ယူကရိန်းဒေသလေးခုကို ရုရှားနဲ့ပြန်လည်ပေါင်းစည်းမှုအဖြစ် အသိအမှတ်ပြုစာချုပ်များ ရုရှားသမ္မတပူတင် လက်မှတ်ရေးထိုး

 601

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅

ရုရှားသမ္မတပူတင်ဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက် လေးခုကို ရုရှားနိုင်ငံနဲ့ ပြန်ပူးပေါင်းခြင်းကို အသိအမှတ်ပြုမှုအဖြစ် လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ခါဆွန်၊ ဒွန်းညက်စ်၊ လူဟန်စ့် နဲ့ ဇာပိုရိုဂျီလ်ဒေသ လေးခုမှာ ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး အဲဒီဒေသခံတွေက ရုရှားနဲ့ပြန်လည်ပူးပေါင်းဖို့ ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားအထက်လွှတ်တော်၊ အောက်လွှတ်တော် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းဒေသ လေးခုကို ရုရှားနဲ့ပြန်လည်ပူးပေါင်းခြင်းကို အသိအမှတ်ပြုခွင့်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားဟာ အဆိုပါယူကရိန်းဒေသ ၄ ခုမှာ ရုရှားနဲ့ ပူးပေါင်းလိုခြင်း ရှိ/မရှိ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲတွေကို စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ကြပါတယ်။

ဒေသခံတွေဟာ ရုရှားနဲ့ပူးပေါင်းဖို့ လက်ခံပြီး ယူကရိန်းနဲ့ ပူးပေါင်းရေးကို ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေကတော့ ဆန္ဒခံယူပွဲကို လက်မခံကြောင်း၊ ဆန္ဒခံယူပွဲရလဒ်အရ ယူကရိန်းဒေသလေးခု ကို ရုရှားပိုင်နက်အဖြစ် ပူးပေါင်းခြင်းကို အသိအမှတ်မပြုကြောင်း ဆိုထားပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်ပိုင်းဒေသတွေဖြစ်တဲ့ဒွန်းညက်စ်နဲ့ လူဟန်စ့်ဒေသတွေဟာ၂ဝ၁၄ ခုနှစ်ကတည်းက ယူကရိန်းနိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။

ခါဆွန်ဒေသနဲ့ ဇာပိုရိုဂျီလ်ဒေသတို့ဟာ ယူကရိန်းကို ရုရှားတပ်ဖွဲ့များတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားတဲ့ဒေသများဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ခွဲထွက်ရေးလှုပ်ရှားနေတဲ့ လူဟန်စ့်နဲ့ ဒွန်းညက်စ်ဒေသများကို လွတ်မြောက်အောင်
အားပေးကူညီခဲ့သလို ခါဆွန်ဒေသနဲ့ ဇာပိုရိုဂျီလ်ဒေသတွေကိုလည်း သိမ်းပိုက်ခဲ့ကြပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်ရေးအကူအညီများ ပံ့ပိုးပေးခဲ့ကြပါတယ်။ ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားကို တန်ပြန်ထိုးစစ်ဆင်များဆင်နွဲလျက်ရှိနေရာ အ‌မေရိကန်က စစ်ရေးအကူ အညီများ ထပ်မံပံပိုးပေးလျက်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းေဒသေလးခုကို ႐ုရွားနဲ႔ျပန္လည္ေပါင္းစည္းမႈအျဖစ္ အသိအမွတ္ျပဳစာခ်ဳပ္မ်ား ႐ုရွားသမၼတပူတင္ လက္မွတ္ေရးထိုး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅

႐ုရွားသမၼတပူတင္ဟာ သိမ္းပိုက္ထားတဲ့ ယူကရိန္းပိုင္နက္ ေလးခုကို ႐ုရွားႏိုင္ငံနဲ႔ ျပန္ပူးေပါင္းျခင္းကို အသိအမွတ္ျပဳမႈအျဖစ္ လက္မွတ္ေရးထိုးလိုက္တယ္လို႔ သိရပါတယ္။

႐ုရွားဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ ခါဆြန္၊ ဒြန္းညက္စ္၊ လူဟန္စ့္ နဲ႔ ဇာပို႐ိုဂ်ီလ္ေဒသ ေလးခုမွာ ဆႏၵခံယူပြဲက်င္းပခဲ့ၿပီး အဲဒီေဒသခံေတြက ႐ုရွားနဲ႔ျပန္လည္ပူးေပါင္းဖို႔ ဆႏၵမဲေပးခဲ့ၾကတယ္လို႔ သိရပါတယ္။

႐ုရွားအထက္လႊတ္ေတာ္၊ ေအာက္လႊတ္ေတာ္ နဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းေဒသ ေလးခုကို ႐ုရွားနဲ႔ျပန္လည္ပူးေပါင္းျခင္းကို အသိအမွတ္ျပဳခြင့္ျပဳေၾကာင္း လက္မွတ္ေရးထိုးခဲ့ပါတယ္။ ႐ုရွားဟာ အဆိုပါယူကရိန္းေဒသ ၄ ခုမွာ ႐ုရွားနဲ႔ ပူးေပါင္းလိုျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး ဆႏၵခံယူပြဲေတြကို စက္တင္ဘာ ၂၃ ရက္မွ ၂၇ ရက္ေန႔အထိ က်င္းပခဲ့ၾကပါတယ္။

ေဒသခံေတြဟာ ႐ုရွားနဲ႔ပူးေပါင္းဖို႔ လက္ခံၿပီး ယူကရိန္းနဲ႔ ပူးေပါင္းေရးကို ျငင္းဆန္ခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြကေတာ့ ဆႏၵခံယူပြဲကို လက္မခံေၾကာင္း၊ ဆႏၵခံယူပြဲရလဒ္အရ ယူကရိန္းေဒသေလးခု ကို ႐ုရွားပိုင္နက္အျဖစ္ ပူးေပါင္းျခင္းကို အသိအမွတ္မျပဳေၾကာင္း ဆိုထားပါတယ္။ ယူကရိန္းႏိုင္ငံရဲ႕ အေရွ႕ဘက္ပိုင္းေဒသေတြျဖစ္တဲ့ဒြန္းညက္စ္နဲ႔ လူဟန္စ့္ေဒသေတြဟာ၂ဝ၁၄ ခုႏွစ္ကတည္းက ယူကရိန္းႏိုင္ငံကေန ခြဲထြက္ဖို႔ ႀကိဳးပမ္းခဲ့ၾကတယ္လို႔ သိရပါတယ္။

ခါဆြန္ေဒသနဲ႔ ဇာပို႐ိုဂ်ီလ္ေဒသတို႔ဟာ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕မ်ားတိုက္ခိုက္ခဲ့ၿပီးေနာက္ သိမ္းပိုက္ထားတဲ့ေဒသမ်ားျဖစ္ပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြ ယူကရိန္းကို တိုက္ခိုက္ခဲ့ၿပီးေနာက္ ခြဲထြက္ေရးလႈပ္ရွားေနတဲ့ လူဟန္စ့္နဲ႔ ဒြန္းညက္စ္ေဒသမ်ားကို လြတ္ေျမာက္ေအာင္
အားေပးကူညီခဲ့သလို ခါဆြန္ေဒသနဲ႔ ဇာပို႐ိုဂ်ီလ္ေဒသေတြကိုလည္း သိမ္းပိုက္ခဲ့ၾကပါတယ္။

အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုဟာ ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္ေရးအကူအညီမ်ား ပံ့ပိုးေပးခဲ့ၾကပါတယ္။ ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ ႐ုရွားကို တန္ျပန္ထိုးစစ္ဆင္မ်ားဆင္ႏြဲလ်က္ရွိေနရာ အ‌ေမရိကန္က စစ္ေရးအကူ အညီမ်ား ထပ္မံပံပိုးေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.