သာစည်မြို့နယ်တွင် နေအိမ်အတွင်းသေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် (၄)ဦးဒဏ်ရာရရှိ

 891

NP News - အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ သာစည်မြို့တွင် နေအိမ်အတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၅)ရက်၊ ည(၈)နာရီခွဲအချိန်တွင် သာစည်မြို့၊ (၄)ရပ် ကွက်၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ သာစည်မြို့၊ (၄)ရပ်ကွက်တွင် နေထိုင်သူ ဦးသန်းထိုက်(၃၅)နှစ်သည် နေအိမ်အတွင်း ၎င်း၏မိသားစုနှင့် အတူရှိနေချိန်တွင် အကြမ်းဖက်အမျိုးသား (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထိုက်တွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းဇံ(၄၄)နှစ်တွင် ပေါင်ရင်းကျည်ဖောက်ဝင်ဒဏ်ရာ၊ သားဖြစ်သူ မောင်ရဲစိုးအောင်(၈)နှစ်တွင် ပေါင်နှင့် လက်ကောက်ဝတ်တို့တွင် ကျည်ရှပ်ထိ ဒဏ်ရာ (၄)ချက်နှင့် အဆိုပါနေအိမ်သို့ အိမ်လည်ရောက်ရှိနေသူ ဦးသန်းဦး (၄ဝ) နှစ်တွင် ဦးခေါင်းကျည်ရှပ်ထိဒဏ်ရာ၊ ပခုံးကျည်ရှပ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ဆေးကုသနိုင်ရန် သာစည်မြို့ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ နေ့လည်(၂)နာရီအချိန်တွင် မတ္တရာမြို့၊ (၅)ရပ်ကွက်တွင် နေထိုင်သူ အထက်တောင်ကိုင်း ကျေးရွာအုပ်စုမှ ရပ်/ကျေးစာရေး ဦးရဲဝင်းနိုင်(၄၁)နှစ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဦးရဲဝင်းနိုင်သည် ဥမင်ကျေးရွာတွင် မြေပြင်လူဦးရေ စာရင်းကောက်ယူပြီး တစ်ဦးတည်းပြန်လာစဉ် ဥမင်ကျေးရွာ ရွာလယ်လမ်းမပေါ်အရောက်တွင် ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်/ကျေးစာရေး ဦးရဲဝင်းနိုင်သည် ဦးခေါင်းနောက်စေ့မှ ဦးခေါင်းဝဲဘက် ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်၊ နောက်ကျောမှ ရင်ဘတ်သို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ လက်မောင်းနှင့် နောက်ကျောတို့ တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
သာစည္ၿမိဳ႕နယ္တြင္ ေနအိမ္အတြင္းေသနတ္ျဖင့္ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ (၈)ႏွစ္အ႐ြယ္ကေလးငယ္အပါအဝင္ (၄)ဦးဒဏ္ရာရရွိ
NP News - ေအာက္တိုဘာ ၁၇

မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕တြင္ ေနအိမ္အတြင္း ေသနတ္ျဖင့္ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ (၈)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး အပါအဝင္ (၄)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၁၅)ရက္၊ ည(၈)နာရီခြဲအခ်ိန္တြင္ သာစည္ၿမိဳ႕၊ (၄)ရပ္ ကြက္၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ သာစည္ၿမိဳ႕၊ (၄)ရပ္ကြက္တြင္ ေနထိုင္သူ ဦးသန္းထိုက္(၃၅)ႏွစ္သည္ ေနအိမ္အတြင္း ၎၏မိသားစုႏွင့္ အတူရွိေနခ်ိန္တြင္ အၾကမ္းဖက္အမ်ိဳးသား (၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေနအိမ္အတြင္းေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးသန္းထိုက္တြင္ ဝမ္းဗိုက္က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ၎၏ ဇနီးျဖစ္သူ ေဒၚသိန္းသိန္းဇံ(၄၄)ႏွစ္တြင္ ေပါင္ရင္းက်ည္ေဖာက္ဝင္ဒဏ္ရာ၊ သားျဖစ္သူ ေမာင္ရဲစိုးေအာင္(၈)ႏွစ္တြင္ ေပါင္ႏွင့္ လက္ေကာက္ဝတ္တို႔တြင္ က်ည္ရွပ္ထိ ဒဏ္ရာ (၄)ခ်က္ႏွင့္ အဆိုပါေနအိမ္သို႔ အိမ္လည္ေရာက္ရွိေနသူ ဦးသန္းဦး (၄ဝ) ႏွစ္တြင္ ဦးေခါင္းက်ည္ရွပ္ထိဒဏ္ရာ၊ ပခုံးက်ည္ရွပ္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းေၾကာင့္ ေဆးကုသႏိုင္ရန္ သာစည္ၿမိဳ႕ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ ေန႔လည္(၂)နာရီအခ်ိန္တြင္ မတၱရာၿမိဳ႕၊ (၅)ရပ္ကြက္တြင္ ေနထိုင္သူ အထက္ေတာင္ကိုင္း ေက်း႐ြာအုပ္စုမွ ရပ္/ေက်းစာေရး ဦးရဲဝင္းႏိုင္(၄၁)ႏွစ္အား အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ဦးရဲဝင္းႏိုင္သည္ ဥမင္ေက်း႐ြာတြင္ ေျမျပင္လူဦးေရ စာရင္းေကာက္ယူၿပီး တစ္ဦးတည္းျပန္လာစဥ္ ဥမင္ေက်း႐ြာ ႐ြာလယ္လမ္းမေပၚအေရာက္တြင္ ၎၏အေနာက္မွ ဆိုင္ကယ္တစ္စီးျဖင့္ လိုက္ပါလာသည့္ အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ရပ္/ေက်းစာေရး ဦးရဲဝင္းႏိုင္သည္ ဦးေခါင္းေနာက္ေစ့မွ ဦးေခါင္းဝဲဘက္ က်ည္ေဖာက္ထြက္ဒဏ္ရာ(၁)ခ်က္၊ ေနာက္ေက်ာမွ ရင္ဘတ္သို႔ က်ည္ေဖာက္ထြက္ဒဏ္ရာတစ္ခ်က္၊ လက္ေမာင္းႏွင့္ ေနာက္ေက်ာတို႔ တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၂)ခ်က္ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.