မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုများကိုတုံ့ပြန်ဖို့ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်မှာ ပြန်ချထားမယ်

573

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များစမ်းသပ်ပစ်လွှတ်မှုများကို လက်တုံ့ပြန်ဖို့အတွက် အမေရိကန်စစ်ဘက်ဟာ တောင်ကိုရီးယားနိုင်ငံ ကမ်းရိုးတန်းကို လေယာဉ်တင်သင်္ဘောအုပ်စု
စေလွှတ်ဖြန့်ကြတ်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်က USS Ronald Reagan အမည်ရှိ လေယာဉ်တင်သင်္ဘောအုပ်စုဦးဆောင်တဲ့ သင်္ဘောတွေဟာ မကြာမီ အရှေ့ပင်လယ်ကို ပြန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်က "ကိုရီးယားကျွန်းဆွယ်မှာ လေယာဉ်တင်သင်္ဘာအုပ်စု ပြန်လည်ချထားတာက ပုံမှန်မဟုတ်တဲ့လုပ်ရပ်တစ်ခုပါ။ မြောက်ကိုရီးယားရဲ့ရန်စခြိမ်းခြောက်မှုများကိုဆန့်ကျင်ဖို့ အမေရိကန် နဲ့ တောင်ကိုရီးယားရဲ့ဆန္ဒကို ပြသခဲ့တာလည်းဖြစ်တယ်။
တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်စစ်ဘက်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။
အဆိုပါလေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့လကလည်း ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ကိုရီးယားကျွန်းဆွယ်ကို ပထမဆုံးအကြိမ်လာရောက်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုံးကျည်များ မကြာခဏ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် လက်တုံ့ပြန်နိုင်ဖို့ အမေရိကန်စစ်ဘက်က လေယာဉ်တင်သင်္ဘာအုပ်စုကို ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဂျပန်ပိုင်နက်ကိုဖြတ်သန်းပြီး ဒုံးကျည်ပစ်လွှတ်မှုများလုပ်ဆောင်ခဲ့ရာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အောက်တိုဘာ ၆ ရက်နေ့၊ နံနက်ပိုင်းမှာလည်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။
ဒုံးကျည်နှစ်စင်းဟာ တစ်စင်းနဲ့ တစ်စင်း ၂၂ သာအချိန်ကွာခြားခဲ့ပြီး ပထမတစ်စင်းက မိုင်ပေါင်း ၂၁၇ မိုင်ကို ပျံသန်းခဲ့သလို ဒုတိယတစ်စင်းက မိုင်ပေါင်း ၄၉၇ မိုင်အထိ ပျံသန်းရောက်ရှိခဲ့ကြောင်း၊ အဆိုပါဒုံးကျည်များဟာ ဂျပန်နိုင်ငံဘက်ခြမ်းကို ဦးတည်ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္မႈမ်ားကိုတုံ႔ျပန္ဖို႔ အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုကို ကိုရီးယားကြၽန္းဆြယ္မွာ ျပန္ခ်ထားမယ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆
ေျမာက္ကိုရီးယားႏိုင္ငံက ဒုံးက်ည္မ်ားစမ္းသပ္ပစ္လႊတ္မႈမ်ားကို လက္တုံ႔ျပန္ဖို႔အတြက္ အေမရိကန္စစ္ဘက္ဟာ ေတာင္ကိုရီးယားႏိုင္ငံ ကမ္း႐ိုးတန္းကို ေလယာဥ္တင္သေဘၤာအုပ္စု
ေစလႊတ္ျဖန႔္ၾကတ္ခ်ထားမွာျဖစ္တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္က USS Ronald Reagan အမည္ရွိ ေလယာဥ္တင္သေဘၤာအုပ္စုဦးေဆာင္တဲ့ သေဘၤာေတြဟာ မၾကာမီ အေရွ႕ပင္လယ္ကို ျပန္လာမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္က "ကိုရီးယားကြၽန္းဆြယ္မွာ ေလယာဥ္တင္သဘၤာအုပ္စု ျပန္လည္ခ်ထားတာက ပုံမွန္မဟုတ္တဲ့လုပ္ရပ္တစ္ခုပါ။ ေျမာက္ကိုရီးယားရဲ႕ရန္စၿခိမ္းေျခာက္မႈမ်ားကိုဆန႔္က်င္ဖို႔ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားရဲ႕ဆႏၵကို ျပသခဲ့တာလည္းျဖစ္တယ္။
ေတာင္ကိုရီးယားႏိုင္ငံဟာ အေမရိကန္စစ္ဘက္နဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားမွာပါ" လို႔ ေျပာပါတယ္။
အဆိုပါေလယာဥ္တင္သေဘၤာဦးေဆာင္တဲ့ သေဘၤာအုပ္စုဟာ ၿပီးခဲ့တဲ့လကလည္း ၂ဝ၁၈ ခုႏွစ္ေနာက္ပိုင္း ကိုရီးယားကြၽန္းဆြယ္ကို ပထမဆုံးအႀကိမ္လာေရာက္ခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒုံးက်ည္မ်ား မၾကာခဏ စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ လက္တုံ႔ျပန္ႏိုင္ဖို႔ အေမရိကန္စစ္ဘက္က ေလယာဥ္တင္သဘၤာအုပ္စုကို ကိုရီးယားကြၽန္းဆြယ္ကို ေစလႊတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဂ်ပန္ပိုင္နက္ကိုျဖတ္သန္းၿပီး ဒုံးက်ည္ပစ္လႊတ္မႈမ်ားလုပ္ေဆာင္ခဲ့ရာ အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံတို႔က ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ေအာက္တိုဘာ ၆ ရက္ေန႔၊ နံနက္ပိုင္းမွာလည္း တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း ထပ္မံပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္က ေျပာပါတယ္။
ဒုံးက်ည္ႏွစ္စင္းဟာ တစ္စင္းနဲ႔ တစ္စင္း ၂၂ သာအခ်ိန္ကြာျခားခဲ့ၿပီး ပထမတစ္စင္းက မိုင္ေပါင္း ၂၁၇ မိုင္ကို ပ်ံသန္းခဲ့သလို ဒုတိယတစ္စင္းက မိုင္ေပါင္း ၄၉၇ မိုင္အထိ ပ်ံသန္းေရာက္ရွိခဲ့ေၾကာင္း၊ အဆိုပါဒုံးက်ည္မ်ားဟာ ဂ်ပန္ႏိုင္ငံဘက္ျခမ္းကို ဦးတည္ပစ္လႊတ္ခဲ့ျခင္းျဖစ္ၿပီး ဂ်ပန္အထူးစီးပြားေရးဇုန္အတြင္း က်ေရာက္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။