အိန္ဒိယမှာ အစားအသောက်ဈေးနှုန်းများ ငါးလအတွင်း အမြင့်ဆုံးထိ ရောက်ရှိလာ

 588

ရောင်နီ (NP News) - အောက်တိုဘာ ၁၁

အိန္ဒိယရဲ့ လက်လီငွေကြေးဖောင်းပွမှုဟာ စက်တင်ဘာလမှာ ငါးလအတွင်း ၇ ဒသမ ၃ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကိုးလကြာထိ ဆက်လက်တည်ရှိနိုင်ကြောင်း အိန္ဒိယရဲ့ Reserve Bank of India's (RBI) အဖွဲ့ရဲ့စစ်တမ်းအရ သိရပါ တယ်။

ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုနဲ့ ယူကရိန်း-ရုရှားကျူးကျော်မှုကြောင့် လောင်စာဆီနဲ့ ထောက်ပံ့ရေးဆိုင်ရာ လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ကာ ငွေကြေးဖောင်းပွမှု အကြီးဆုံးအမျိုးအစားဖြစ်တဲ့ ကောက်နှံနဲ့ ဟင်းသီးဟင်းရွက်များ ကဲ့သို့ နေ့စဉ်စားသုံးကုန်တွေရဲ့ဈေးနှုန်းများဟာ COVID-19 ကူးစက်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြင့်တက် လာခဲ့ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလှုပ်ခတ်မှုများအကြား အိန္ဒိယရဲ့ဆင်းရဲ နွမ်းပါးနဲ့ လူလတ်တန်းစားများ အတွက် ၄င်းတို့ဝင်ငွေကို စားနပ်ရိက္ခာအတွက်သာ သုံးစွဲနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက်မှ ၇ ရက်အထိ ပြုလုပ်တဲ့စီးပွားရေး ပညာရှင် ၄၇ ဦးရဲ့ စစ်တမ်းမှာ ငွေကြေးဖောင်းပွမှုဟာ ယခင်လက ၇ ရာခိုင်နှုန်းမှ စက်တင်ဘာ မှာ ၇ ဒသမ ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ၂ဝ၂၂ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးနှုန်းပဲ ဖြစ်ပါ တယ်။

"စားနပ်ရိက္ခာအတွက် ဖိအားပြင်းထန်နေပြီး ပိုပြီးစိုးရိမ်စရာကောင်းတာက ကောက်နှံနဲ့ ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှု ဟာ အချိန်အတော်ကြာအောင် နိမ့်ကျနေခဲ့ပြီးမှ မထင်မှတ်ဘဲ အရှိန်နဲ့မြင့်တက်လာခြင်းဖြစ်တယ်" လို့ Crisil မှ စီးပွားရေးပညာရှင်အကြီးအကဲ ဒါမာကတ်တိဂျိုးရှီက ပြောကြားပါတယ်။

အိန္ဒိယအစိုးရဟာ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့ ဆန်တင်ပို့မှု ကန့်သတ်ချက်အချို့အပါအဝင် ပြည်တွင်း စျေးနှုန်းများ တည်ငြိမ်စေဖို့အစီအမံများ ချမှတ်ခဲ့ပါတယ်။

အိန္ဒိယငွေကြေး ရူပီးဟာလည်း အောက်တိုဘာလ ၇ ရက်၊ သောကြာနေ့က အနိမ့်ဆုံး ၈၂ ဒသမ ၃၂ ဒေါ်လာသို့ ရောက် ရှိခဲ့ပြီး လာမယ့် ခြောက်လအတွင်း ဖိအားအောက် ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

zawgyi version
အိႏၵိယမွာ အစားအေသာက္ေဈးႏႈန္းမ်ား ငါးလအတြင္း အျမင့္ဆုံးထိ ေရာက္ရွိလာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁

အိႏၵိယရဲ႕ လက္လီေငြေၾကးေဖာင္းပြမႈဟာ စက္တင္ဘာလမွာ ငါးလအတြင္း ၇ ဒသမ ၃ဝ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး ကိုးလၾကာထိ ဆက္လက္တည္ရွိႏိုင္ေၾကာင္း အိႏၵိယရဲ႕ Reserve Bank of India's (RBI) အဖြဲ႕ရဲ႕စစ္တမ္းအရ သိရပါ တယ္။

ပုံမွန္မဟုတ္ေသာ မိုး႐ြာသြန္းမႈနဲ႔ ယူကရိန္း-႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ ေလာင္စာဆီနဲ႔ ေထာက္ပံ့ေရးဆိုင္ရာ လႈပ္ခတ္မႈေတြျဖစ္ပြားခဲ့ကာ ေငြေၾကးေဖာင္းပြမႈ အႀကီးဆုံးအမ်ိဳးအစားျဖစ္တဲ့ ေကာက္ႏွံနဲ႔ ဟင္းသီးဟင္း႐ြက္မ်ား ကဲ့သို႔ ေန႔စဥ္စားသုံးကုန္ေတြရဲ႕ေဈးႏႈန္းမ်ားဟာ COVID-19 ကူးစက္ျဖစ္ပြားခဲ့တဲ့ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ျမင့္တက္ လာခဲ့ပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးလႈပ္ခတ္မႈမ်ားအၾကား အိႏၵိယရဲ႕ဆင္းရဲ ႏြမ္းပါးနဲ႔ လူလတ္တန္းစားမ်ား အတြက္ ၄င္းတို႔ဝင္ေငြကို စားနပ္ရိကၡာအတြက္သာ သုံးစြဲႏိုင္ခဲ့ပါတယ္။ ေအာက္တိုဘာလ ၃ ရက္မွ ၇ ရက္အထိ ျပဳလုပ္တဲ့စီးပြားေရး ပညာရွင္ ၄၇ ဦးရဲ႕ စစ္တမ္းမွာ ေငြေၾကးေဖာင္းပြမႈဟာ ယခင္လက ၇ ရာခိုင္ႏႈန္းမွ စက္တင္ဘာ မွာ ၇ ဒသမ ၃ဝ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။ ဒါဟာ ၂ဝ၂၂ ခုႏွစ္ ေမလေနာက္ပိုင္း အျမင့္ဆုံးႏႈန္းပဲ ျဖစ္ပါ တယ္။

"စားနပ္ရိကၡာအတြက္ ဖိအားျပင္းထန္ေနၿပီး ပိုၿပီးစိုးရိမ္စရာေကာင္းတာက ေကာက္ႏွံနဲ႔ ပဲမ်ိဳးစုံ ေဈးႏႈန္းေဖာင္းပြမႈ ဟာ အခ်ိန္အေတာ္ၾကာေအာင္ နိမ့္က်ေနခဲ့ၿပီးမွ မထင္မွတ္ဘဲ အရွိန္နဲ႔ျမင့္တက္လာျခင္းျဖစ္တယ္" လို႔ Crisil မွ စီးပြားေရးပညာရွင္အႀကီးအကဲ ဒါမာကတ္တိဂ်ိဳးရွီက ေျပာၾကားပါတယ္။

အိႏၵိယအစိုးရဟာ ေငြေၾကးေဖာင္းပြမႈကိုထိန္းခ်ဳပ္ဖို႔ ဆန္တင္ပို႔မႈ ကန႔္သတ္ခ်က္အခ်ိဳ႕အပါအဝင္ ျပည္တြင္း ေစ်းႏႈန္းမ်ား တည္ၿငိမ္ေစဖို႔အစီအမံမ်ား ခ်မွတ္ခဲ့ပါတယ္။

အိႏၵိယေငြေၾကး ႐ူပီးဟာလည္း ေအာက္တိုဘာလ ၇ ရက္၊ ေသာၾကာေန႔က အနိမ့္ဆုံး ၈၂ ဒသမ ၃၂ ေဒၚလာသို႔ ေရာက္ ရွိခဲ့ၿပီး လာမယ့္ ေျခာက္လအတြင္း ဖိအားေအာက္ ဆက္လက္ရွိေနမယ္လို႔ ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.