ဘင်္ဂလားဒေ့ရှ်က မြန်မာရဲ့ရန်စမှုတွေရဲ့ သားကောင်အဖြစ်ခံမှာ မဟုတ်ကြောင်း ဒါကာနိုင်ငံခြားရေးဝန်ကြီးပြော

 1066

Htay Oung (NP News) - အောက်တိုဘာ ၅

ဗုဒ္ဓဘာသာဝင်အများစု နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ သူ့နိုင်ငံပြည်တွင်းရေးဖြစ်ပြီး မြန်မာနိုင်ငံက လမ်းခင်းလာတဲ့ ရန်စမှုများထဲသို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ဝင်ရောက်မှာ မဟုတ်ကြောင်း ဒါကာနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ်မိုမန်က ထပ်လောင်းပြောဆိုတယ်လို့ Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

“ရန်စတာမျိုးကို ဘယ်တော့မှ ခြေမလှမ်းပါဘူး။ အခြေအနေကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နေရပါတယ်” လို့ မြန်မာ နဲ့နယ်စပ်တလျှောက်အခြေအနေတွေအပေါ် လူအများအာရုံစိုက်လာချိန် နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၅ ရက်၊ အင်္ဂါနေ့ သူ့ရဲ့ရုံးခန်းမှာ သတင်းထောက်တွေကို ပြောပြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂထံတင်ပြဖို့ ရှိ/မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အဲဒီလို အတိုင်းအတာရှိပေမယ့် အခုအချိန် ကုလသမဂ္ဂဟာ အတော်ကြီး ပျော့ကွက်ဟာကွက်ဖြစ်လာနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လုပ်စရာရှိတာကို ဆောင်ရွက်လျက်ရှိကြောင်း မိုမန်က ပြန်လည်ဖြေဆိုပါတယ်။

ဩဂုတ်လကတည်းက ဒါကာနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မော်တာကျည်မျိုးစုံနဲ့ပစ်ခတ်ခဲ့တာကို ဦးအောင်ကျော်မိုးက ဝန်ခံအသိအမှတ် ပြုပါတယ်။

ဒါပေမဲ့ အမြောက်၊ မော်တာများနဲ့ပစ်ခတ်ခဲ့ပြီး အချို့မှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျရောက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုက်ပွဲများဖြစ်ပွားရာမှာ ပါဝင်နေတဲ့ သောင်းကျန်းသူများအပေါ် မြန်မာသံအမတ်က အပြစ်တင် ခေါင်းရှောင်ရန် အားထုတ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသများနေ အပြစ်မဲ့ပြည်သူတို့အကြား ကြောက်ရွံ့မှုများဖြစ်ပေါ်နေရတာကို ဘင်္ဂလားဒေ့ရှ်က ထောက်ပြလိုက်ပြီး လူအများရဲ့အသက်အိုးအိမ်စည်းစိမ်အပေါ် ထိခိုက်ပျက်စီးတဲ့လုပ်ရပ်များကို ရှောင်ကြဉ်ဖို့ မြန်မာကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဘက်မှ ပစ်လွှတ်လိုက်တဲ့ ကျည်များ ကျရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူသေဆုံးမှုများစွာဖြစ်ပေါ်ခဲ့ရပြီး အများပြည်သူများနဲ့ ပိုင်ဆိုင်မှုလုံခြုံရေးတို့ကိုထိခိုက်ကာ နယ်စပ်ဒေသနေသူများအကြား အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဒါကာအခြေစိုက်သံတမန်များကို အဖွဲ့နှစ်ဖွဲ့ကာ အကျဉ်းချုံးတွေ့ဆုံခဲ့ပြီး ဒေသတစ်ခုလုံး မတည် မငြိမ်ဖြစ်စေမယ့်အကြမ်းဖက်မှုများကို ရပ်တန့်ရေး ဒါကာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဟာ အဓမ္မအိုးအိမ်စွန့်ခွာခဲ့ရသူ မြန်မာနိုင်ငံသား ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) များ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် စတင်နေခြင်းအပေါ် ထိခိုက်စေကြောင်း မြန်မာဘက်ကို သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း လုံခြုံရေးကိုထိန်းသိမ်းဖို့အပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာပိုင်နယ်မြေနဲ့ ဝေဟင်ပိုင်နက်အပေါ် လေးစားလိုက်နာဖို့မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ အကြမ်းဖက်မှုကို လုံးဝသည်းမခံတဲ့မူဝါဒကို ကျင့်သုံးလျက်ရှိပြီး ဒေသတွင်းနိုင်ငံများရဲ့လုံခြုံရေးအပေါ်ရန်လိုသူ မည်သည့် လူစုကိုမျှ လက်ခံထား ခြင်းမရှိကြောင်း ဦးအောင်ကျော်မိုးကို ပြောပြခဲ့ပါတယ်။

ဒုက္ခသည်ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီး ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပစဉ် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တို့နဲ့ ကောင်းစွာဆွေးနွေးခဲ့ပြီးခဲ့ကြောင်း၊ ဒါဟာ လေးနက်တဲ့ကိစ္စဖြစ်ပြီး ဖြေရှင်းချက်ဟာ ဒုက္ခသည်များ နေရပ်ပြန်ရေးသာလျှင်ဖြစ်ကြောင်း လူတိုင်းက သဘောတူခဲ့ကြတယ်လို့ မိုမန်က အောက်တိုဘာလ ၄ ရက်၊ အင်္ဂါနေ့မှာ ပြန်လည်ရှင်းပြခဲ့ပါတယ်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်ဟာ ကော့ဘဇားနဲ့ ဘာဆန်ချာကျွန်း ဒုက္ခသည်စခန်းများမှာ ဒုက္ခသည်ဘင်္ဂါလီ ၁ ဒသမ ၁ သန်းခန့်ကိုလက်ခံထားရှိပြီး မြန်မာစစ်တပ်ရဲ့ဖြိုခွင်းမှုအတွင်း နောက်ဆုံးဝင်ရောက်လာချိန် ၂ဝ၁၇ ခုနှစ်ကတည်း က ဒုက္ခသည်များအနက် တစ်ဦးတစ်ယောက်မျှ နေရပ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ငြိမ်းချမ်းရေးသတင်းစကားကို ကျွန်တော်တို့ ပေးပို့ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ပြောထားပါတယ်။ မတည်မငြိမ်ဖြစ်ရင် သာမန်ပြည်သူတွေ ဒုက္ခရောက်ပြီး သူတို့ရဲ့လူမှုဖူလုံရေးဘဝေတွေ ပျက်ပြားသွားမှာပါ" လို့ ကုလသမဂ္ဂမှာ အဆင့်အလွှာအမျိုးမျိုးတို့နဲ့ဆွေးနွေးမှုများကို ရည်ညွှန်းပြီး မိုမင်က ဆိုပါတယ်။

မေးခွန်းတစ်ခုနဲ့ပတ်သက်ပြီး ဒုက္ခသည်ဘင်္ဂါလီအကျပ်အတည်းအတွက် အဖြေရှာဖို့ တရုတ်နိုင်ငံက ပံ့ပိုးကူညီမှု တွေ အမြဲတမ်း တိုးမြှင့်ပေးခဲ့ကြောင်း၊ တရုတ်တို့အနေနဲ့ အဖြေကိုရှာဖို့ကို စိတ်ဝင်စားပြီး ရိုးသားမှုရှိကြောင်း ဒါကာ နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဖြေဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား သုံးပွင့်ဆိုင် ယန္တရားတည်ရှိနေပြီး သုံးဘက်စလုံးအနေနဲ့ ယခုအချိန်အထိ တွေ့ဆုံမှုအများအပြားရှိခဲ့ကြောင်း Dhaka Triune က သတင်းရေးသားပါတယ်။

#ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး #ဘင်္ဂလားဒေ့ရှ်-မြန်မာဆက်ဆံရေး
( Dhaka Tribune., 04 October 2022,” Bangladesh will not fall prey to Myanmar provocations, Momen says “ ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤလားေဒ့ရွ္က ျမန္မာရဲ႕ရန္စမႈေတြရဲ႕ သားေကာင္အျဖစ္ခံမွာ မဟုတ္ေၾကာင္း ဒါကာႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Htay Oung (NP News) - ေအာက္တိုဘာ ၅

ဗုဒၶဘာသာဝင္အမ်ားစု ႏိုင္ငံအတြင္း ျဖစ္ပ်က္ေနတဲ့ကိစၥေတြဟာ သူ႔ႏိုင္ငံျပည္တြင္းေရးျဖစ္ၿပီး ျမန္မာႏိုင္ငံက လမ္းခင္းလာတဲ့ ရန္စမႈမ်ားထဲသို႔ ဘဂၤလားေဒ့ရွ္အေနနဲ႔ဝင္ေရာက္မွာ မဟုတ္ေၾကာင္း ဒါကာႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ ေအေက အဗၺဒူလ္မိုမန္က ထပ္ေလာင္းေျပာဆိုတယ္လို႔ Dhaka Tribune က ယမန္ေန႔ ေရးသားပါတယ္။

“ရန္စတာမ်ိဳးကို ဘယ္ေတာ့မွ ေျခမလွမ္းပါဘူး။ အေျခအေနကို ေခါင္းေအးေအးနဲ႔ ရင္ဆိုင္ေနရပါတယ္” လို႔ ျမန္မာ နဲ႔နယ္စပ္တေလွ်ာက္အေျခအေနေတြအေပၚ လူအမ်ားအာ႐ုံစိုက္လာခ်ိန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေအာက္တိုဘာလ ၅ ရက္၊ အဂၤါေန႔ သူ႔ရဲ႕႐ုံးခန္းမွာ သတင္းေထာက္ေတြကို ေျပာျပပါတယ္။

ဘဂၤလားေဒ့ရွ္က ဒီကိစၥကို ကမာၻ႔ကုလသမဂၢထံတင္ျပဖို႔ ရွိ/မရွိ ေမးခြန္းနဲ႔ပတ္သက္ၿပီး အဲဒီလို အတိုင္းအတာရွိေပမယ့္ အခုအခ်ိန္ ကုလသမဂၢဟာ အေတာ္ႀကီး ေပ်ာ့ကြက္ဟာကြက္ျဖစ္လာေနေၾကာင္း၊ ဘဂၤလားေဒ့ရွ္အေနနဲ႔ လုပ္စရာရွိတာကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း မိုမန္က ျပန္လည္ေျဖဆိုပါတယ္။

ဩဂုတ္လကတည္းက ဒါကာႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို အႀကိမ္ေပါင္းမ်ားစြာ ဆင့္ေခၚခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ပိုင္နက္အတြင္း ေမာ္တာက်ည္မ်ိဳးစုံနဲ႔ပစ္ခတ္ခဲ့တာကို ဦးေအာင္ေက်ာ္မိုးက ဝန္ခံအသိအမွတ္ ျပဳပါတယ္။

ဒါေပမဲ့ အေျမာက္၊ ေမာ္တာမ်ားနဲ႔ပစ္ခတ္ခဲ့ၿပီး အခ်ိဳ႕မွာ ဘဂၤလားေဒ့ရွ္ပိုင္နက္အတြင္း က်ေရာက္ခဲ့တဲ့ကိစၥနဲ႔ ပတ္သက္လို႔ တိုက္ပြဲမ်ားျဖစ္ပြားရာမွာ ပါဝင္ေနတဲ့ ေသာင္းက်န္းသူမ်ားအေပၚ ျမန္မာသံအမတ္က အျပစ္တင္ ေခါင္းေရွာင္ရန္ အားထုတ္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

ျမန္မာနဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ေဒသမ်ားေန အျပစ္မဲ့ျပည္သူတို႔အၾကား ေၾကာက္႐ြံ႕မႈမ်ားျဖစ္ေပၚေနရတာကို ဘဂၤလားေဒ့ရွ္က ေထာက္ျပလိုက္ၿပီး လူအမ်ားရဲ႕အသက္အိုးအိမ္စည္းစိမ္အေပၚ ထိခိုက္ပ်က္စီးတဲ့လုပ္ရပ္မ်ားကို ေရွာင္ၾကဥ္ဖို႔ ျမန္မာကို တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံဘက္မွ ပစ္လႊတ္လိုက္တဲ့ က်ည္မ်ား က်ေရာက္ခဲ့တဲ့အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း လူေသဆုံးမႈမ်ားစြာျဖစ္ေပၚခဲ့ရၿပီး အမ်ားျပည္သူမ်ားနဲ႔ ပိုင္ဆိုင္မႈလုံၿခဳံေရးတို႔ကိုထိခိုက္ကာ နယ္စပ္ေဒသေနသူမ်ားအၾကား အထိတ္တလန႔္ျဖစ္ခဲ့ရပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ဒါကာအေျခစိုက္သံတမန္မ်ားကို အဖြဲ႕ႏွစ္ဖြဲ႕ကာ အက်ဥ္းခ်ဳံးေတြ႕ဆုံခဲ့ၿပီး ေဒသတစ္ခုလုံး မတည္ မၿငိမ္ျဖစ္ေစမယ့္အၾကမ္းဖက္မႈမ်ားကို ရပ္တန႔္ေရး ဒါကာနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေတာင္းဆိုထားပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနဟာ အဓမၼအိုးအိမ္စြန႔္ခြာခဲ့ရသူ ျမန္မာႏိုင္ငံသား ဒုကၡသည္ဘဂၤါလီ (မူရင္း ႐ိုဟင္ဂ်ာဟုေဖာ္ျပ) မ်ား ေနရပ္ျပန္ပို႔ေရး လုပ္ငန္းစဥ္ စတင္ေနျခင္းအေပၚ ထိခိုက္ေစေၾကာင္း ျမန္မာဘက္ကို သတိေပးထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း လုံၿခဳံေရးကိုထိန္းသိမ္းဖို႔အျပင္ ဘဂၤလားေဒ့ရွ္ရဲ႕ အခ်ဳပ္အျခာပိုင္နယ္ေျမနဲ႔ ေဝဟင္ပိုင္နက္အေပၚ ေလးစားလိုက္နာဖို႔ျမန္မာအစိုးရမွာ တာဝန္ရွိေၾကာင္း၊ ဘဂၤလားေဒ့ရွ္ဟာ အၾကမ္းဖက္မႈကို လုံးဝသည္းမခံတဲ့မူဝါဒကို က်င့္သုံးလ်က္ရွိၿပီး ေဒသတြင္းႏိုင္ငံမ်ားရဲ႕လုံၿခဳံေရးအေပၚရန္လိုသူ မည္သည့္ လူစုကိုမွ် လက္ခံထား ျခင္းမရွိေၾကာင္း ဦးေအာင္ေက်ာ္မိုးကို ေျပာျပခဲ့ပါတယ္။

ဒုကၡသည္ဘဂၤါလီကိစၥနဲ႔ပတ္သက္ၿပီး ၇၇ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံက်င္းပစဥ္ ႏိုင္ငံတကာ လုပ္ေဖာ္ကိုင္ဖက္တို႔နဲ႔ ေကာင္းစြာေဆြးေႏြးခဲ့ၿပီးခဲ့ေၾကာင္း၊ ဒါဟာ ေလးနက္တဲ့ကိစၥျဖစ္ၿပီး ေျဖရွင္းခ်က္ဟာ ဒုကၡသည္မ်ား ေနရပ္ျပန္ေရးသာလွ်င္ျဖစ္ေၾကာင္း လူတိုင္းက သေဘာတူခဲ့ၾကတယ္လို႔ မိုမန္က ေအာက္တိုဘာလ ၄ ရက္၊ အဂၤါေန႔မွာ ျပန္လည္ရွင္းျပခဲ့ပါတယ္။

ယခုအခါ ဘဂၤလားေဒ့ရွ္ဟာ ေကာ့ဘဇားနဲ႔ ဘာဆန္ခ်ာကြၽန္း ဒုကၡသည္စခန္းမ်ားမွာ ဒုကၡသည္ဘဂၤါလီ ၁ ဒသမ ၁ သန္းခန႔္ကိုလက္ခံထားရွိၿပီး ျမန္မာစစ္တပ္ရဲ႕ၿဖိဳခြင္းမႈအတြင္း ေနာက္ဆုံးဝင္ေရာက္လာခ်ိန္ ၂ဝ၁၇ ခုႏွစ္ကတည္း က ဒုကၡသည္မ်ားအနက္ တစ္ဦးတစ္ေယာက္မွ် ေနရပ္ျပန္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

“ၿငိမ္းခ်မ္းေရးသတင္းစကားကို ကြၽန္ေတာ္တို႔ ေပးပို႔ခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးကို လိုခ်င္တယ္လို႔ ေျပာထားပါတယ္။ မတည္မၿငိမ္ျဖစ္ရင္ သာမန္ျပည္သူေတြ ဒုကၡေရာက္ၿပီး သူတို႔ရဲ႕လူမႈဖူလုံေရးဘေဝေတြ ပ်က္ျပားသြားမွာပါ" လို႔ ကုလသမဂၢမွာ အဆင့္အလႊာအမ်ိဳးမ်ိဳးတို႔နဲ႔ေဆြးေႏြးမႈမ်ားကို ရည္ၫႊန္းၿပီး မိုမင္က ဆိုပါတယ္။

ေမးခြန္းတစ္ခုနဲ႔ပတ္သက္ၿပီး ဒုကၡသည္ဘဂၤါလီအက်ပ္အတည္းအတြက္ အေျဖရွာဖို႔ တ႐ုတ္ႏိုင္ငံက ပံ့ပိုးကူညီမႈ ေတြ အၿမဲတမ္း တိုးျမႇင့္ေပးခဲ့ေၾကာင္း၊ တ႐ုတ္တို႔အေနနဲ႔ အေျဖကိုရွာဖို႔ကို စိတ္ဝင္စားၿပီး ႐ိုးသားမႈရွိေၾကာင္း ဒါကာ ႏိုင္ငံျခားေရးဝန္ႀကီးက ျပန္လည္ေျဖဆိုပါတယ္။

ဘဂၤလားေဒ့ရွ္-ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား သုံးပြင့္ဆိုင္ ယႏၲရားတည္ရွိေနၿပီး သုံးဘက္စလုံးအေနနဲ႔ ယခုအခ်ိန္အထိ ေတြ႕ဆုံမႈအမ်ားအျပားရွိခဲ့ေၾကာင္း Dhaka Triune က သတင္းေရးသားပါတယ္။

#ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး #ဘဂၤလားေဒ့ရွ္-ျမန္မာဆက္ဆံေရး
( Dhaka Tribune., 04 October 2022,” Bangladesh will not fall prey to Myanmar provocations, Momen says “ ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Ko Moe

05/10/2022 13:53

သွားချော့လေ ဟိုဟာသွားစုပ်ပြီးတော့

Picture

Ko Moe

05/10/2022 14:00

ပြောချင်တာက လူလည်တွေကြီးပဲဗျ။ပြည်တွင်းစစ်မရှိတော့ ပြောချင်သလိုက်ပြောနေကြတာပဲ။လုပ်ချင်သလို လုပ်မရလို့ ငြိမ်နေတဲ့ သဘောဗျ။ဗုဒ္ဓဘာသာမြန်မာတွေကို ဘာသာတူ ထိုင်းနဲ့တရုတ်ကလည်း လိမ်စားနေတယ်။အမေရိကန်ကလည်း အနိုင်ကျင့်နေတယ်။ဘင်္ဂလားကလဲသူ့ကို အိန္ဒိယက မခွဲခိုင်းပါပဲ ဇွတ်ရောအတင်းရော ခွဲထွက်ပြီးတော့ အခုကျတော့ သူ့နိုင်ငံကျင်းလို့ ဆိုပြီး အခု အောက်လုံးထိုးလာကြတယ်။ပြောချင်တာက အိန္ဒိယကလည်း ရုရှားလို ဝင်ဗျင်းမှ ထင်တယ်။

Picture

Ye Htun

05/10/2022 21:22

ငါကတော့...ဘဂ်ါလီဒက္ခသည်ဆိုတာတွေကိုပြန်တောင်အခေါ်စေချင်ဘူး......

Related news

© 2021. All rights reserved.