အခြေခံပညာကျောင်းပေါင်း (၁၂ဝဝ)ကျော် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး လိုအပ်သော ပညာရေးဝန်ထမ်း (၆ဝဝဝ) ကျော်ကို တိုးချဲ့ခန့်အပ်ရန်ခွင့်ပြု

 600

မျိုးကြီး (NP News) - အောက်တိုဘာ ၁၉

အခြေခံပညာကျောင်းပေါင်း (၁၂ဝဝ)ကျော်ကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး လိုအပ်သော ပညာရေးဝန်ထမ်း (၆ဝဝဝ) ကျော်ကို တိုးချဲ့ခန့်အပ်ရန် ခွင့်ပြုထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံတွင် အရာထမ်းရာထူးဝန် ထမ်းဦးရေမှာ (၁၅၄၅၅) ရှိပြီး အမှုထမ်းရာထူးဝန်ထမ်းဦးရေမှာ (၇၃၇၆၄၅)ဦးရှိကာ စုစုပေါင်းဝန်ထမ်းဦးရေမှာ (၇၅၃၁ဝဝ) ရှိကြောင်း အချက်အလက်များအရ သိရ သည်။

ပညာရေးဝန်ကြီးဌာန၌ အခြေခံပညာဦးစီးဌာန၏ဖွဲ့စည်းပုံတွင် ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း၊ ကျောင်း(ခွဲ)၊ မူလတန်းလွန်ကျောင်း စုစုပေါင်း(၁၂ဝ၉) ကျောင်းတို့ကို အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် ဝန်ကြီးဌာနက ယခုလပိုင်းအတွင်းက ခွင့်ပြုထားသည်။

ထို့ပြင် အဆင့်တိုးမြှင့်ဖွင့်လှစ်မည့်ကျောင်းများအတွက် ထပ်မံလိုအပ်သော ပညာ ရေးဝန်ထမ်းများဖြစ်သည့် အရာထမ်းရာထူးဝန်ထမ်း (၂၇၉)ဦးနှင့် အမှုထမ်းရာထူးဝန်ထမ်း(၅၈၅၅)ဦး စုစုပေါင်း (၆၁၃၄)ဦးကိုလည်း တိုးချဲ့ခန့်အပ်ရန် ပညာရေးဝန် ကြီးဌာနက ခွင့်ပြုထားကြောင်း သိရသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံအတွင်း၌ ဝန်ထမ်းဦးရေမှာ စုစုပေါင်း ၇၅၉၂၃၄ ဦးရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနတွင် လက်ရှိ၌ အခြေခံပညာကျောင်း (၄၇၈၅၃)ကျောင်းရှိပြီး မြို့နယ်ပညာရေးမှူးရုံး(၃၃ဝ)ရုံးနှင့် ခရိုင်ပညာရေးမှူးရုံး(၁၂၁)ရုံးရှိကြောင်း သိရသည်။

zawgyi version
အေျခခံပညာေက်ာင္းေပါင္း (၁၂ဝဝ)ေက်ာ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ျပဳခဲ့ၿပီး လိုအပ္ေသာ ပညာေရးဝန္ထမ္း (၆ဝဝဝ) ေက်ာ္ကို တိုးခ်ဲ႕ခန႔္အပ္ရန္ခြင့္ျပဳ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၉

အေျခခံပညာေက်ာင္းေပါင္း (၁၂ဝဝ)ေက်ာ္ကို အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ျပဳခဲ့ၿပီး လိုအပ္ေသာ ပညာေရးဝန္ထမ္း (၆ဝဝဝ) ေက်ာ္ကို တိုးခ်ဲ႕ခန႔္အပ္ရန္ ခြင့္ျပဳထားေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။

လက္ရွိတြင္ ပညာေရးဝန္ႀကီးဌာန၏ ဝန္ထမ္းဖြဲ႕စည္းပုံတြင္ အရာထမ္းရာထူးဝန္ ထမ္းဦးေရမွာ (၁၅၄၅၅) ရွိၿပီး အမႈထမ္းရာထူးဝန္ထမ္းဦးေရမွာ (၇၃၇၆၄၅)ဦးရွိကာ စုစုေပါင္းဝန္ထမ္းဦးေရမွာ (၇၅၃၁ဝဝ) ရွိေၾကာင္း အခ်က္အလက္မ်ားအရ သိရ သည္။

ပညာေရးဝန္ႀကီးဌာန၌ အေျခခံပညာဦးစီးဌာန၏ဖြဲ႕စည္းပုံတြင္ ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္း၊ ေက်ာင္း(ခြဲ)၊ မူလတန္းလြန္ေက်ာင္း စုစုေပါင္း(၁၂ဝ၉) ေက်ာင္းတို႔ကို အဆင့္တိုးျမႇင့္ဖြင့္လွစ္ရန္ ဝန္ႀကီးဌာနက ယခုလပိုင္းအတြင္းက ခြင့္ျပဳထားသည္။

ထို႔ျပင္ အဆင့္တိုးျမႇင့္ဖြင့္လွစ္မည့္ေက်ာင္းမ်ားအတြက္ ထပ္မံလိုအပ္ေသာ ပညာ ေရးဝန္ထမ္းမ်ားျဖစ္သည့္ အရာထမ္းရာထူးဝန္ထမ္း (၂၇၉)ဦးႏွင့္ အမႈထမ္းရာထူးဝန္ထမ္း(၅၈၅၅)ဦး စုစုေပါင္း (၆၁၃၄)ဦးကိုလည္း တိုးခ်ဲ႕ခန႔္အပ္ရန္ ပညာေရးဝန္ ႀကီးဌာနက ခြင့္ျပဳထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ပညာေရးဝန္ႀကီးဌာန၏ ဝန္ထမ္းဖြဲ႕စည္းပုံအတြင္း၌ ဝန္ထမ္းဦးေရမွာ စုစုေပါင္း ၇၅၉၂၃၄ ဦးရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေရးဝန္ႀကီးဌာနတြင္ လက္ရွိ၌ အေျခခံပညာေက်ာင္း (၄၇၈၅၃)ေက်ာင္းရွိၿပီး ၿမိဳ႕နယ္ပညာေရးမႉး႐ုံး(၃၃ဝ)႐ုံးႏွင့္ ခ႐ိုင္ပညာေရးမႉး႐ုံး(၁၂၁)႐ုံးရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.