ထိုင်းနိုင်ငံတွင် မိုး ပိုမိုသည်းထန်စွာရွာသွန်းနိုင်သောကြောင့် ရုတ်တရက်ရေကြီးမှုများအတွက် သတိပေးချက်များ ထုတ်ပြန်

 413

ဖြိုးခန့် (NP News) – အောက်တိုဘာ ၁၈

ထိုင်းအာဏာပိုင်များသည် တောင်ပိုင်းပြည်နယ်(၈)ခုအတွက် ရုတ်တရက်ရေကြီးမှု သတိပေးချက်များကို အောက်တိုဘာ(၁၇)ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း မိုး ပိုမိုသည်းထန်စွာရွာ သွန်းလာနိုင်ဖွယ် ရှိနေကြောင်းပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံရှိ ပြည်နယ်များ၏ (၄ဝ)ရာခိုင်နှုန်းခန့်သည် ရေနစ်မြုပ်နေပြီး ရေကြီးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါသတိပေးချက်ထဲတွင် အောက်တိုဘာ(၁၆)ရက်နေ့က ရုတ်တရက်‌ရေကြီးမှုများဖြစ်ပွားခဲ့ကာ ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ခဲ့သော ဖူးခက်ကျွန်းလည်း ပါဝင်ကြောင်းသိရသည်။
ဖူးခက်ကျွန်း၏ အဓိကမြို့ကြီးများရှိရေတပ်ဝန်ထမ်းများသည် ဒူးလောက်ထိနက်သော ရေထဲတွင် သက်ကြီး ရွယ်အိုများကို ကျောပိုးကာ ကယ်ဆယ်ရေးများလုပ်ခဲ့ရကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လတည်းက မိုးသည်းထန်စွာရွာသွန်းကာ အပူပိုင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၏ ပြည်နယ် (၇၇) ခုအနက် (၅၉) ခုတွင် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း (၄၅ဝဝဝဝ) ခန့် ထိခိုက် ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ရေကြီးမှုမျာကြောင့် စိုက်ပျိုးမြေ (၁ဝ၇၂ဝဝ) ဟက်တာခန့် ပျက်စီးခဲ့ ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ရေကြီးမှုများကြောင့် အဆက်အသွယ်ပြတ်သွားသော လူများကို ပြန်လည်ရှာဖွေရာတွင် ကူညီရန်အတွက် လှေများနှင့် မော်တော်ယာဉ်များ ကူညီပေးရန်နှင့် လိုအပ်သောအကူအညီများပေးရန် အာဏာပိုင်များကို ညွှန်ကြားထားကြောင်းသိရသည်။

အိမ်နီးချင်းမလေးရှားနိုင်ငံတွင် Nesat အပူပိုင်းမုန်တိုင်းကြောင့် ဆာဘတ်၊ ဆာရာဝက် နှင့် လာဘူအန်၏ ဖက်ဒရယ်မြေများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ မိုး ပိုမိုသည္းထန္စြာ႐ြာသြန္းႏိုင္ေသာေၾကာင့္ ႐ုတ္တရက္ေရႀကီးမႈမ်ားအတြက္ သတိေပးခ်က္မ်ား ထုတ္ျပန္
ၿဖိဳးခန႔္ (NP News) – ေအာက္တိုဘာ ၁၈

ထိုင္းအာဏာပိုင္မ်ားသည္ ေတာင္ပိုင္းျပည္နယ္(၈)ခုအတြက္ ႐ုတ္တရက္ေရႀကီးမႈ သတိေပးခ်က္မ်ားကို ေအာက္တိုဘာ(၁၇)ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ယခုသီတင္းပတ္အတြင္း မိုး ပိုမိုသည္းထန္စြာ႐ြာ သြန္းလာႏိုင္ဖြယ္ ရွိေနေၾကာင္းေျပာဆိုခဲ့သည္။

ထိုင္းႏိုင္ငံရွိ ျပည္နယ္မ်ား၏ (၄ဝ)ရာခိုင္ႏႈန္းခန႔္သည္ ေရနစ္ျမဳပ္ေနၿပီး ေရႀကီးမႈမ်ားႏွင့္ ရင္ဆိုင္ေနရဆဲျဖစ္ ေၾကာင္း သိရသည္။

အဆိုပါသတိေပးခ်က္ထဲတြင္ ေအာက္တိုဘာ(၁၆)ရက္ေန႔က ႐ုတ္တရက္‌ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ကာ ေဒသဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးႏွင့္ ခရီးသြားလုပ္ငန္းမ်ား ထိခိုက္ခဲ့ေသာ ဖူးခက္ကြၽန္းလည္း ပါဝင္ေၾကာင္းသိရသည္။
ဖူးခက္ကြၽန္း၏ အဓိကၿမိဳ႕ႀကီးမ်ားရွိေရတပ္ဝန္ထမ္းမ်ားသည္ ဒူးေလာက္ထိနက္ေသာ ေရထဲတြင္ သက္ႀကီး ႐ြယ္အိုမ်ားကို ေက်ာပိုးကာ ကယ္ဆယ္ေရးမ်ားလုပ္ခဲ့ရေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံတြင္ ၿပီးခဲ့သည့္လတည္းက မိုးသည္းထန္စြာ႐ြာသြန္းကာ အပူပိုင္းမုန္တိုင္းမ်ားတိုက္ခတ္မႈေၾကာင့္ ထိုင္းႏိုင္ငံ၏ ျပည္နယ္ (၇၇) ခုအနက္ (၅၉) ခုတြင္ ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ၿပီး ေနအိမ္ေပါင္း (၄၅ဝဝဝဝ) ခန႔္ ထိခိုက္ ပ်က္စီးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ထိုင္းႏိုင္ငံ၏အေရွ႕ပိုင္းႏွင့္ အလယ္ပိုင္းတို႔တြင္ ေရႀကီးမႈမ်ာေၾကာင့္ စိုက္ပ်ိဳးေျမ (၁ဝ၇၂ဝဝ) ဟက္တာခန႔္ ပ်က္စီးခဲ့ ေၾကာင္း စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေျပာၾကားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာက ေရႀကီးမႈမ်ားေၾကာင့္ အဆက္အသြယ္ျပတ္သြားေသာ လူမ်ားကို ျပန္လည္ရွာေဖြရာတြင္ ကူညီရန္အတြက္ ေလွမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ကူညီေပးရန္ႏွင့္ လိုအပ္ေသာအကူအညီမ်ားေပးရန္ အာဏာပိုင္မ်ားကို ၫႊန္ၾကားထားေၾကာင္းသိရသည္။

အိမ္နီးခ်င္းမေလးရွားႏိုင္ငံတြင္ Nesat အပူပိုင္းမုန္တိုင္းေၾကာင့္ ဆာဘတ္၊ ဆာရာဝက္ ႏွင့္ လာဘူအန္၏ ဖက္ဒရယ္ေျမမ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ေၾကာင္း အာဏာပိုင္မ်ားက သတိေပးခ်က္မ်ား ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.