နိုင်ဂျီးရီးယားမှာ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၆ဝဝ ကျော်ထိ ရှိလာ

 557

ရောင်နီ (NP News) - အောက်တိုဘာ ၁၈

နိုင်ဂျီးရီးယားမှာ ယခုနှစ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေမှာ ၆ဝ၃ ဦးအထိ မြင့်တက်လာခဲ့ကာ ဒေသခံအာဏာပိုင်များက ရေနစ်မြုပ်နေတဲ့နေအိမ်များမှ ရွှေ့ပြောင်းလာသူ ရာနဲ့ချီကို ကယ်ဆယ်ရေးများ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုင်ဂျီးရီးယားရဲ့ ပြည်နယ် ၃၆ ခုအနက် ၃၃ ခုမှာ လူပေါင်း ၁ ဒသမ ၃ သန်းခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အနည်းဆုံး ၃၄ဝဝ စတုရန်းကီလိုမီတာ (၁၃ဝဝ စတုရန်းမိုင်) ခန့် ရေနစ်မြုပ်ခဲ့ပြီး စားနပ် ရိက္ခာထောက်ပံ့မှုနဲ့ပတ်သက်တဲ့စိုးရိမ်မှုများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပဋိပက္ခများဟာ နိုင်ငံအတွင်း စားသုံးကုန်များစွာ ထွက်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသများကိုခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

သမ္မတ မိုဟာမက်ဒူဘူဟာရီက သူ့ရဲ့ကြေညာချက်မှာ “သက်ဆိုင်ရာအားလုံး ပုံမှန်ပြန်လည် ထူထောင်ရေးအတွက် လုပ်ဆောင်ကြဖို့” ညွှန်ကြားထားပါတယ်။

နိုင်ဂျီးရီးယားမှာ အထူးသဖြင့် ၄င်းရဲ့ကမ်းရိုးတန်းဒေသများမှာ နှစ်စဉ်ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပေမယ့်လည်း ယခုနှစ်ရေကြီးမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်းကင်မရွန်းရှိ လက်ဂ်ဒိုဆည်မှ ရေများလျှံကျကာ ရေလွှမ်းမိုးခြင်းအတွက် ပုံမှန်မဟုတ်တဲ့ သည်းထန်စွာမိုးရွာသွန်းမှုအပေါ် အာဏာပိုင်များက အပြစ်တင်ခဲ့ပါတယ်။

လာမယ့်ရက်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းဦးမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

နိုင်ဂျီးရီးယားမှာ ရေလွှမ်းမိုးမှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး အထူးသဖြင့် အကြမ်းဖက်မှုများဖြစ်ပွားနေတဲ့ မြောက်ပိုင်းဒေသမှာ လူပေါင်း သုံးသန်းကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကြောင်း ပြည်တွင်း ရွှေ့ပြောင်းနေထိုင်မှု စောင့်ကြည့်ရေးစင်တာမှ ပြောကြားခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုရေးရာဝန်ကြီး ဆာဒီရာအူမာဖာရွက် က ပြည်နယ်ငါးခုမှာ နိုဝင်ဘာလကုန်အထိ ရေလွှမ်းမိုးမှုအန္တရာယ်ကြုံတွေ့ရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

"လက်ရှိ ကျွန်တော်တို့သက်ဆိုင်ရာပြည်နယ်အစိုးရတွေ၊ ဒေသန္တရအစိုးရကောင်စီတွေနဲ့ ရေလွှမ်းမိုး လွင်ပြင်တွေမှာ နေထိုင်တဲ့ ရပ်ရွာလူထုတွေကို မြင့်မားတဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးခြင်းဖြင့် နောက်ထပ် ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ တောင်းဆိုနေပါတယ်" လို့ ဖာရွတ်က ပြောကြားပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားမွာ ေရလႊမ္းမိုးမႈေၾကာင့္ ေသဆုံးသူ ၆ဝဝ ေက်ာ္ထိ ရွိလာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈

ႏိုင္ဂ်ီးရီးယားမွာ ယခုႏွစ္အတြင္း ေရႀကီးမႈေၾကာင့္ ေသဆုံးသူ ဦးေရမွာ ၆ဝ၃ ဦးအထိ ျမင့္တက္လာခဲ့ကာ ေဒသခံအာဏာပိုင္မ်ားက ေရနစ္ျမဳပ္ေနတဲ့ေနအိမ္မ်ားမွ ေ႐ႊ႕ေျပာင္းလာသူ ရာနဲ႔ခ်ီကို ကယ္ဆယ္ေရးမ်ား ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ႏိုင္ဂ်ီးရီးယားရဲ႕ ျပည္နယ္ ၃၆ ခုအနက္ ၃၃ ခုမွာ လူေပါင္း ၁ ဒသမ ၃ သန္းခန႔္ ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဝန္ႀကီးဌာနက ေအာက္တိုဘာလ ၁၆ ရက္၊ တနဂၤေႏြေန႔ ေႏွာင္းပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

အနည္းဆုံး ၃၄ဝဝ စတုရန္းကီလိုမီတာ (၁၃ဝဝ စတုရန္းမိုင္) ခန္႔ ေရနစ္ျမဳပ္ခဲ့ၿပီး စားနပ္ ရိကၡာေထာက္ပံ့မႈနဲ႔ပတ္သက္တဲ့စိုးရိမ္မႈမ်ား ပိုမိုဆိုး႐ြားလာခဲ့ပါတယ္။ ပဋိပကၡမ်ားဟာ ႏိုင္ငံအတြင္း စားသုံးကုန္မ်ားစြာ ထြက္ရွိတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသမ်ားကိုၿခိမ္းေျခာက္ေနတယ္လို႔ သိရပါတယ္။

သမၼတ မိုဟာမက္ဒူဘူဟာရီက သူ႔ရဲ႕ေၾကညာခ်က္မွာ “သက္ဆိုင္ရာအားလုံး ပုံမွန္ျပန္လည္ ထူေထာင္ေရးအတြက္ လုပ္ေဆာင္ၾကဖို႔” ၫႊန္ၾကားထားပါတယ္။

ႏိုင္ဂ်ီးရီးယားမွာ အထူးသျဖင့္ ၄င္းရဲ႕ကမ္း႐ိုးတန္းေဒသမ်ားမွာ ႏွစ္စဥ္ေရႀကီးေရလွ်ံမႈမ်ား ႀကဳံေတြ႕ေနရေပမယ့္လည္း ယခုႏွစ္ေရႀကီးမႈဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း အဆိုး႐ြားဆုံးျဖစ္ခဲ့ပါတယ္။ အိမ္နီးခ်င္းကင္မ႐ြန္းရွိ လက္ဂ္ဒိုဆည္မွ ေရမ်ားလွ်ံက်ကာ ေရလႊမ္းမိုးျခင္းအတြက္ ပုံမွန္မဟုတ္တဲ့ သည္းထန္စြာမိုး႐ြာသြန္းမႈအေပၚ အာဏာပိုင္မ်ားက အျပစ္တင္ခဲ့ပါတယ္။

လာမယ့္ရက္ေတြမွာလည္း မိုးသည္းထန္စြာ ႐ြာသြန္းဦးမယ္လို႔ မိုးေလဝသပညာရွင္ေတြက ခန္႔မွန္းထားပါတယ္။

ႏိုင္ဂ်ီးရီးယားမွာ ေရလႊမ္းမိုးမႈဟာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းကို ပိုမိုဆိုး႐ြားေစခဲ့ၿပီး အထူးသျဖင့္ အၾကမ္းဖက္မႈမ်ားျဖစ္ပြားေနတဲ့ ေျမာက္ပိုင္းေဒသမွာ လူေပါင္း သုံးသန္းေက်ာ္ကို အိုးမဲ့အိမ္မဲ့ျဖစ္ေစခဲ့ေၾကာင္း ျပည္တြင္း ေ႐ႊ႕ေျပာင္းေနထိုင္မႈ ေစာင့္ၾကည့္ေရးစင္တာမွ ေျပာၾကားခဲ့ပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈေရးရာဝန္ႀကီး ဆာဒီရာအူမာဖာ႐ြက္ က ျပည္နယ္ငါးခုမွာ ႏိုဝင္ဘာလကုန္အထိ ေရလႊမ္းမိုးမႈအႏၲရာယ္ႀကဳံေတြ႕ရႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

"လက္ရွိ ကြၽန္ေတာ္တို႔သက္ဆိုင္ရာျပည္နယ္အစိုးရေတြ၊ ေဒသႏၲရအစိုးရေကာင္စီေတြနဲ႔ ေရလႊမ္းမိုး လြင္ျပင္ေတြမွာ ေနထိုင္တဲ့ ရပ္႐ြာလူထုေတြကို ျမင့္မားတဲ့ေနရာေတြဆီ ေ႐ႊ႕ေျပာင္းေပးျခင္းျဖင့္ ေနာက္ထပ္ ေရႀကီးေရလွ်ံမႈေတြအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ ေတာင္းဆိုေနပါတယ္" လို႔ ဖာ႐ြတ္က ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.