ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

 2698

NP News - အောက်တိုဘာ ၁၇

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ ထမင်းဆိုင်တွင် ထမင်းစားရန်လာသော ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း နစကမှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၇ရက်) နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ “ရွှေနှင်းရည်” မြန်မာထမင်းဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ၎င်းထမင်းဆိုင်အတွင်းသို့ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးသည် ထမင်းစားရန်လာရောက်စဉ် ဆိုင်အတွင်း ကြိုတင်စောင့်ဆိုင်းနေသော အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ဖြင့်မောင်း နှင်ထွက်ပြေးသွားကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အချို့သောသတင်းများတွင် အထက်ပါထမင်းဆိုင်၌ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး အပါအဝင် ထွေအုပ်စာရေး နှင့် ဖိုးထောင်ပဲကြော်လုပ်ငန်းပိုင်ရှင်တို့ ထမင်းစားနေချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားထားသည်။

ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးအပါအဝင် (၃)ဦးသည် ထမင်းဆိုင်သို့ လာရောက်ချိန်တွင် ပစ်ခတ်ခံရကာ အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် အခြားတခြားတစ်ဦးမှာ သေနတ်ဒဏ်ရာမျာဖြင့် သေဆုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။

သို့သော် နစကအနေဖြင့် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေဆုံးမှုနှင့် ပတ်သက်၍ အတည်ပြုထုတ်ပြန်ထားခြင်းမျိုး မရှိပေ။

zawgyi version
ဝမ္းတြင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ပစ္ခတ္ခံရ
NP News - ေအာက္တိုဘာ ၁၇

ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္းေဘးရွိ ထမင္းဆိုင္တြင္ ထမင္းစားရန္လာေသာ ဝမ္းတြင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၇ရက္) ေန႔လည္(၁)နာရီအခ်ိန္တြင္ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းေဘးရွိ “ေ႐ႊႏွင္းရည္” ျမန္မာထမင္းဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ၎ထမင္းဆိုင္အတြင္းသို႔ ဝမ္းတြင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မိုးဦးသည္ ထမင္းစားရန္လာေရာက္စဥ္ ဆိုင္အတြင္း ႀကိဳတင္ေစာင့္ဆိုင္းေနေသာ အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ၿပီး ဆိုင္ကယ္ျဖင့္ေမာင္း ႏွင္ထြက္ေျပးသြားေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ အခ်ိဳ႕ေသာသတင္းမ်ားတြင္ အထက္ပါထမင္းဆိုင္၌ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မိုးဦး အပါအဝင္ ေထြအုပ္စာေရး ႏွင့္ ဖိုးေထာင္ပဲေၾကာ္လုပ္ငန္းပိုင္ရွင္တို႔ ထမင္းစားေနခ်ိန္တြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားထားသည္။

ဝမ္းတြင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မိုးဦးအပါအဝင္ (၃)ဦးသည္ ထမင္းဆိုင္သို႔ လာေရာက္ခ်ိန္တြင္ ပစ္ခတ္ခံရကာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူႏွင့္ အျခားတျခားတစ္ဦးမွာ ေသနတ္ဒဏ္ရာမ်ာျဖင့္ ေသဆုံးခဲ့ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚ လ်က္ရွိသည္။

သို႔ေသာ္ နစကအေနျဖင့္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မိုးဦး ေသဆုံးမႈႏွင့္ ပတ္သက္၍ အတည္ျပဳထုတ္ျပန္ထားျခင္းမ်ိဳး မရွိေပ။

Picture

Kyi Naing

17/10/2022 19:43

ပေးတဲ့တာဝန်အရ အသက်အန်ဒရယ် မငဲ့ကွက်ဘည်း ထမ်းဆောင်နေ တဲ့သူတွေအတွက်တော့ သူတို့လုံခြုံရေး ကာကွယ်ဘို့တော့ စီစဥ်သင့်ပြီ သူပစ်ရင် ကိုကလည်းပြန်သုံးသင့်တဲ့ တခုခုပေါ့ လူကောင်းကျတော့ အသွားခြောက်လက်မ ကျော်အချွန်အထက်ကိုင်ခွင့်မရှိ သာသနာပြု ဆရာတောင် တွေ အတွက်လည်း ကြားမကောင်းမြင် မကောင်း လုပသင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား ရှင်းသင့်တယ် အသက်ကိုမငဲ့ကွက်ဘည်း ထမ်းစောင်နေတဲ့သူအားလုံးကိုလေးစားပါတယ် ကျွန်တောင်ကတော့ မလုပ်ပါ ကိုယ့်တင်မက ကိုယ့်မိသားစုတောင် ဘုရားတပြီး နေရတဲ့ဘဝ. တိုင်းပြည်တော့ချစ်ပါတယ် ဒါပေမဲ့ ဘယ်သူ့အဖေ ခေါ်ရမှန်း မသိတည့် မတွေး မိခဲ့ရခဲ့တည့် လောက

Related news

© 2021. All rights reserved.