မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုတွေကို ခေါင်းဆောင်ကင်ဂျုံအမ်ကိုယ်တိုင် ကြီးကြပ်ခဲ့

 562

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၁

မြောက်ကိုရီး.ယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်လွှတ်ခဲ့တဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို အနီးကပ်ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသအတွင်း တင်းမာမှုတွေကိုဖြစ်စေခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရေတပ်တို့ပူးပေါင်းပြီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်းကိုတုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နျူကလီးယား ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ သီတင်းပတ်နှစ်ပတ်အတွင်း ပဲ့ထိန်းဒုံးကျည်များအပါအဝင် ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ဒုံးကျည်စမ်းသပ်မှုတွေဟာ စစ်ပွဲကိုတားဆီးဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ ရန်သူရဲ့လေယာဉ်ကွင်းများနဲ့ အဓိကဆိပ်ကမ်းများကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

KCNA က "ကျွန်တော်တို့ရဲ့နျူကလီးယားတပ်ဖွဲ့တွေဟာ ထိရောက်ပြီး တိုက်ခိုက်မှုစွမ်းရည်ကောင်းမွန်မှုမျိုးကို အပြည့်အဝ ပြသနိုင်ခဲ့တယ်။ နျူကလီးယားတပ်ဖွဲ့တွေဟာ အချိန်မရွေး၊ နေရာမရွေး ပစ်မှတ်တွေကို ဖျက်ဆီးနိုင်ဖို့ အဆင့်သင့်ရှိနေတာကို ပြသခဲ့တယ်။ ရန်ဘက်နိုင်ငံတွေဟာ တွေ့ဆုံဆွေးနွေးဖို့ကိစ္စ ပြောဆိုမှုတွေ ဆက်လက်လုပ် ဆောင်နေမယ်ဆိုရင်တောင် ကျွန်တော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ မခံစားမိဘူး" လို့ ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားရေတပ် တပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့ရေတပ်လေ့ကျင့်ခြင်းများပြလုပ်ခြင်းတွေက ရှောင်လွှဲလို့ မရတဲ့တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ မြောက်ကိုရီးယားအာဏာရပါတီအလုပ်သမား ပါတီက ဆုံးဖြတ်ခဲ့ ကြောင်း KCNA က ပြောပါတယ်။

အမေရိကန် နဲ့ တောင်ကိုရီးယားတို့ပြုလုပ်တဲ့ ရေတပ်သင်္ဘောချင်းစစ်ရေးလေ့ကျင့်ခန်းတွေထဲမှာ လေယာဉ်တင် သင်္ဘောတွေ၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများနဲ့ စစ်သင်္ဘောတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၉ ရက်နေ့က ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့ပြီး အဲဒီဒုံးကျည်စမ်းသပ်မှုက စက်တင်ဘာ ၂၅ ရက်နေ့နောက်ပိုင်း ၇ ကြိမ်မြောက်ပစ်လွှတ်တဲ့ ဒုံးကျည်စမ်းသပ်မှုဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္မႈေတြကို ေခါင္းေဆာင္ကင္ဂ်ဳံအမ္ကိုယ္တိုင္ ႀကီးၾကပ္ခဲ့
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၁

ေျမာက္ကိုရီး.ယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ပစ္လႊတ္ခဲ့တဲ့ န်ဴကလီးယား ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္မႈမ်ားကို အနီးကပ္ႀကီးၾကပ္ခဲ့တယ္လို႔ သိရပါတယ္။

ေဒသအတြင္း တင္းမာမႈေတြကိုျဖစ္ေစခဲ့တဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယားေရတပ္တို႔ပူးေပါင္းၿပီး ႀကီးမားတဲ့ စစ္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္ျခင္းကိုတုံ႔ျပန္မႈအျဖစ္ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ န်ဴကလီးယား ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားဟာ သီတင္းပတ္ႏွစ္ပတ္အတြင္း ပဲ့ထိန္းဒုံးက်ည္မ်ားအပါအဝင္ ဒုံးက်ည္စမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းဌာန KCNA က ဒုံးက်ည္စမ္းသပ္မႈေတြဟာ စစ္ပြဲကိုတားဆီးဖို႔ ရည္႐ြယ္တာျဖစ္ေၾကာင္း၊ ရန္သူရဲ႕ေလယာဥ္ကြင္းမ်ားနဲ႔ အဓိကဆိပ္ကမ္းမ်ားကို ပစ္မွတ္ထား တိုက္ခိုက္တာမ်ိဳးေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

KCNA က "ကြၽန္ေတာ္တို႔ရဲ႕န်ဴကလီးယားတပ္ဖြဲ႕ေတြဟာ ထိေရာက္ၿပီး တိုက္ခိုက္မႈစြမ္းရည္ေကာင္းမြန္မႈမ်ိဳးကို အျပည့္အဝ ျပသႏိုင္ခဲ့တယ္။ န်ဴကလီးယားတပ္ဖြဲ႕ေတြဟာ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး ပစ္မွတ္ေတြကို ဖ်က္ဆီးႏိုင္ဖို႔ အဆင့္သင့္ရွိေနတာကို ျပသခဲ့တယ္။ ရန္ဘက္ႏိုင္ငံေတြဟာ ေတြ႕ဆုံေဆြးေႏြးဖို႔ကိစၥ ေျပာဆိုမႈေတြ ဆက္လက္လုပ္ ေဆာင္ေနမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ေတြ႕ဆုံေဆြးေႏြးဖို႔ လိုအပ္တယ္လို႔ မခံစားမိဘူး" လို႔ ေျပာပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားေရတပ္ တပ္ဖြဲ႕ေတြရဲ႕ ႀကီးမားတဲ့ေရတပ္ေလ့က်င့္ျခင္းမ်ားျပလုပ္ျခင္းေတြက ေရွာင္လႊဲလို႔ မရတဲ့တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔ ေျမာက္ကိုရီးယားအာဏာရပါတီအလုပ္သမား ပါတီက ဆုံးျဖတ္ခဲ့ ေၾကာင္း KCNA က ေျပာပါတယ္။

အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔ျပဳလုပ္တဲ့ ေရတပ္သေဘၤာခ်င္းစစ္ေရးေလ့က်င့္ခန္းေတြထဲမွာ ေလယာဥ္တင္ သေဘၤာေတြ၊ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာမ်ားနဲ႔ စစ္သေဘၤာေတြ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ေအာက္တိုဘာ ၉ ရက္ေန႔က ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ခဲ့ၿပီး အဲဒီဒုံးက်ည္စမ္းသပ္မႈက စက္တင္ဘာ ၂၅ ရက္ေန႔ေနာက္ပိုင္း ၇ ႀကိမ္ေျမာက္ပစ္လႊတ္တဲ့ ဒုံးက်ည္စမ္းသပ္မႈျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.