မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် လေးရက်သားမွေးကင်းစကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း နစကထုတ်ပြန်

 775

NP News - အောက်တိုဘာ ၁၈

မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် လေးရက်သားမွေးကင်းစက လေးငယ်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နစကမှ အောက်တိုဘာလ(၁၇)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုယ်ဝန်လမစေ့သေးဘဲ ရေမြွှာပေါက်ခြင်းကြောင့် အဆိုပါမွေးကင်းစမိန်းကလေး Baby နန်းမွေဖောင်ကို စက်တင်ဘာလ (၂၆)ရက် ညနေ(၆) နာရီ (၁၅)မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ခိုလမ်ပြည်သူ့ဆေးရုံ(ခုတင်-၁ဝဝ)တွင် ရိုးရိုးမွေးဖွားခဲ့ကြောင်း နစကမှ ဆိုသည်။

မွေးဖွားချိန်တွင် ကလေးငယ်မှာ ကိုယ်အလေးချိန်(၂ ဒသမ ၂) ကီလိုသာရှိခဲ့ပြီး မွေးရာပါအူများ အပြင်သို့ရောက်ရှိနေခဲ့ခြင်းကြောင့် ည(၈)နာရီအချိန်တွင် ခိုလမ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာကိုလင်းထင်ကျော်နှင့်အဖွဲ့က အရေးပေါ်ယာယီ ကုသမှုဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ(၂၇)ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့နောက် စက်တင်ဘာလ(၃ဝ)ရက်တွင် အဆိုပါလေးရက်သားကလေးငယ်အား စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ပါမောက္ခ(ခွဲစိတ်) ဒေါက်တာအောင်ခိုင်ဇံ၊ လက် ထောက်ဆရာဝန် ဒေါက်တာထက်အောင်ကျော်နှင့် ပါမောက္ခ(မေ့ဆေး) ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့များက အူများကိုဝမ်းဗိုက်အတွင်းသို့ ပြန်လည်ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure) ကိုအောင်မြင်စွာဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ(၃)ရက်တွင် ကလေးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာမှုကြောင့် ဆေးရုံမှဆင်း ခွင့်ပြုခဲ့၍ အောက်တိုဘာလ(၁၁)ရက်တွင် ရက်ချိန်းပြန်လည်ပြသစေခဲ့ပြီး လက်ရှိတွင် အဆိုပါကလေးငယ်မှ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
ေမြးရာပါအူမ်ား ဝမ္းဗိုက္အျပင္သို႔ ေရာက္ရွိေနသည့္ ေလးရက္သားေမြးကင္းစကေလးငယ္ကို ေအာင္ျမင္စြာ ခြဲစိတ္ႏိုင္ခဲ့ေၾကာင္း နစကထုတ္ျပန္
NP News - ေအာက္တိုဘာ ၁၈

ေမြးရာပါအူမ်ား ဝမ္းဗိုက္အျပင္သို႔ ေရာက္ရွိေနသည့္ ေလးရက္သားေမြးကင္းစက ေလးငယ္ကို ေအာင္ျမင္စြာ ခြဲစိတ္ႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

နစကမွ ေအာက္တိုဘာလ(၁၇)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ကိုယ္ဝန္လမေစ့ေသးဘဲ ေရႁမႊာေပါက္ျခင္းေၾကာင့္ အဆိုပါေမြးကင္းစမိန္းကေလး Baby နန္းေမြေဖာင္ကို စက္တင္ဘာလ (၂၆)ရက္ ညေန(၆) နာရီ (၁၅)မိနစ္အခ်ိန္တြင္ ရွမ္းျပည္နယ္၊ ခိုလမ္ျပည္သူ႔ေဆး႐ုံ(ခုတင္-၁ဝဝ)တြင္ ႐ိုး႐ိုးေမြးဖြားခဲ့ေၾကာင္း နစကမွ ဆိုသည္။

ေမြးဖြားခ်ိန္တြင္ ကေလးငယ္မွာ ကိုယ္အေလးခ်ိန္(၂ ဒသမ ၂) ကီလိုသာရွိခဲ့ၿပီး ေမြးရာပါအူမ်ား အျပင္သို႔ေရာက္ရွိေနခဲ့ျခင္းေၾကာင့္ ည(၈)နာရီအခ်ိန္တြင္ ခိုလမ္ျပည္သူ႔ေဆး႐ုံမွ ေဆး႐ုံအုပ္ ေဒါက္တာကိုလင္းထင္ေက်ာ္ႏွင့္အဖြဲ႕က အေရးေပၚယာယီ ကုသမႈေဆာင္႐ြက္ေပးခဲ့ၿပီး စက္တင္ဘာလ(၂၇)ရက္တြင္ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးပို႔ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ထို႔ေနာက္ စက္တင္ဘာလ(၃ဝ)ရက္တြင္ အဆိုပါေလးရက္သားကေလးငယ္အား စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးတြင္ ပါေမာကၡ(ခြဲစိတ္) ေဒါက္တာေအာင္ခိုင္ဇံ၊ လက္ ေထာက္ဆရာဝန္ ေဒါက္တာထက္ေအာင္ေက်ာ္ႏွင့္ ပါေမာကၡ(ေမ့ေဆး) ေဒါက္တာဖုန္းျမင့္တို႔ ဦးေဆာင္ေသာအဖြဲ႕မ်ားက အူမ်ားကိုဝမ္းဗိုက္အတြင္းသို႔ ျပန္လည္ထည့္သြင္းေပးသည့္ ခြဲစိတ္ကုသမႈ (Primary Closure) ကိုေအာင္ျမင္စြာေဆာင္ ႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေအာက္တိုဘာလ(၃)ရက္တြင္ ကေလးငယ္၏ က်န္းမာေရးအေျခအေန ေကာင္းမြန္လာမႈေၾကာင့္ ေဆး႐ုံမွဆင္း ခြင့္ျပဳခဲ့၍ ေအာက္တိုဘာလ(၁၁)ရက္တြင္ ရက္ခ်ိန္းျပန္လည္ျပသေစခဲ့ၿပီး လက္ရွိတြင္ အဆိုပါကေလးငယ္မွ က်န္းမာေရး ေကာင္းမြန္လ်က္ရွိေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Picture

U Myo Myat

18/10/2022 11:10

👍👍👍

Picture

Htun Aung Kyaw

18/10/2022 16:16

👍👍👍

Related news

© 2021. All rights reserved.