သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း (၂ဝ)ကျော်က အမေရိကန်ဒေါ်လာ (၂ ဒသမ ၂)ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး စက်ရုံ(၁ဝ၄)ခုက စီးပွားဖြစ်လည်ပတ်နေ

 735

ဖူးပြည့် (NP News) - အောက်တိုဘာ ၁၈

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် မှ ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်ထိ နိုင်ငံပေါင်း(၂၁)နိုင်ငံမှ ကုမ္ပဏီပေါင်း (၁၂၂)ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈၈ ဘီလျံကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းအချက် အလက်များအရ သိရသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်အတွင်း စီးပွားဖြစ်လည်ပတ်နေသည့် စက်ရုံပေါင်း(၁ဝ၄)ခုထိ ရှိပြီဖြစ် ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများမှ လုပ်သားပေါင်း (၂)သောင်းကျော်အား အလုပ်အကိုင်ဖန်တီးပေးထားပြီး ဂျပန်နိုင်ငံသည် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ယင်းနောက်တွင် စင်ကာပူက ဒုတိယအများဆုံး ဖြစ်ပြီး ထိုင်းနိုင်ငံ သည် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ(၁၄)ခုကလည်း ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉ဝ ဒသမ ၇၆၃ သန်းထပ်မံ တိုးမြှင့်ခဲ့ ကြောင်း သိရသည်။

စက်မှုဇုန်အတွင်းရှိ စက်ရုံများမှ ပြည်တွင်းရှိ လိုအပ်သည့်ကုန်ပစ္စည်းများကို သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ် ပေးလျက်ရှိသကဲ့သို့ ပြည်ပဈေးကွက်များသို့လည်း ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်တင်ပို့ပေး လျက်ရှိကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့် စက်မှုဇုန် A (ဟက်တာ ၄ဝ၅ ဒသမ ၂၇၅) ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်မှစတင်အကောင်အထည်ဖောင်ခဲ့ရာ လက်ရှိတွင် ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရ သည်။

အလားတူ ဒုတိယအဆင့်အကောင်အထည်ဖော်မည့် စက်မှုဇုန် B (ဟက်တာ ၇ဝဝ) ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လ ၂၁ ရက်တွင် ကွင်းဆင်းတိုင်းတာပြီး အပိုင်း (၄) ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သီလဝါအထူးစီးပြားေရးဇုန္အတြင္း ႏိုင္ငံေပါင္း (၂ဝ)ေက်ာ္က အေမရိကန္ေဒၚလာ (၂ ဒသမ ၂)ဘီလ်ံနီးပါး ရင္းႏွီး ျမႇဳပ္ႏွံထားၿပီး စက္႐ုံ(၁ဝ၄)ခုက စီးပြားျဖစ္လည္ပတ္ေန
ဖူးျပည့္ (NP News) - ေအာက္တိုဘာ ၁၈

သီလဝါအထူးစီးပြားေရးဇုန္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအေနျဖင့္ ၂ဝ၁၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္ မွ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလ ၃ဝ ရက္ထိ ႏိုင္ငံေပါင္း(၂၁)ႏိုင္ငံမွ ကုမၸဏီေပါင္း (၁၂၂)ခု ခြင့္ျပဳခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၂ ဒသမ ၁၈၈ ဘီလ်ံေက်ာ္ရွိေၾကာင္း ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ စာရင္းအခ်က္ အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ အထူးစီးပြားေရးဇုန္အတြင္း စီးပြားျဖစ္လည္ပတ္ေနသည့္ စက္႐ုံေပါင္း(၁ဝ၄)ခုထိ ရွိၿပီျဖစ္ ေၾကာင္း သိရသည္။ အဆိုပါလုပ္ငန္းမ်ားမွ လုပ္သားေပါင္း (၂)ေသာင္းေက်ာ္အား အလုပ္အကိုင္ဖန္တီးေပးထားၿပီး ဂ်ပန္ႏိုင္ငံသည္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။ ယင္းေနာက္တြင္ စင္ကာပူက ဒုတိယအမ်ားဆုံး ျဖစ္ၿပီး ထိုင္းႏိုင္ငံ သည္ တတိယအမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းသိရသည္။

ထို႔ျပင္ သီလဝါအထူးစီးပြားေရးဇုန္အတြင္း လုပ္ငန္းေဆာင္႐ြက္လ်က္ရွိသည့္ ကုမၸဏီ(၁၄)ခုကလည္း ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလထိ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ ေဒၚလာ ၉ဝ ဒသမ ၇၆၃ သန်းထပ္မံ တိုးျမႇင့္ခဲ့ ေၾကာင္း သိရသည္။

စက္မႈဇုန္အတြင္းရွိ စက္႐ုံမ်ားမွ ျပည္တြင္းရွိ လိုအပ္သည့္ကုန္ပစၥည္းမ်ားကို သြင္းကုန္အစားထိုးအျဖစ္ ထုတ္လုပ္ ေပးလ်က္ရွိသကဲ့သို႔ ျပည္ပေဈးကြက္မ်ားသို႔လည္း ကုန္ပစၥည္းမ်ားကို အရည္အေသြးျပည့္မီစြာ ထုတ္လုပ္တင္ပို႔ေပး လ်က္ရွိေၾကာင္း သိရသည္။

သီလဝါအထူးစီးပြားေရးဇုန္စီမံကိန္း၏ ပထမအဆင့္ စက္မႈဇုန္ A (ဟက္တာ ၄ဝ၅ ဒသမ ၂၇၅) ကို ၂ဝ၁၃ ခုႏွစ္ ႏိုဝင္ဘာလ ၃ဝ ရက္မွစတင္အေကာင္အထည္ေဖာင္ခဲ့ရာ လက္ရွိတြင္ ၉၉ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရ သည္။

အလားတူ ဒုတိယအဆင့္အေကာင္အထည္ေဖာ္မည့္ စက္မႈဇုန္ B (ဟက္တာ ၇ဝဝ) ကို ၂ဝ၁၆ ခုႏွစ္ ေအာက္တိုဘာ လ ၂၁ ရက္တြင္ ကြင္းဆင္းတိုင္းတာၿပီး အပိုင္း (၄) ပိုင္းခြဲ၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

အထူးစီးပြားေရးဇုန္မ်ားအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ခြင့္ျပဳေပးရာတြင္ အထူးစီးပြားေရးဇုန္ဥပေဒအရ သီလဝါအထူး စီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီက ခြင့္ျပဳေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

U Myo Myat

18/10/2022 11:10

👍👍👍

Related news

© 2021. All rights reserved.