နိုင်ငံအတွင်း ဖြစ်ပွားနေသော အနိဋ္ဌာရုံကြီးအား မည်သည့်နည်းလမ်းဖြင့် အဆုံးသတ်မည်လဲဟု ပြည်သူ့ပါတီဥက္ကဋ္ဌက တာဝန်ရှိသူများကို မေးခွန်းထုတ်

 1305

မျိုးကြီး (NP News) - အောက်တိုဘာ ၁၇

နိုင်ငံအတွင်း ဖြစ်ပွားနေသော အနိဋ္ဌာရုံကြီးအား မည်သည့်နည်းလမ်းဖြင့် အဆုံး သတ်မည်လဲဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တာဝန်ရှိသူများကို မေးခွန်း ထုတ် ပြောဆိုလိုက်သည်။

ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ကျင်းပသော ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ နစကအစိုးရ တာဝန်ယူသည့် (၂)နှစ်နီးပါးကာလအတွင်း အရပ်သားသေ ကြေပျက်စီးမှုမှာ (၇ဝဝဝ) ကျော်ရှိကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကဆိုသည်။

“ဆန္ဒပြရင်းနဲ့ ပစ်ခတ်နှိမ်နင်းခံရပြီး ကျဆုံးတဲ့သူ ၂ဝဝဝ ကျော်တယ်။ ဖမ်းဆီးခံရပြီးသေဆုံးသွားတာက ၇ဝဝ ကျော်လို့သိရတယ်။ ပိုပြီးတော့ စိတ်ထိခိုက်စရာကောင်းတာက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရဟန်းသံဃာတွေ သတ်ဖြတ်ခံရ တာ အပါး(၆ဝ)နီးပါးရှိပြီ။ ဒလန်၊သူလျှိုလို့ စွပ်စွဲပြီး အသတ်ခံရတာက ၃၅ဝဝ လောက်ရှိတယ်လို့ သိရတယ်။ သတ်ပြီးသွားရင် လက်သည်မပေါ်ဘူး သူ့ကြောင့် ကိုယ့်ကြောင့်နဲ့ တာဝန်ယူမယ့်သူ မရှိဘူး။ ကျွန်တော်တို့ ပြည်သူတွေမှာ လုံခြုံမှုကင်းမဲ့တဲ့အခြေအနေကို ခံစားနေရတယ်။ ဒီအနိဋ္ဌာရုံကြီးက ဘယ်လောက်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ဘယ်လိုနည်းလမ်းနဲ့ အဆုံးသတ်မှာလည်းဆိုတာကို တာဝန်ရှိတဲ့သူတွေအားလုံးကို ပြတ်ပြတ်သားသားနဲ့ ကျွန်တော်တို့ မေးရလိမ့်မယ်” ဟု ဦးကိုကိုကြီး ပြောသည်။

နိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများမှာ အများအပြားရှိခဲ့သည်ကို တွေ့ရသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်သည့်နည်းလမ်း၊ အကြမ်းဖက်သည့်နည်းလမ်း၊ ဖိနှိပ်ချေမှုန်းသည့်နည်းလမ်းများဖြင့်သာ ဖြေရှင်းနေကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ဆိုသည်။

“ဒါကြောင့်မိုလို့ ဒီအချိန်မှာ တာဝန်အရှိဆုံးက ဘယ်သူလဲလို့ပြောရင် ဒဲ့ပဲပြောပါမယ်။ နိုင်ငံတော်အာဏာကို ရယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)မှာ တာဝန်အရှိဆုံးပဲ။ အဲဒီတော့ နစကက ပြည်သူတွေကြားထဲမှာ နိုင်ငံ ရေးနည်းလမ်းဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့မျှော်လင့်ချက်ကောင်း ကောင်းရှိတယ်ဆိုတာကို မပြသနိုင်ရင် အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်မှုတွေက ဆက်လက်ကြီးထွားလေပဲ” ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

နစကအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲပေးမည်ဟုဆိုနေသော်လည်း ယခုကာလ၌ ပြည်သူတစ်ဦးချင်းအတွက် လုံခြုံစိတ်ချရသည့်ပတ်ဝန်းကျင်ကောင်းနှင့် တိုင်းရင်းသားတန်းတူညီမျှရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလားအလာကောင်းများကို ဖန်တီးပြသပေးရန် နစကအစိုးရအနေဖြင့် တာဝန်ရှိကြောင်း ဦးကိုကိုကြီးက တိုက်တွန်းပြောဆိုခဲ့သည်။

zawgyi version
ႏိုင္ငံအတြင္း ျဖစ္ပြားေနေသာ အနိ႒ာ႐ုံႀကီးအား မည္သည့္နည္းလမ္းျဖင့္ အဆုံးသတ္မည္လဲဟု ျပည္သူ႔ပါတီဥကၠ႒က တာဝန္ရွိသူမ်ားကို ေမးခြန္းထုတ္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၇

ႏိုင္ငံအတြင္း ျဖစ္ပြားေနေသာ အနိ႒ာ႐ုံႀကီးအား မည္သည့္နည္းလမ္းျဖင့္ အဆုံး သတ္မည္လဲဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက တာဝန္ရွိသူမ်ားကို ေမးခြန္း ထုတ္ ေျပာဆိုလိုက္သည္။

ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေအာက္တိုဘာလ ၁၅ ရက္တြင္ ေနျပည္ေတာ္၌က်င္းပေသာ ျပည္သူ႔ပါတီ႐ုံးခန္းဖြင့္ပြဲႏွင့္ဆိုင္းဘုတ္တင္ပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိ နစကအစိုးရ တာဝန္ယူသည့္ (၂)ႏွစ္နီးပါးကာလအတြင္း အရပ္သားေသ ေၾကပ်က္စီးမႈမွာ (၇ဝဝဝ) ေက်ာ္ရွိေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကဆိုသည္။

“ဆႏၵျပရင္းနဲ႔ ပစ္ခတ္ႏွိမ္နင္းခံရၿပီး က်ဆုံးတဲ့သူ ၂ဝဝဝ ေက်ာ္တယ္။ ဖမ္းဆီးခံရၿပီးေသဆုံးသြားတာက ၇ဝဝ ေက်ာ္လို႔သိရတယ္။ ပိုၿပီးေတာ့ စိတ္ထိခိုက္စရာေကာင္းတာက ကြၽန္ေတာ္တို႔ ျမန္မာ့လူ႔အဖြဲ႕အစည္းမွာ ရဟန္းသံဃာေတြ သတ္ျဖတ္ခံရ တာ အပါး(၆ဝ)နီးပါးရွိၿပီ။ ဒလန္၊သူလွ်ိဳလို႔ စြပ္စြဲၿပီး အသတ္ခံရတာက ၃၅ဝဝ ေလာက္ရွိတယ္လို႔ သိရတယ္။ သတ္ၿပီးသြားရင္ လက္သည္မေပၚဘူး သူ႔ေၾကာင့္ ကိုယ့္ေၾကာင့္နဲ႔ တာဝန္ယူမယ့္သူ မရွိဘူး။ ကြၽန္ေတာ္တို႔ ျပည္သူေတြမွာ လုံၿခဳံမႈကင္းမဲ့တဲ့အေျခအေနကို ခံစားေနရတယ္။ ဒီအနိ႒ာ႐ုံႀကီးက ဘယ္ေလာက္ၾကာမွာလဲ၊ ဘယ္ေတာ့ၿပီးမွာလဲ၊ ဘယ္လိုနည္းလမ္းနဲ႔ အဆုံးသတ္မွာလည္းဆိုတာကို တာဝန္ရွိတဲ့သူေတြအားလုံးကို ျပတ္ျပတ္သားသားနဲ႔ ကြၽန္ေတာ္တို႔ ေမးရလိမ့္မယ္” ဟု ဦးကိုကိုႀကီး ေျပာသည္။

ႏိုင္ငံအတြင္း ေနရပ္စြန႔္ခြာထြက္ေျပးေနရသူမ်ားႏွင့္ ေနအိမ္မီးရႈိ႕ဖ်က္ဆီးခံရမႈမ်ားမွာ အမ်ားအျပားရွိခဲ့သည္ကို ေတြ႕ရသည္။

ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ မေျဖရွင္းဘဲ လက္နက္ကိုင္သည့္နည္းလမ္း၊ အၾကမ္းဖက္သည့္နည္းလမ္း၊ ဖိႏွိပ္ေခ်မႈန္းသည့္နည္းလမ္းမ်ားျဖင့္သာ ေျဖရွင္းေနေၾကာင္း ျပည္သူ႔ပါတီဥကၠ႒က ဆိုသည္။

“ဒါေၾကာင့္မိုလို႔ ဒီအခ်ိန္မွာ တာဝန္အရွိဆုံးက ဘယ္သူလဲလို႔ေျပာရင္ ဒဲ့ပဲေျပာပါမယ္။ ႏိုင္ငံေတာ္အာဏာကို ရယူထားတဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက)မွာ တာဝန္အရွိဆုံးပဲ။ အဲဒီေတာ့ နစကက ျပည္သူေတြၾကားထဲမွာ ႏိုင္ငံ ေရးနည္းလမ္းဟာ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းႏိုင္တဲ့ေမွ်ာ္လင့္ခ်က္ေကာင္း ေကာင္းရွိတယ္ဆိုတာကို မျပသႏိုင္ရင္ အၾကမ္းဖက္မႈေတြ၊ လက္နက္ကိုင္မႈေတြက ဆက္လက္ႀကီးထြားေလပဲ” ဟု ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။

နစကအေနျဖင့္ ေ႐ြးေကာက္ပြဲက်င္းပၿပီး အာဏာလႊဲေပးမည္ဟုဆိုေနေသာ္လည္း ယခုကာလ၌ ျပည္သူတစ္ဦးခ်င္းအတြက္ လုံၿခဳံစိတ္ခ်ရသည့္ပတ္ဝန္းက်င္ေကာင္းႏွင့္ တိုင္းရင္းသားတန္းတူညီမွ်ေရးႏွင့္ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အလားအလာေကာင္းမ်ားကို ဖန္တီးျပသေပးရန္ နစကအစိုးရအေနျဖင့္ တာဝန္ရွိေၾကာင္း ဦးကိုကိုႀကီးက တိုက္တြန္းေျပာဆိုခဲ့သည္။

Picture

Ye Htun

17/10/2022 21:31

ပါတီတွေကနေပြီး...အကြမ်းဖက်သမားတွေကို...အကြမ်းမဖက်ကြပါနဲ့လို့တစ်ခွန်းဘဲပြောပေး..တိုင်းပြည်အေးချမ်းဖို့..မျှော်လင့်လို့ရပြီ

Picture

Min Zaw

17/10/2022 22:09

Bit.ly​ CNET.​ Bb

Picture

Tint Lwin0110

17/10/2022 20:35

ခင်ဗျားတို့ပါတီတွေမှာရောဒီကိစ္စတာဝန်မရှိဘူးလား၊

Picture

AKaYit

17/10/2022 17:26

သူ့ရဲ့စကား​တွေထဲမှာ တည်ငြိမ်​အေးချမ်းဖို့က နစကမှာ တာဝန်အပြည့်ရှိတယ် လို့ပဲ​ပြောသွားတယ် အဲ့အချက်ကို အပြည်အဝလက်ခံ​ပေမဲ့ NUGနဲ့PDF ​တွေ ​အ​ကြောင်း တစ်ခွန်းမှထည့်မ​ပြောသွားဘူး ဒီလူလည်း တိုင်းပြည်အ​ပေါ် ထားတဲ့​စေတနာ သန္တေမမှန်​သေပါးဘူးဗျာ😌

Picture

Tint Lwin0110

17/10/2022 20:35

ခင်ဗျားတို့ပါတီတွေမှာရောဒီကိစ္စတာဝန်မရှိဘူးလား၊

Related news

© 2021. All rights reserved.