နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ(၁၉)ရက်တွင် စတင်ကျင်းပမည်
644
ယွန်း (NP News) - အောက်တိုဘာ ၁၁
နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ အောက်တိုဘာလ (၁၉)ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန် မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ယခုနှစ်(၂ဝ၂၂ခုနှစ်)၏ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ(၁၉)ရက်မှ နိုဝင်ဘာလ (၂၅)ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအချောထည်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပုလဲတန်ဖိုးများအတွက် အခြေခံဈေးနှုန်းများကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ် လာဖြင့်သတ်မှတ်ပြီး ငွေပေးချေခြင်းကိုလည်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေများဖြင့် ပေးချေရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့ပြင် ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးနှုန်းကို နိုင်ငံခြားသုံးငွေ ယူရိုဖြင့် သတ်မှတ်ပြီး ငွေပေးချေရာတွင် ယူရို၊ အမေရိကန်ဒေါ် လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ စသည်တို့အနက်မှ တစ်မျိုးမျိုးဖြင့် ပေးချေရမည် ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ကျောက်မျက်ရတနာများကို စိတ်ပါဝင်စားသည့် ပြည်ပနိုင်ငံများမှ ရတနာကုန်သည်များအား မြန်မာ့နှစ်လယ် ကျောက်မျက်ရတနာပြပွဲတွင် လာရောက် လေ့လာဝယ်ယူနိုင်ကြောင်း ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ အသိပေး ပြောဆိုထားသည်။
zawgyi version
ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို မဏိရတနာေက်ာက္စိမ္းခန္းမ၌ ေအာက္တိုဘာလ (၁၉)ရက္တြင္ စတင္က်င္းပမည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၁
ႏွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္ စိမ္းခန္းမ၌ ေအာက္တိုဘာလ (၁၉)ရက္တြင္ စတင္က်င္းပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီမွ ၿပီးခဲ့သည့္ ရက္ပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ႀကီးၾကပ္မႈျဖင့္ ျမန္ မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီသည္ ယခုႏွစ္(၂ဝ၂၂ခုႏွစ္)၏ ႏွစ္လယ္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေအာက္တိုဘာလ(၁၉)ရက္မွ ႏိုဝင္ဘာလ (၂၅)ရက္အထိ ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျပပြဲတြင္ ပုလဲအတြဲမ်ား၊ ေက်ာက္စိမ္းအတြဲမ်ား၊ ေက်ာက္မ်က္အတြဲမ်ားႏွင့္ ေက်ာက္စိမ္းအေခ်ာထည္အတြဲမ်ားကို အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ပုလဲတန္ဖိုးမ်ားအတြက္ အေျခခံေဈးႏႈန္းမ်ားကို ႏိုင္ငံျခားသုံးေငြ အေမရိကန္ေဒၚ လာျဖင့္သတ္မွတ္ၿပီး ေငြေပးေခ်ျခင္းကိုလည္း အေမရိကန္ေဒၚလာ၊ ယူ႐ို၊ ယြမ္ေငြ၊ ထိုင္းဘတ္ေငြမ်ားျဖင့္ ေပးေခ်ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ထို႔ျပင္ ေက်ာက္မ်က္အတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားအတြက္ အေျခခံေဈးႏႈန္းကို ႏိုင္ငံျခားသုံးေငြ ယူ႐ိုျဖင့္ သတ္မွတ္ၿပီး ေငြေပးေခ်ရာတြင္ ယူ႐ို၊ အေမရိကန္ေဒၚ လာ၊ ယြမ္ေငြ၊ ထိုင္းဘတ္ေငြ စသည္တို႔အနက္မွ တစ္မ်ိဳးမ်ိဳးျဖင့္ ေပးေခ်ရမည္ ျဖစ္ ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာက္မ်က္ရတနာမ်ားကို စိတ္ပါဝင္စားသည့္ ျပည္ပႏိုင္ငံမ်ားမွ ရတနာကုန္သည္မ်ားအား ျမန္မာ့ႏွစ္လယ္ ေက်ာက္မ်က္ရတနာျပပြဲတြင္ လာေရာက္ ေလ့လာဝယ္ယူႏိုင္ေၾကာင္း ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီမွ အသိေပး ေျပာဆိုထားသည္။