ရုရှားကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၂၅ သန်း ထပ်မံကူညီပေးမယ်လို့ အမေရိကန်သမ္မတ ပြော

 550

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၂၅ သန်း ထပ်မံကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်းကတိပြုပြောဆိုလိုက်ပါတယ်။

ယူကရိန်းကို စစ်ရေးအကူအညီပေးခြင်းများနဲ့ပတ်သက်ပြီး ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများကြား တိုက်ရိုက်စစ်ရေးပဋိပက္ခများဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။အမေရိကန်အစိုးရဟာ အဆိုပါအမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကို အသုံးပြုပြီး ယူကရိန်းစစ်ဘက်အတွက် လိုအပ်နေတဲ့ စွမ်းရည်မြင့် အမြှောက်ရော့ကဒ်စနစ် (HIMARS) ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ စစ်ပွဲအတွင်း ရုရှားကိုတန်ပြန်ထိုးစစ်ဆင်ရာမှာ အဆိုပါလက်နက်စနစ် အများအပြားကို အသုံးပြုနေတာကြောင့် အောင်မြင်မှုများရရှိနေကြောင်း သတင်းတွေက ဆိုပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရဟာ ရုရှားသိမ်းယူခဲ့တဲ့ ယူကရိန်းပိုင်နက်များနဲ့ပတ်သက်ပြီး ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ က "ယူကရိန်းဟာ ရုရှားရဲ့ကျူးကျော်မှုများကို အချိန်အတန်ကြာ ကာကွယ်မှုများလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကူညီထောက်ပံ့ပေးမှုများလုပ်ဆောင်သွားမှာဖြစ်တယ်" လို့ပြောပါတယ်။

ကရိန်းပိုင်နက်လေးခုကို ရုရုားပိုင်နက်များအဖြစ် တရားဝင်သိမ်းယူကြောင်း ရုရှားဘက်က ကြေညာခဲ့ပြီးနောက် အမေရိကန်အစိုးရက ယူကရိန်းကို စစ်ရေးအကူအညီများ ထပ်မံပေးခဲ့ခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးကတော့ ယူကရိန်းကို စစ်ရေးအကူအညီများပေးမယ့် အမေရိကန်အစိုးရရဲ့အစီအစဉ်များကြောင့် အနောက်အုပ်စုနဲ့ ရုရှားနိုင်ငံကြား တိုက်ရိုက်စစ်ရေးတင်းမာမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားသံအမတ်ကြီးက အမေရိကန်အစိုးရဟာ ဆိုးရွားတဲ့အကျိုးဆက်များဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ ရန်စတဲ့အပြုအမူတွေ၊ လုပ်ရပ်တွေကိုရပ်တန့်စေလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုနောဗ့်က "ယူကရိန်းကို စစ်ရေးအကူအညီပေးခြင်းက ရုရုားနိုင်ငံရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ယူဆတယ်" လို့ပြောပါတယ်။

အမေရိကန်အစိုးရက ယူကရိန်းကို ထပ်မံကူညီပေးမယ့် အမေရိကန်ဒေါ်လာ ၆၂၅ သန်း တန်ဖိုးရှိ စစ်ရေးအကူအညီများထဲမှာ အမြှောက်ရော့ကဒ်စနစ်(HIMARS) လေးခု၊ ဟောင်ဝစ်ဇာ ၃၂ ခု နဲ့ ကျည်ဆံ ၇၅ဝဝဝ၊ မိုင်းဒဏ်ခံနိုင်ပြီး ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိတဲ့ ကားအစီးရေ ၂ဝဝ၊ မိုင်းရှာဖွေရေးစက်များ ပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
႐ုရွားကို တန္ျပန္ထိုးစစ္ဆင္ႏိုင္ဖို႔ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၆၂၅ သန္း ထပ္မံကူညီေပးမယ္လို႔ အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ႐ုရွားနဲ႔ျဖစ္ေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၆၂၅ သန္း ထပ္မံကူညီပံ့ပိုးေပးသြားမွာျဖစ္ေၾကာင္းကတိျပဳေျပာဆိုလိုက္ပါတယ္။

ယူကရိန္းကို စစ္ေရးအကူအညီေပးျခင္းမ်ားနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား တိုက္႐ိုက္စစ္ေရးပဋိပကၡမ်ားျဖစ္လာမွာကို စိုးရိမ္မႈျမင့္တက္ေနတယ္လို႔ သိရပါတယ္။အေမရိကန္အစိုးရဟာ အဆိုပါအေမရိကန္ေဒၚလာ သန္း ၆ဝဝ ကို အသုံးျပဳၿပီး ယူကရိန္းစစ္ဘက္အတြက္ လိုအပ္ေနတဲ့ စြမ္းရည္ျမင့္ အေျမႇာက္ေရာ့ကဒ္စနစ္ (HIMARS) ပံ့ပိုးေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ယူကရိန္းဟာ စစ္ပြဲအတြင္း ႐ုရွားကိုတန္ျပန္ထိုးစစ္ဆင္ရာမွာ အဆိုပါလက္နက္စနစ္ အမ်ားအျပားကို အသုံးျပဳေနတာေၾကာင့္ ေအာင္ျမင္မႈမ်ားရရွိေနေၾကာင္း သတင္းေတြက ဆိုပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က အေမရိကန္အစိုးရဟာ ႐ုရွားသိမ္းယူခဲ့တဲ့ ယူကရိန္းပိုင္နက္မ်ားနဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ အသိအမွတ္ျပဳမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

အေမရိကန္သမၼတ က "ယူကရိန္းဟာ ႐ုရွားရဲ႕က်ဴးေက်ာ္မႈမ်ားကို အခ်ိန္အတန္ၾကာ ကာကြယ္မႈမ်ားလုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ ကူညီေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္သြားမွာျဖစ္တယ္" လို႔ေျပာပါတယ္။

ကရိန္းပိုင္နက္ေလးခုကို ႐ု႐ုားပိုင္နက္မ်ားအျဖစ္ တရားဝင္သိမ္းယူေၾကာင္း ႐ုရွားဘက္က ေၾကညာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက ယူကရိန္းကို စစ္ေရးအကူအညီမ်ား ထပ္မံေပးခဲ့ျခင္းျဖစ္ပါတယ္။ ကုလသမဂၢဆိုင္ရာ႐ုရွားသံအမတ္ႀကီးကေတာ့ ယူကရိန္းကို စစ္ေရးအကူအညီမ်ားေပးမယ့္ အေမရိကန္အစိုးရရဲ႕အစီအစဥ္မ်ားေၾကာင့္ အေနာက္အုပ္စုနဲ႔ ႐ုရွားႏိုင္ငံၾကား တိုက္႐ိုက္စစ္ေရးတင္းမာမႈမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

႐ုရွားသံအမတ္ႀကီးက အေမရိကန္အစိုးရဟာ ဆိုး႐ြားတဲ့အက်ိဳးဆက္မ်ားျဖစ္လာႏိုင္ဖြယ္ရွိေနတဲ့ ရန္စတဲ့အျပဳအမူေတြ၊ လုပ္ရပ္ေတြကိုရပ္တန႔္ေစလိုေၾကာင္း ေတာင္းဆိုခဲ့ပါတယ္။ ႐ုရွားသံအမတ္ႀကီး အနာတိုလီအန္တိုေနာဗ့္က "ယူကရိန္းကို စစ္ေရးအကူအညီေပးျခင္းက ႐ု႐ုားႏိုင္ငံရဲ႕မဟာဗ်ဴဟာေျမာက္အက်ိဳးစီးပြားေတြကို ၿခိမ္းေျခာက္ေနတာျဖစ္တယ္လို႔ ယူဆတယ္" လို႔ေျပာပါတယ္။

အေမရိကန္အစိုးရက ယူကရိန္းကို ထပ္မံကူညီေပးမယ့္ အေမရိကန္ေဒၚလာ ၆၂၅ သန္း တန္ဖိုးရွိ စစ္ေရးအကူအညီမ်ားထဲမွာ အေျမႇာက္ေရာ့ကဒ္စနစ္(HIMARS) ေလးခု၊ ေဟာင္ဝစ္ဇာ ၃၂ ခု နဲ႔ က်ည္ဆံ ၇၅ဝဝဝ၊ မိုင္းဒဏ္ခံႏိုင္ၿပီး ေခ်ာင္းေျမာင္းတိုက္ခိုက္မႈကို ကာကြယ္ႏိုင္စြမ္းရွိတဲ့ ကားအစီးေရ ၂ဝဝ၊ မိုင္းရွာေဖြေရးစက္မ်ား ပံ့ပိုးကူညီေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.