ရုရှားရဲ့မြို့အချို့မှာ ပွဲတော်ကျင်းပဖို့ ကောက်ခံထားတဲ့ငွေကြေးများကို ယူကရိန်းစစ်ပွဲမှာ ပါဝင်မယ့်စစ်သားများအတွက် ပံ့ပိုးကူညီသွားဖွယ်ရှိနေ

 748

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာဘရက်မြို့မှာ ဒီနှစ်အတွင်း ခရစ္စမတ်ပွဲနဲ့ New Year နှစ်သစ်ကူးပွဲတော်များကျင်းပမယ့်အစီအစဉ်များကိုဖျက်သိမ်းလိုက်ပြီး အဆိုပါပွဲတော်များကျင်းပဖို့ စုဆောင်းကောက်ခံထားတဲ့ငွေကြေးများကို ယူကရိန်းနိုင်ငံမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့များအတွက် ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း စိန့်ပီတာဘရက်မြို့အာဏာပိုင်တွေက ပြောပါတယ်။

စိန့်ပီတာဘရက်မြို့အာဏာပိုင်များက သတင်းထုတ်ပြန်ရာမှာ "မြို့အုပ်ချုပ်ရေးမှူး နဲ့ မြို့မြူနီစပယ်တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကျင်းပဖို့စီစဉ်ထားတဲ့ နှစ်သစ်ကူးပွဲတော်နဲ့ ခရစ္စမတ်ပွဲတော်များကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီပွဲတွေကျင်းပဖို့ ကောက်ခံထားတဲ့ငွေကြေးတွေကိုလည်း ယူကရိန်းစစ်ပွဲမှာ ပါဝင်မယ့် ရုရှားအရန်တပ်ဖွဲ့တွေ၊ ရုရှားစစ်သားတွေ ပေးသွားမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ ပါဝင်မယ့် စိန့်ပီတာဘရက်မြို့ရှိ အရန်တပ်ဖွဲ့ဝင်တစ်ဦးကို ဆုကြေးအဖြစ် ရူဘယ်လ် ၁ သိန်းပေးသွားမှာဖြစ်သလို စစ်ပွဲမှာပါဝင်မယ့် စေတနာဝန်ထမ်းတစ်ဦးကိုလည်း ရူဘယ်လ် ၃ သိန်း ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရုရှား Nizhny Novgorod မြို့တော်ဝန်ကလည်း မြို့အတွင်းမှာ စီစဉ်ထားတဲ့ နှစ်သစ်ကူးနဲ့ ခရစ္စမတ်ပွဲများ ကျင်းပမှာမဟုတ်တော့ဘဲ ပွဲကျင်းပဖို့ကောက်ခံထားတဲ့ငွေကြေးများကို ယူကရိန်းစစ်ပွဲမှာ ပါဝင်မယ့် ရုရှားအရန်တပ်ဖွဲပင်များရဲ့မိသားစုများကို ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၄င်းက "မြို့အတွင်းက အရင်တုန်းက ပွဲတော်များကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကျင်းပတော့မှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း နှစ်သစ်ကူးချိန်မှာ ကလေးငယ်များအတွက် စာသင်ကျောင်းတွေမှာတော့ နှစ်သစ်ကူးပွဲများ လုပ်ဆောင်ပေးသွားဖွယ်ရှိပါတယ်" လို့ပြောပါတယ်။

Zawgyi Version;
႐ုရွားရဲ႕ၿမိဳ႕အခ်ိဳ႕မွာ ပြဲေတာ္က်င္းပဖို႔ ေကာက္ခံထားတဲ့ေငြေၾကးမ်ားကို ယူကရိန္းစစ္ပြဲမွာ ပါဝင္မယ့္စစ္သားမ်ားအတြက္ ပံ့ပိုးကူညီသြားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

႐ုရွားႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ စိန႔္ပီတာဘရက္ၿမိဳ႕မွာ ဒီႏွစ္အတြင္း ခရစၥမတ္ပြဲနဲ႔ New Year ႏွစ္သစ္ကူးပြဲေတာ္မ်ားက်င္းပမယ့္အစီအစဥ္မ်ားကိုဖ်က္သိမ္းလိုက္ၿပီး အဆိုပါပြဲေတာ္မ်ားက်င္းပဖို႔ စုေဆာင္းေကာက္ခံထားတဲ့ေငြေၾကးမ်ားကို ယူကရိန္းႏိုင္ငံမွာ ထိုးစစ္ဆင္တိုက္ခိုက္ေနတဲ့ ႐ုရွားတပ္ဖြဲ႕မ်ားအတြက္ ကူညီပံ့ပိုးေပးသြားမွာျဖစ္ေၾကာင္း စိန႔္ပီတာဘရက္ၿမိဳ႕အာဏာပိုင္ေတြက ေျပာပါတယ္။

စိန႔္ပီတာဘရက္ၿမိဳ႕အာဏာပိုင္မ်ားက သတင္းထုတ္ျပန္ရာမွာ "ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး နဲ႔ ၿမိဳ႕ျမဴနီစပယ္တာဝန္ရွိသူ မ်ား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ က်င္းပဖို႔စီစဥ္ထားတဲ့ ႏွစ္သစ္ကူးပြဲေတာ္နဲ႔ ခရစၥမတ္ပြဲေတာ္မ်ားကို ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တယ္။ အဲဒီပြဲေတြက်င္းပဖို႔ ေကာက္ခံထားတဲ့ေငြေၾကးေတြကိုလည္း ယူကရိန္းစစ္ပြဲမွာ ပါဝင္မယ့္ ႐ုရွားအရန္တပ္ဖြဲ႕ေတြ၊ ႐ုရွားစစ္သားေတြ ေပးသြားမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

ယူကရိန္းစစ္ပြဲမွာ ပါဝင္မယ့္ စိန႔္ပီတာဘရက္ၿမိဳ႕ရွိ အရန္တပ္ဖြဲ႕ဝင္တစ္ဦးကို ဆုေၾကးအျဖစ္ ႐ူဘယ္လ္ ၁ သိန္းေပးသြားမွာျဖစ္သလို စစ္ပြဲမွာပါဝင္မယ့္ ေစတနာဝန္ထမ္းတစ္ဦးကိုလည္း ႐ူဘယ္လ္ ၃ သိန္း ေပးသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုရွား Nizhny Novgorod ၿမိဳ႕ေတာ္ဝန္ကလည္း ၿမိဳ႕အတြင္းမွာ စီစဥ္ထားတဲ့ ႏွစ္သစ္ကူးနဲ႔ ခရစၥမတ္ပြဲမ်ား က်င္းပမွာမဟုတ္ေတာ့ဘဲ ပြဲက်င္းပဖို႔ေကာက္ခံထားတဲ့ေငြေၾကးမ်ားကို ယူကရိန္းစစ္ပြဲမွာ ပါဝင္မယ့္ ႐ုရွားအရန္တပ္ဖြဲပင္မ်ားရဲ႕မိသားစုမ်ားကို ကူညီေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

၄င္းက "ၿမိဳ႕အတြင္းက အရင္တုန္းက ပြဲေတာ္မ်ားက်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ က်င္းပေတာ့မွာ မဟုတ္ဘူး။ ဒါေပမယ့္လည္း ႏွစ္သစ္ကူးခ်ိန္မွာ ကေလးငယ္မ်ားအတြက္ စာသင္ေက်ာင္းေတြမွာေတာ့ ႏွစ္သစ္ကူးပြဲမ်ား လုပ္ေဆာင္ေပးသြားဖြယ္ရွိပါတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.