ဗင်နီဇွဲလားနိုင်ငံတွင် မြေပြိုကျမှုများကြောင့် အနည်းဆုံး(၂၅)ဦးသေဆုံး
421
ဖြိုးခန့် (NP News) - အောက်တိုဘာ ၁ဝ
ဗင်နီဇွဲလားနိုင်ငံ မြို့တော် Caracas မြို့တောင်ဘက်ရှိ Las Tejerias မြို့တွင် မြေပြိုကျမှုများကြောင့် အိမ်အများ အပြား မြေကြီးထဲအောက်ရောက်သွားခဲ့ကြောင်းသိရသည်။
လာနီနာ (La Niña) ရာသီဥတုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး (၂၅) ဦးသေဆုံးပြီး၊ (၅၂) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။
ဗင်နီဇွဲလားနိုင်ငံ ဒုတိယသမ္မတ ဒဲလ်စီရီုဒရီဂွတ်သည် အောက်တိုဘာ(၉)ရက်တွင် အဆိုးရွားဆုံးဒေသများသို့ သွားရောက်ကြည့်ရှုခဲ့သလို ကယ်ဆယ်ရေးအဖွဲ့များကလည်း ပျောက်ဆုံးနေဆဲဖြစ်သောသူများကို ဆက်လက်ရှာ ဖွေနေကြောင်း သိရသည်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတနီကိုလက်စ်မာဒူယိုက အခြေအနေများသည် ကယ်ဆယ်ရေး များလုပ်ရန် ခက်ခဲပြီး အလွန်ဝမ်းနည်းဖို့ကောင်းကြောင်းပြောဆိုခဲ့သည်။
အဆိုပါ မြေပြိုကျမှုများဖြစ်ပွားပြီးနောက် အရေးပေါ်ဝန်ထမ်း(၁ဝဝဝ) ခန့်သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြကြောင်း အရပ်ဘက်ကာကွယ်ရေးလက်ထောက်ဝန်ကြီး ကားလို့စ် ပီးရက်စ် အန်ပူဒါ က ပြောဆိုခဲ့သည်။
အယ်လ်ပါတို မြစ်ကမ်းပါးပြိုကျပြီးနောက် မြေပြိုကျမှုများဖြစ်ပွားခဲ့မှုနှင့်အတူ ဖြစ်လာခဲ့သည့် ရေကြီးမှုများကြောင့် အိမ်များနှင့် စျေးဆိုင်အများအပြား ရေထဲမျောပါသွားခဲ့ကြောင်းသိရသည်။ ဒေသခံတစ်ဦးဖြစ်သူ အသက်(၅၅)နှစ် အရွယ် ကာမန်မီလန်ဒက်စ်က “မြေပြိုကျမှုကြောင့် ရွာက လုံးဝကိုပျောက်သွားတာပါ” ဟု ဆိုသည်။
Caracas မြို့မှ (၆၇)ကီလိုမီတာကွာဝေးသော Las Tejerias မြို့သည် ယခုနှစ် လာနီနာ (La Niña) ရာသီဥတုကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သော ဒေသတစ်ခုဖြစ်ကြောင်းသိရသည်။
Zawgyi Version;
ဗင္နီဇြဲလားႏိုင္ငံတြင္ ေျမၿပိဳက်မႈမ်ားေၾကာင့္ အနည္းဆုံး(၂၅)ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁ဝ
ဗင္နီဇြဲလားႏိုင္ငံ ၿမိဳ႕ေတာ္ Caracas ၿမိဳ႕ေတာင္ဘက္ရွိ Las Tejerias ၿမိဳ႕တြင္ ေျမၿပိဳက်မႈမ်ားေၾကာင့္ အိမ္အမ်ား အျပား ေျမႀကီးထဲေအာက္ေရာက္သြားခဲ့ေၾကာင္းသိရသည္။
လာနီနာ (La Niña) ရာသီဥတုေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီးေနာက္ ေျမၿပိဳက်မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး (၂၅) ဦးေသဆုံးၿပီး၊ (၅၂) ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္းသိရသည္။
ဗင္နီဇြဲလားႏိုင္ငံ ဒုတိယသမၼတ ဒဲလ္စီ႐ီုဒရီဂြတ္သည္ ေအာက္တိုဘာ(၉)ရက္တြင္ အဆိုး႐ြားဆုံးေဒသမ်ားသို႔ သြားေရာက္ၾကည့္ရႈခဲ့သလို ကယ္ဆယ္ေရးအဖြဲ႕မ်ားကလည္း ေပ်ာက္ဆုံးေနဆဲျဖစ္ေသာသူမ်ားကို ဆက္လက္ရွာ ေဖြေနေၾကာင္း သိရသည္။ ဗင္နီဇြဲလားႏိုင္ငံ သမၼတနီကိုလက္စ္မာဒူယိုက အေျခအေနမ်ားသည္ ကယ္ဆယ္ေရး မ်ားလုပ္ရန္ ခက္ခဲၿပီး အလြန္ဝမ္းနည္းဖို႔ေကာင္းေၾကာင္းေျပာဆိုခဲ့သည္။
အဆိုပါ ေျမၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ အေရးေပၚဝန္ထမ္း(၁ဝဝဝ) ခန႔္သည္ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ ပါဝင္ကူညီခဲ့ၾကေၾကာင္း အရပ္ဘက္ကာကြယ္ေရးလက္ေထာက္ဝန္ႀကီး ကားလို႔စ္ ပီးရက္စ္ အန္ပူဒါ က ေျပာဆိုခဲ့သည္။
အယ္လ္ပါတို ျမစ္ကမ္းပါးၿပိဳက်ၿပီးေနာက္ ေျမၿပိဳက်မႈမ်ားျဖစ္ပြားခဲ့မႈႏွင့္အတူ ျဖစ္လာခဲ့သည့္ ေရႀကီးမႈမ်ားေၾကာင့္ အိမ္မ်ားႏွင့္ ေစ်းဆိုင္အမ်ားအျပား ေရထဲေမ်ာပါသြားခဲ့ေၾကာင္းသိရသည္။ ေဒသခံတစ္ဦးျဖစ္သူ အသက္(၅၅)ႏွစ္ အ႐ြယ္ ကာမန္မီလန္ဒက္စ္က “ေျမၿပိဳက်မႈေၾကာင့္ ႐ြာက လုံးဝကိုေပ်ာက္သြားတာပါ” ဟု ဆိုသည္။
Caracas ၿမိဳ႕မွ (၆၇)ကီလိုမီတာကြာေဝးေသာ Las Tejerias ၿမိဳ႕သည္ ယခုႏွစ္ လာနီနာ (La Niña) ရာသီဥတုေၾကာင့္ အဆိုး႐ြားဆုံးထိခိုက္ခဲ့ေသာ ေဒသတစ္ခုျဖစ္ေၾကာင္းသိရသည္။