်မှာ ကဒီရော့ဗ် ဟာ သူ့ရဲ့သားများဖြစ်တဲ့ အက်ခ်မက် (၁၆ နှစ်) ၊ အီလီ (၁၅ နှစ်) အက်ဒန် (၁၄ နှစ်) တို့ရဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့ပြီး မကြာမီ ၎င်းတို့ဟာ “ဆက်သွယ်ရန် အခက်အခဲဆုံးကဏ္ဍများ” မှာ ပါဝင်ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ရေးသားခဲ့ပါတယ်။

ဆယ်ကျော်သက် သားများဟာ အငယ်ဆုံးအတန်း နှစ်များကတည်းက “တိုက်ခိုက်ရေးပညာများကို လေ့ကျင့် သင်ကြားခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ “စစ်မှန်တဲ့တိုက်ပွဲမှာ သူတို့ကိုယ်သူတို့ သက်သေပြဖို့ အချိန် ရောက်ပြီ၊ သူတို့ဆန္ဒကို ကျွန်တော်ကြိုဆိုနိုင်မှာပါ” လို့ ကဒီရော့ဗ် က ပြောကြားခဲ့ပါတယ်။

ကဒီရော့ဗ်ဟာ ရုရှားကို အပြတ်သားဆုံးထောက်ခံသူများထဲမှတစ်ဦးဖြစ်ပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားဟာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ငယ်ကိုအသုံးပြုဖို့ စဉ်းစားသင့်ကြောင်းလည်း ၎င်းက အကြံပြုခဲ့ပါ တယ်။

Zawgyi Version;
႐ုရွားရဲ႕အနီးကပ္မဟာမိတ္ ခ်က္နီးယားေခါင္းေဆာင္က ၄င္းရဲ႕ဆယ္ေက်ာ္သက္အ႐ြယ္သားေတြကို ယူကရိန္း စစ္ပြဲမွာ ေရွ႕တန္းမွ တိုက္ခိုက္ဖို႔ေစလႊတ္မည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၅

႐ုရွားသမၼတ ဗလာဒီမာပူတင္ရဲ႕အနီးကပ္မဟာမိတ္ျဖစ္တဲ့ ခ်က္နီးယားေခါင္းေဆာင္ ရမ္ဇန္ ကဒီေရာ့ဗ္က ၎ရဲ႕ ဆယ္ေက်ာ္သက္သား ၃ ဦးကို ယူကရိန္းစစ္ပြဲမွာ ေမာ္စကိုဘက္မွ တိုက္ခိုက္ဖို႔အတြက္ ေရွ႕တန္းသို႔ ေစလႊတ္မွာျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းမွာ ကိုယ္ပိုင္စစ္တပ္ကိုကြပ္ကဲေနတဲ့ ကဒီေရာ့ဗ္ က ယူကရိန္းအေရွ႕ပိုင္းမွာရွိတဲ့ ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ တပ္မႉးေတြကိုဖယ္ရွားၿပီး သူ႔ရဲ႕ဆယ္ေက်ာ္သက္အ႐ြယ္ သားျဖစ္သူတို႔ကို တိုက္ပြဲဝင္ဖို႔အတြက္ ေရွ႕တန္းသို႔ ေစလႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ Telegram မက္ေဆ့ခ္်အက္ပ္မွာ ကဒီေရာ့ဗ္ ဟာ သူ႔ရဲ႕သားမ်ားျဖစ္တဲ့ အက္ခ္မက္ (၁၆ ႏွစ္) ၊ အီလီ (၁၅ ႏွစ္) အက္ဒန္ (၁၄ ႏွစ္) တို႔ရဲ႕ဗီဒီယိုဖိုင္ကိုတင္ခဲ့ၿပီး မၾကာမီ ၎တို႔ဟာ “ဆက္သြယ္ရန္ အခက္အခဲဆုံးက႑မ်ား” မွာ ပါဝင္ေရာက္ရွိလာမည္ျဖစ္ေၾကာင္း ၎က ေရးသားခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ သားမ်ားဟာ အငယ္ဆုံးအတန္း ႏွစ္မ်ားကတည္းက “တိုက္ခိုက္ေရးပညာမ်ားကို ေလ့က်င့္ သင္ၾကားခဲ့ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။ “စစ္မွန္တဲ့တိုက္ပြဲမွာ သူတို႔ကိုယ္သူတို႔ သက္ေသျပဖို႔ အခ်ိန္ ေရာက္ၿပီ၊ သူတို႔ဆႏၵကို ကြၽန္ေတာ္ႀကိဳဆိုႏိုင္မွာပါ” လို႔ ကဒီေရာ့ဗ္ က ေျပာၾကားခဲ့ပါတယ္။

ကဒီေရာ့ဗ္ဟာ ႐ုရွားကို အျပတ္သားဆုံးေထာက္ခံသူမ်ားထဲမွတစ္ဦးျဖစ္ၿပီး ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားဟာ နည္းဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္ငယ္ကိုအသုံးျပဳဖို႔ စဥ္းစားသင့္ေၾကာင္းလည္း ၎က အႀကံျပဳခဲ့ပါ တယ္။

Related news

© 2021. All rights reserved.