ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တစ်စင်း အောင်မြင်မှုမရခဲ့ခြင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားစစ်ဘက် ပြန်တောင်းပန်

 1257

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅

တောင်ကိုရီးယားစစ်ဘက်ဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်မှုအဖြစ် အမေရိကန်စစ်ဘက်နဲ့ပူးပေါင်းပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ရာ ဒုံးကျည်တစ်စင်း အောင်မြင်မှုမရဘဲ ပျက်ကျခဲ့ရာ ဒေသခံများကို ပြန်တောင်းပန်လိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားစစ်ဘက်က အောက်တိုဘာ ၅ ရက်နေ့မှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်များအနက် Hyunmoo-2 -အမျိုးအစားဒုံးကျည် ထိပ်ဖူးပေါက်ကွဲမှုမရှိခဲ့ဘဲ ဒေသခံများ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဟာ အောက်တိုဘာ ၅ ရက်နေ့၊ နံနက်ပိုင်းက အမေရိကန်နဲ့အတူ ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ရာ ဒုံးကျည်တစ်စင်း ချို့ယွင်းချက်များဖြစ်ပေါ်ခဲ့ပြီး မြေပြင်ကိုပြန်ကျခဲ့တယ်လို့သိရပါတယ်။

တောင်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ချို့ယွင်းချက်များဖြစ်ကာ မြေပြင်ကို ပြန်ကျခဲ့ခြင်းနဲ့ပတ်သက်ပြီး Gangneung ကမ်းရိုးတန်းဒေသမှာ နေထိုင်တဲ့ တောင်ကိုရီးယားပြည်သူများ စိုးရိမ်မှုများဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Gangneung ကမ်းရိုးတန်းဒေသခံတွေဟာ တောင်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ပေါက်ကွဲပေါက်ကွဲသံများကြားခဲ့ရပြီး မြောက်ကိုရီးယားဘက်က ပစ်ခတ်တိုက်ခိုက်မှုတစ်ခုလို့ အစောပိုင်းက ထင်မှတ်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ စစ်ဘက်ဟာ ပေါက်ကွဲမှုဖြစ်ပွားရခြင်းနဲ့ပတ်သက်ပြီး ရှင်းပြခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။ တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် မြေပြင်ကို ပြန်ကျပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်းနဲ့ပတ်သက်ပြီး ဒဏ်ရာရသူမရှိခဲ့ကြောင်း၊ မြို့အပြင်ဘက်ရှိ လေတပ်အခြေစိုက်စခန်းထဲကို ပြန်ကျခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

တောင်ကိုရီးယားစစ်ဘက်ဟာ ပစ်လွှတ်လိုက်တဲ့ Hyunmoo-2 -အမျိုးအစား ဒုံးကျည်ဝေဟင်ကို ပျံသန်းခြင်းမရှိခဲ့ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;







Related news

© 2021. All rights reserved.