မြောင်းမြရှိ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစတင်လည်ပတ်ပါက ပိုလျှံသောဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ရောင်းချမည်

 852

ယွန်း (NP News) - အောက်တိုဘာ ၁၇

မြောင်းမြမြို့တွင် တည်ဆောက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံလုပ်ငန်းများပြီးစီး၍ စက်ရုံလည်ပတ်ပါက ပိုလျှံသော ဓာတ်အားများကို နိုင်ငံတော်မဟာဓာတ်အားလိုင်းသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အောက်တို ဘာလ(၁၆)ရက်တွင် အဆိုပါ စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စပါးခွံလောင်စာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် မတ်လတွင် မြောင်းမြမြစ်ကမ်းဘေး၌ တည်ဆောက်ခဲ့ခြင်းဖြစ် သည်။

စက်ရုံအား စမ်းသပ်မောင်းနှင်ခဲ့ရာ လျှပ်စစ်ဓာတ်အား ၁ ဒသမ ၆ မဂ္ဂါဝပ်ရရှိခဲ့သည့်အတွက် လုပ်ငန်းများပြီးစီးပါက စဉ်ဆက်မပြတ်မောင်းနှင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မြောင်းမြစက်မှုဇုန်ရှိ တန် ၅ဝ/၆ဝ စက်ရုံ (၅)ရုံခန့် (သို့မဟုတ်) တန် (၂ဝဝ) စွမ်းအားရှိသော စက်ရုံနှစ်ရုံကို ဓာတ်အားပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောဆိုထားသည်။

၎င်းအပြင် ပိုလျှံသောဓာတ်အားများကို နိုင်ငံတော်မဟာဓာတ်အားလိုင်းထံသို့ ဆက်သွယ်၍ ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စက်ရုံအမြန်ဖွင့်လှစ်လည်ပတ်နိုင်ရန် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက အသိပေးပြောကြားထားသည်။

အဆိုပါ စက်ရုံကို ၂ဝဝ၆ ခုနှစ်တွင် မြန်မာနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၈၅ သန်းရှိကြောင်းသိရသည်။

နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းစနစ်သို့ လျှပ်စစ်ဓာတ်အားများ ထည့်သွင်းပေး နိုင်မှသာ မြန်မာနိုင်ငံအတွင်းနေထိုင်သည့်ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ကို လုံလောက်ပြည့်ဝစွာအသုံးပြုနိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အိမ်ထောင်စုဦးရေ ၁ ဒသမ ၄၉ သန်းကျော်ရှိပြီး အိမ်ထောင်စုဦးရေ ၃၆၄၈၅ဝ သာ မီးရရှိပြီးဖြစ်ကာ အိမ်ထောင်စုဦးရေ ၁ ဒသမ ၁၂ သန်းကျော်သည် မီးရရှိရန်ကျန်ရှိနေသေးကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။

လက်ရှိ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွင်း အိမ်ထောင်စုဦးရေ ၄၂ဝ၅ ဦးကို လျှပ် စစ်ဓာတ်အားရရှိအောင်လည်း ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်းလည်းသိရသည်။

zawgyi version
ေျမာင္းျမရွိ စပါးခြံေလာင္စာသုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစတင္လည္ပတ္ပါက ပိုလွ်ံေသာဓာတ္အားမ်ားကို မဟာဓာတ္အားလိုင္းသို႔ေရာင္းခ်မည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၇

ေျမာင္းျမၿမိဳ႕တြင္ တည္ေဆာက္ေနသည့္ စပါးခြံေလာင္စာသုံး လွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံလုပ္ငန္းမ်ားၿပီးစီး၍ စက္႐ုံလည္ပတ္ပါက ပိုလွ်ံေသာ ဓာတ္အားမ်ားကို ႏိုင္ငံေတာ္မဟာဓာတ္အားလိုင္းသို႔ ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေအာက္တို ဘာလ(၁၆)ရက္တြင္ အဆိုပါ စက္႐ုံအား ၾကည့္ရႈစစ္ေဆးခဲ့ရာ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ စပါးခြံေလာင္စာစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး စက္႐ုံကို ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္ မတ္လတြင္ ေျမာင္းျမျမစ္ကမ္းေဘး၌ တည္ေဆာက္ခဲ့ျခင္းျဖစ္ သည္။

စက္႐ုံအား စမ္းသပ္ေမာင္းႏွင္ခဲ့ရာ လွ်ပ္စစ္ဓာတ္အား ၁ ဒသမ ၆ မဂၢါဝပ္ရရွိခဲ့သည့္အတြက္ လုပ္ငန္းမ်ားၿပီးစီးပါက စဥ္ဆက္မျပတ္ေမာင္းႏွင္၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ၿပီး ေျမာင္းျမစက္မႈဇုန္ရွိ တန္ ၅ဝ/၆ဝ စက္႐ုံ (၅)႐ုံခန႔္ (သို႔မဟုတ္) တန္ (၂ဝဝ) စြမ္းအားရွိေသာ စက္႐ုံႏွစ္႐ုံကို ဓာတ္အားေပးႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေျပာဆိုထားသည္။

၎အျပင္ ပိုလွ်ံေသာဓာတ္အားမ်ားကို ႏိုင္ငံေတာ္မဟာဓာတ္အားလိုင္းထံသို႔ ဆက္သြယ္၍ ေရာင္းခ်ႏိုင္ရန္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ စက္႐ုံအျမန္ဖြင့္လွစ္လည္ပတ္ႏိုင္ရန္ လိုအပ္မႈမ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ ေပးမည္ ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

အဆိုပါ စက္႐ုံကို ၂ဝဝ၆ ခုႏွစ္တြင္ ျမန္မာႏွင့္ ဂ်ပန္ႏိုင္ငံတို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး လုပ္ငန္း၏ ရင္းႏွီးျမႇဳပ္ႏွံမႈေငြ ပမာဏမွာ အေမရိကန္ေဒၚလာ ၃ ဒသမ ၆၈၅ သန္းရွိေၾကာင္းသိရသည္။

ဧရာဝတီတိုင္း ေဒသႀကီးအတြင္း အိမ္ေထာင္စုဦးေရ ၁ ဒသမ ၄၉ သန္းေက်ာ္ရွိၿပီး အိမ္ေထာင္စုဦး ေရး ၃၆၄ဝဝဝ ေက်ာ္သာ မီးရရွိၿပီးျဖစ္ကာ အိမ္ေထာင္စုဦးေရ ၁ ဒသမ ၁၂ သန္းေက်ာ္သည္ မီးရရွိ ရန္က်န္ရွိေနေသးေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

လက္ရွိ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္အတြင္း အိမ္ေထာင္စုဦးေရ ၄၂ဝ၅ ဦးကို လွ်ပ္ စစ္ဓာတ္အားရရွိေအာင္လည္

Related news

© 2021. All rights reserved.