ရုရှားနဲ့ အာရှမှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တိုးချဲ့သင့်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးပြော

 276

Pika (NP News) – ဧပြီ ၂၇

ရုရှားနဲ့အာရှမှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့လုံခြုံရေးလွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရမှုနဲ့အတူ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို တိုးချဲ့သင့်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ဧပြီလ(၂၆)ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရုရှား၊ အိန္ဒိယ၊ တရုတ်၊ အီရန်၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတို့ပါဝင်တဲ့ လုံခြုံရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SCO) ရဲ့ အစည်းအဝေး မှာ ဆာဂေးရှိုဂူက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဆာဂေးရှိုဂူက “အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေက ဒေသတွင်းမှာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦး တွေ ဖြန့်ကျက်ချထားတာကို လက်မခံဘူးဆိုတဲ့အမြင်ကို လူတိုင်းက ဒီအစည်းအဝေးမှာ ထုတ်ဖော်ပြသခဲ့ကြ တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို SCO ရဲ့ တည်ငြိမ်မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် မှတ်ယူရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် SCO အဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့စစ်ရေးလေ့ကျင့်မှုနယ်ပယ်နဲ့ ပထဝီဝင်အနေအထားတွေကို ချဲ့ထွင်သင့်တယ်လို့ ဆာဂေးရှိုဂူက ထပ်မံပြောဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေစဉ်အချိန်အတွင်းမှာ အာရှတိုက်မှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ စစ်ရေးအရ ဆက်ဆံရေးတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လိုနေ တဲ့ ရုရှားရဲ့ ရည်ရွယ်ချက်ကို ဆာဂေးရှိုဂူရဲ့ ပြောဆိုချက်တွေက မီးမောင်းထိုးပြသခဲ့ပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ အာရွမွာရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြဟာ စစ္ေရးေလ့က်င့္မႈေတြကို တိုးခ်ဲ႕သင့္တယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးေျပာ
Pika (NP News) – ဧၿပီ ၂၇

႐ုရွားနဲ႔အာရွမွာရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြဟာ ေဒသတြင္းမွာ အေမရိကန္ရဲ႕လုံၿခဳံေရးလႊမ္းမိုးမႈေတြကို ခ်ဲ႕ထြင္ဖို႔ ႀကိဳးပမ္းမႈေတြေၾကာင့္ျဖစ္ေပၚလာတဲ့ တိုက္႐ိုက္ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ေနရမႈနဲ႔အတူ ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြကို တိုးခ်ဲ႕သင့္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဆာေဂးရႈိဂူက ဧၿပီလ(၂၆)ရက္မွာ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ အီရန္၊ ပါကစၥတန္၊ ကာဇက္စတန္၊ ဥဇဘက္ကစၥတန္၊ ကာဂ်စ္စတန္နဲ႔ တာဂ်စ္ကစၥတန္ ႏိုင္ငံတို႔ပါဝင္တဲ့ လုံၿခဳံေရးအဖြဲ႕တစ္ခုျဖစ္တဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္း (SCO) ရဲ႕ အစည္းအေဝး မွာ ဆာေဂးရႈိဂူက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

ဆာေဂးရႈိဂူက “အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြက ေဒသတြင္းမွာ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦး ေတြ ျဖန႔္က်က္ခ်ထားတာကို လက္မခံဘူးဆိုတဲ့အျမင္ကို လူတိုင္းက ဒီအစည္းအေဝးမွာ ထုတ္ေဖာ္ျပသခဲ့ၾက တယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒီလိုလုပ္ရပ္ေတြကို SCO ရဲ႕ တည္ၿငိမ္မႈကို တိုက္႐ိုက္ၿခိမ္းေျခာက္မႈအျဖစ္ မွတ္ယူရမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ SCO အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕စစ္ေရးေလ့က်င့္မႈနယ္ပယ္နဲ႔ ပထဝီဝင္အေနအထားေတြကို ခ်ဲ႕ထြင္သင့္တယ္လို႔ ဆာေဂးရႈိဂူက ထပ္မံေျပာဆိုခဲ့ပါတယ္။ ယူကရိန္းနဲ႔ စစ္ပြဲျဖစ္ပြားေနစဥ္အခ်ိန္အတြင္းမွာ အာရွတိုက္မွာရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြနဲ႔ စစ္ေရးအရ ဆက္ဆံေရးေတြကို ပိုမိုအားေကာင္းေအာင္ လုပ္ေဆာင္လိုေန တဲ့ ႐ုရွားရဲ႕ ရည္႐ြယ္ခ်က္ကို ဆာေဂးရႈိဂူရဲ႕ ေျပာဆိုခ်က္ေတြက မီးေမာင္းထိုးျပသခဲ့ပါတယ္။

Related news

© 2021. All rights reserved.