အကြမ်းဖက်သတ်ဖြတ်ခံရသော ရဟန်းသံဃာအပါး (၆ဝ)ထက်မနည်းရှိလာပြီး အကြမ်းဖက်နေမှုများကို ရှုတ်ချကြောင်း IBEC ငြိမ်းချမ်းရေးဆရာတော်တုံ့ပြန်

 2673

မျိုးကြီး (NP News) - အောက်တိုဘာ ၁၈

အကြမ်းဖက်သတ်ဖြတ်ခံရသော ရဟန်းသံဃာအပါး (၆ဝ)ထက်မနည်းရှိလာပြီး အကြမ်းဖက်သတ်ဖြတ်နေမှုများကို ရှုတ်ချကြောင်း စစ်ကိုင်းမြို့ IBEC ကမ္ဘာ့ငြိမ်း ချမ်းရေးဆရာတော် ဒေါက်တာအရှင်သောဘိတက တုံ့ပြန်မိန့်ကြားထားသည်။

စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် ဆရာတော်ဒေါက်တာအရှင်သောဘိတက အောက် တိုဘာလ ၁၇ ရက်တွင် IBEC ကျောင်းတော်၌ပြုလုပ်သော စုံညီစုဝေးပွဲ၌ အထက်ပါကဲ့သို့ မိန့်ကြားကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လက်ရှိနိုင်ငံရေးပဋိပက္ခများနှင့်သက်ဆိုင်ခြင်းမရှိဘဲ ရဟန်းသံဃာ၊ သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံနေရကြောင်း ဆရာတော်က မိန့်ကြားထား သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရေရှင်ကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာရှိ လေးမိုင်ဘုန်းကြီးတစ်ပါးအား အကြမ်းဖက်သမား (၈)ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်မှု မကြာသေးမီကဖြစ်ပွားခဲ့သည်။

“မြန်မာနိုင်ငံထဲမှာ အသတ်ခံရတဲ့ ဘုန်းကြီးဟာ (၆၁)ပါးရှိသွားပြီ။ ရှုံ့ချတယ် ဘုန်းဘုန်းကတော့။ ဘယ်အဖွဲ့ကပဲ သတ်သတ်။ ရဟန်းသံဃာတွေကို ဘာမှအပြစ်မရှိဘဲနဲ့ လိုက်သတ်နေကြတယ်။ ဘာမှအပြစ်မရှိဘဲနဲ့ ပြည်သူလူထုတွေကို ဟိုဘက်ဒီဘက်ကကောင်တွေ သတ်နေကြတယ်။ အဲဒီသတ်ဖြတ်မှုမှန်သမျှ ဘုန်းဘုန်းက တော့ ရပ်ကြပါတော့လို့ တောင်းဆိုပါတယ်” ဟု ဆရာတော်ဒေါက်တာအရှင်သောဘိတက မိန့်ကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်သတ်ဖြတ်ခံရမှုများကြောင့် သံဃာတော် (၅၉)ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ (၃၄)ပါးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် သီလရှင်(၁)ပါးမှာလည်း ကွယ်လွန်ခဲ့ကြောင်း နစကဘက်က မီဒီယာများကို ပြော ဆိုထားသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခကာလအတွင်း အကြမ်းဖက်သတ်ဖြတ်နေမှုများကို ရပ်တန့်ပေးကြရန် တောင်းဆိုလျက်ရှိပြီး ပြဿနာများကို ငြိမ်းချမ်းစွာ ဆွေး နွေးဖြေရှင်းကြရန်လည်း တိုက်တွန်းမှုများရှိနေသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အစည်းတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ စစ်တပ်အဖွဲ့ကိုလည်း အကြမ်းဖက်မှုတွေ ပြည်သူလူထုတွေကို လုပ်တာတွေ မလုပ်ကြပါတော့နဲ့။ ဒီဘက်က အမျိုးသားညီညွတ်ရေးအစိုးရ ဒူဝါလရှီ လားတို့ အုပ်စုရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ PDF တွေရော ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှာတွေကို မလုပ်ကြဖို့အတွက် ဘုန်းဘုန်းအထူးမေတ္တာရပ်ခံ ပါတယ်” ဟု ဆရာတော်ဒေါက်တာအရှင်သောဘိတက မိန့်ကြားထားသည်။

zawgyi version
အၾကမ္းဖက္သတ္ျဖတ္ခံရေသာ ရဟန္းသံဃာအပါး (၆ဝ)ထက္မနည္းရွိလာၿပီး အၾကမ္းဖက္ေနမႈမ်ားကို ရႈတ္ခ်ေၾကာင္း IBEC ၿငိမ္းခ်မ္းေရးဆရာေတာ္တုံ႔ျပန္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၈

အၾကမ္းဖက္သတ္ျဖတ္ခံရေသာ ရဟန္းသံဃာအပါး (၆ဝ)ထက္မနည္းရွိလာၿပီး အၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားကို ရႈတ္ခ်ေၾကာင္း စစ္ကိုင္းၿမိဳ႕ IBEC ကမာၻ႔ၿငိမ္း ခ်မ္းေရးဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတက တုံ႔ျပန္မိန႔္ၾကားထားသည္။

စေတာ့ဟုမ္းၿငိမ္းခ်မ္းေရးဆုရွင္ ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတက ေအာက္ တိုဘာလ ၁၇ ရက္တြင္ IBEC ေက်ာင္းေတာ္၌ျပဳလုပ္ေသာ စုံညီစုေဝးပြဲ၌ အထက္ပါကဲ့သို႔ မိန႔္ၾကားကာ တုံ႔ျပန္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ လက္ရွိႏိုင္ငံေရးပဋိပကၡမ်ားႏွင့္သက္ဆိုင္ျခင္းမရွိဘဲ ရဟန္းသံဃာ၊ သီလရွင္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံေနရေၾကာင္း ဆရာေတာ္က မိန႔္ၾကားထား သည္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕၊ ေရရွင္ေက်း႐ြာအုပ္စု၊ ေလးမိုင္ေက်း႐ြာရွိ ေလးမိုင္ဘုန္းႀကီးတစ္ပါးအား အၾကမ္းဖက္သမား (၈)ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္သတ္မႈ မၾကာေသးမီကျဖစ္ပြားခဲ့သည္။

“ျမန္မာႏိုင္ငံထဲမွာ အသတ္ခံရတဲ့ ဘုန္းႀကီးဟာ (၆၁)ပါးရွိသြားၿပီ။ ရႈံ႕ခ်တယ္ ဘုန္းဘုန္းကေတာ့။ ဘယ္အဖြဲ႕ကပဲ သတ္သတ္။ ရဟန္းသံဃာေတြကို ဘာမွအျပစ္မရွိဘဲနဲ႔ လိုက္သတ္ေနၾကတယ္။ ဘာမွအျပစ္မရွိဘဲနဲ႔ ျပည္သူလူထုေတြကို ဟိုဘက္ဒီဘက္ကေကာင္ေတြ သတ္ေနၾကတယ္။ အဲဒီသတ္ျဖတ္မႈမွန္သမွ် ဘုန္းဘုန္းက ေတာ့ ရပ္ၾကပါေတာ့လို႔ ေတာင္းဆိုပါတယ္” ဟု ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတက မိန႔္ၾကားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈမ်ားေၾကာင့္ သံဃာေတာ္ (၅၉)ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး သံဃာ (၃၄)ပါးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္အျပင္ သီလရွင္(၁)ပါးမွာလည္း ကြယ္လြန္ခဲ့ေၾကာင္း နစကဘက္က မီဒီယာမ်ားကို ေျပာ ဆိုထားသည္။

ႏိုင္ငံအတြင္းျဖစ္ပြားေနသည့္ ပဋိပကၡကာလအတြင္း အၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားကို ရပ္တန႔္ေပးၾကရန္ ေတာင္းဆိုလ်က္ရွိၿပီး ျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာ ေဆြး ေႏြးေျဖရွင္းၾကရန္လည္း တိုက္တြန္းမႈမ်ားရွိေနသည္။

“ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕အစည္းေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔နဲ႔ စစ္တပ္အဖြဲ႕ကိုလည္း အၾကမ္းဖက္မႈေတြ ျပည္သူလူထုေတြကို လုပ္တာေတြ မလုပ္ၾကပါေတာ့နဲ႔။ ဒီဘက္က အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဒူဝါလရွီ လားတို႔ အုပ္စုေရာ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြေရာ၊ ေနာက္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕လို႔ေခၚတဲ့ PDF ေတြေရာ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္မွာေတြကို မလုပ္ၾကဖို႔အတြက္ ဘုန္းဘုန္းအထူးေမတၱာရပ္ခံ ပါတယ္” ဟု ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတက မိန႔္ၾကားထားသည္။

Related news

© 2021. All rights reserved.