ဘင်္ဂလားဒေ့ရ်ှမှာ လူဦးရေသန်း ၁၄ဝ ခန့် ဓာတ်အားပြတ်တောက်မှုနဲ့ရင်ဆိုင်နေရ

 630

ရောင်နီ (NP News) - အောက်တိုဘာ ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေသန်း ၁၄ဝ ခန့် လျှပ်စစ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရကြောင်း The government's utility ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားလိုင်းဟာ မွန်းလွဲ ၂ နာရီမှာ ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်း အစိတ် အပိုင်းများမှ စတင်ပျက်တောက်ခဲ့ကြောင်း လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရှာမင်းအက်ဆမ်က အောက်တိုဘာလ ၄ ရက်၊ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

မြို့တော်ဒါကာနဲ့ အခြားမြို့ကြီးများမှာလည်း လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းကြောင့် အင်ဂျင်နီယာများဟာ ဘယ်နေရာမှာ ဘာကြောင့် ချို့ယွင်းချက်များဖြစ်ပွားခဲ့တယ်ဆိုတာကို ဆုံးဖြတ်ဖို့ကြိုးစားနေပြီး ဓာတ်အားစနစ်ပြန်လည်ပေးစွမ်းနိုင်ဖို့ နာရီပေါင်းများစွာ ကြာနိုင်ကြောင်း အက်ဆမ်က ပြောကြားခဲ့ပါတယ်။

တင်သွင်းမှုစရိတ်စကများကိုလျှော့ချဖို့ အစိုးရက ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မှုကို ဆိုင်းငံ့ထားရတာကြောင့် ဘင်္ဂလားဒေ့ရ်ှရဲ့ မကြာသေးမီကမှ အထင်ကြီးလောက်စရာ တိုးတက်လာတဲ့စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံများဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ဓာတ်အားထုတ်လုပ်မှု ၆ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးတာကြောင့် ယင်းသို့ လည်ပတ်မှုရပ်ဆိုင်းထားရတဲ့အခါ ဓာတ်အား မဂ္ဂါဝပ် ၁၅ဝဝ အထိ လျော့ကျသွားစေပါတယ်။

ယခုလအစောပိုင်းက ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များနဲ့ ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဖာရုကွာဟာဆန် က အထည်ချုပ်စက်ရုံများမှာ တစ်ရက်လျှင် ၄ နာရီမှ ၁ဝ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခြင်းဟာ ထုတ်လုပ်မှုအခြေအနေကို အလွန်ဆိုးရွားစေကြောင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်အလိပ်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ်နိုင်ငံခြားငွေစုစုပေါင်းရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ထိကို ရရှိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ ယခင်ခန့်မှန်းချက်ထက် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ နှေးကွေးမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရ္ွမွာ လူဦးေရသန္း ၁၄ဝ ခန္႔ ဓာတ္အားျပတ္ေတာက္မႈနဲ႔ရင္ဆိုင္ေနရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၅

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လူဦးေရသန္း ၁၄ဝ ခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္မႈနဲ႔ရင္ဆိုင္ေနရေၾကာင္း The government's utility ကုမၸဏီမွ ေျပာၾကားခဲ့ပါတယ္။

လွ်ပ္စစ္ဓာတ္အားလိုင္းဟာ မြန္းလြဲ ၂ နာရီမွာ ဘဂၤလားေဒ့ရွ္ အေနာက္ေျမာက္ပိုင္း အစိတ္ အပိုင္းမ်ားမွ စတင္ပ်က္ေတာက္ခဲ့ေၾကာင္း လွ်ပ္စစ္စြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္ေရးဘုတ္အဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ရွာမင္းအက္ဆမ္က ေအာက္တိုဘာလ ၄ ရက္၊ အဂၤါေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ၿမိဳ႕ေတာ္ဒါကာနဲ႔ အျခားၿမိဳ႕ႀကီးမ်ားမွာလည္း လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ျခင္းေၾကာင့္ အင္ဂ်င္နီယာမ်ားဟာ ဘယ္ေနရာမွာ ဘာေၾကာင့္ ခ်ိဳ႕ယြင္းခ်က္မ်ားျဖစ္ပြားခဲ့တယ္ဆိုတာကို ဆုံးျဖတ္ဖို႔ႀကိဳးစားေနၿပီး ဓာတ္အားစနစ္ျပန္လည္ေပးစြမ္းႏိုင္ဖို႔ နာရီေပါင္းမ်ားစြာ ၾကာႏိုင္ေၾကာင္း အက္ဆမ္က ေျပာၾကားခဲ့ပါတယ္။

တင္သြင္းမႈစရိတ္စကမ်ားကိုေလွ်ာ့ခ်ဖို႔ အစိုးရက ဒီဇယ္သုံး ဓာတ္အားေပးစက္႐ုံမ်ား လည္ပတ္မႈကို ဆိုင္းငံ့ထားရတာေၾကာင့္ ဘဂၤလားေဒ့ရ္ွရဲ႕ မၾကာေသးမီကမွ အထင္ႀကီးေလာက္စရာ တိုးတက္လာတဲ့စီးပြားေရးကို ၿခိမ္းေျခာက္လ်က္ရွိေနပါတယ္။ ဒီဇယ္သုံး ဓာတ္အားေပးစက္႐ုံမ်ားဟာ ဘဂၤလားေဒ့ရ္ွႏိုင္ငံရဲ႕ဓာတ္အားထုတ္လုပ္မႈ ၆ ရာခိုင္ႏႈန္းခန႔္ကို ထုတ္လုပ္ေပးတာေၾကာင့္ ယင္းသို႔ လည္ပတ္မႈရပ္ဆိုင္းထားရတဲ့အခါ ဓာတ္အား မဂၢါဝပ္ ၁၅ဝဝ အထိ ေလ်ာ့က်သြားေစပါတယ္။

ယခုလအေစာပိုင္းက ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားနဲ႔ ပို႔ကုန္လုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဖာ႐ုကြာဟာဆန္ က အထည္ခ်ဳပ္စက္႐ုံမ်ားမွာ တစ္ရက္လွ်င္ ၄ နာရီမွ ၁ဝ နာရီအထိ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားျခင္းဟာ ထုတ္လုပ္မႈအေျခအေနကို အလြန္ဆိုး႐ြားေစေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဘဂၤလားေဒ့ရ္ွဟာ တ႐ုတ္ႏိုင္ငံၿပီးရင္ ကမာၻ႔ဒုတိယအႀကီးဆုံး အထည္အလိပ္တင္ပို႔တဲ့ ႏိုင္ငံျဖစ္ၿပီး ႏွစ္စဥ္ႏိုင္ငံျခားေငြစုစုေပါင္းရဲ႕ ၈ဝ ရာခိုင္ႏႈန္းေက်ာ္ထိကို ရရွိႏိုင္ပါတယ္။ ဘဂၤလားေဒ့ရ္ွရဲ႕စီးပြားေရးတိုးတက္မႈႏႈန္းဟာ လက္ရွိဘ႑ာေရးႏွစ္မွာ ယခင္ခန႔္မွန္းခ်က္ထက္ ၆ ဒသမ ၆ ရာခိုင္ႏႈန္းအထိ ေႏွးေကြးမယ္လို႔ အာရွဖြံ႕ၿဖိဳးေရးဘဏ္က ၿပီးခဲ့တဲ့လက ထုတ္ျပန္ခဲ့ပါတယ္။

Picture

Ko Moe

05/10/2022 13:42

ပတ်ဝန်းကျင်မှာ ဆောက်သုံးမကျတဲ့ကောင်တွေ မသုံးပါနဲ့ အလုပ်လုပ်သူတွေပဲ လွှတ်ကြရမှာပဲ ဖြစ်ပါတယ်။လာဘ်ပေး လာ်ဘ်ယူကင်းအောင် ဖြည့်ဆည်းပေးပါ။တပ်မတော်သားနဲ့ဝန်ထမ်းတွေကို အမြဲတမ်းပေးဆပ်ဖို့ ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ မတောင်းဆိုချင်ပါဘူး။ အားနာလွန်းလှပါတယ်။တပ်မတော်အနေနဲ့ စီးပွားရေး အဓိကထားပါ လူမှူ့ရေး လည်း စီးပွားရေးနဲ့ မခြားပါဘူး။ဘာသာရေး သီးသန့်ထားကြပါ။ထိုင်းဟာ သည်းခံတတ်သူစာရင်းထဲမှာ မြန်မာထက်သာပါတယ်။ သူတို့ဟာ ပြည်ပအားကိုးရမှာ မကြောက်တတ်ပါဘူး။အမှီရှိမှ ပွင့်လို့ ရတဲ့ ဘုရားရှင်လိုပါပဲ။အစွန်းရောက်အကျင့်ကို ရှောင်ရှားရမှာပါ။အခုက အရင်လိုမဟုတ်တော့ ဘူး ခင်ဗျားတို့ကို တိုက်ခိုက်နေသူတွေဟာ နည်းစနစ်ကို ဗြောင်းပြန်လှန်ထားတဲ့ နည်းတွေ သုံးနေကြတယ်။ဥပမာ အေအေ ဒုတိယ ဦးဟန်ညောင်ဝေ ကို မိုးသီးဇွန် နောက် ဘယ်သူရှိအုံးမလဲ ဘာသာတူတွေ ဘာသာခြားတွေ ခွဲရမဲ့ဘအချိန်မဟုတ်ဘူး အထင်လွဲနေလို့မရပါဘူး။ဘာသာရေးဟာ အဲလိဇဘတ်တို့ အင်ဂျလာမာကယ်တို့အတွက် အသုံးတဲ့‌‌ချင်ပေမဲ့မြန်မာမှာ တဝက် ပတ်ချာလည်ပဲ။ဒေဝဒတ်နဲ့ ဆေတန်က တစ်ခါတစ်ခါ ပူးပေါင်းနေကြတယ် ထင်ရပေမဲ့ဘအမြဲတမ်း နီးပါးလည်း ဖြစ်နေနိုင်ပါတယ်။ဘာသာရေး လူမျိူးရေး ခွဲခြားမှူ့ကို ကမ္ဘာသိ နှိပ်ကွက်ပြပါ။တရားမျှတစွာ နှိပ်ကွက်ပြပါ။တရားသာ အနိုင်ပါ။ဘုရားတောင် တရား‌‌ရှိလို့နှစ်ပေါင်း ထောင်ချီမြဲနေရတာပအလေ...

Related news

© 2021. All rights reserved.