ငါန်းဇွန်မြို့နယ်၌ မျက်နှာတွင်အဝတ်စည်းထားသော အမျိုးသား(၄)ဦးနှင့်အမျိုးသမီး(၁)ဦးအား နဖူး၌ကျည်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

 1161

NP News - အောက်တိုဘာ ၁၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ မျက်နှာတွင်အဝတ်စည်းထားသော အမျိုးသား (၄) ဦးနှင့် အမျိုးသမီး(၁)တစ်ဦးအား နဖူး၌ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ငါန်းဇွန်မြို့ နယ်၊ ကုလကျေးရွာအဝင် မြေသားလမ်းပေါ် အမျိုသား(၄)ဦးနှင့် အမျိုးသမီး(၁)တစ်ဦးတို့၏ ရုပ်အလောင်းများကို အထက်ပါကဲ့သို့ တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို လက်ပြန်ကြိုးတုပ်လျက် မျက် နှာတွင် အဝတ်စများစည်းထားပြီး နဖူး၌လည်းကျည်ဖောက်ဝင်ဒဏ်ရာများ အသီး သီးရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့၏ ရုပ်အလောင်းများအနီးတွင် 7.62 x 39 ကျည်ခွံ ၃ ခု၊ 9MM Luger ကျည်ခွံ ၁ ခုနှင့် ၎င်းကျည်ထိပ်ဖူး ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

လတ်တလောတွင် အဆိုပါရုပ်အလောင်း(၅)ခုကို ငါန်းဇွန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသတ်ခံခဲ့ရသော အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရဲတပ်ဖွဲ့အနေဖြင့် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ငါန္းဇြန္ၿမိဳ႕နယ္၌ မ်က္ႏွာတြင္အဝတ္စည္းထားေသာ အမ်ိဳးသား(၄)ဦးႏွင့္အမ်ိဳးသမီး(၁)ဦးအား နဖူး၌က်ည္ဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ေတြ႕ရွိ
NP News - ေအာက္တိုဘာ ၁၉

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၌ မ်က္ႏွာတြင္အဝတ္စည္းထားေသာ အမ်ိဳးသား (၄) ဦးႏွင့္ အမ်ိဳးသမီး(၁)တစ္ဦးအား နဖူး၌က်ည္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဆိုသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၈ ရက္၊ နံနက္ ၆ နာရီခြဲအခ်ိန္ခန႔္တြင္ ငါန္းဇြန္ၿမိဳ႕ နယ္၊ ကုလေက်း႐ြာအဝင္ ေျမသားလမ္းေပၚ အမ်ိဳသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁)တစ္ဦးတို႔၏ ႐ုပ္အေလာင္းမ်ားကို အထက္ပါကဲ့သို႔ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

အဆိုပါ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ကို လက္ျပန္ႀကိဳးတုပ္လ်က္ မ်က္ ႏွာတြင္ အဝတ္စမ်ားစည္းထားၿပီး နဖူး၌လည္းက်ည္ေဖာက္ဝင္ဒဏ္ရာမ်ား အသီး သီးရရွိကာ ေသဆုံးေနျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

၎တို႔၏ ႐ုပ္အေလာင္းမ်ားအနီးတြင္ 7.62 x 39 က်ည္ခြံ ၃ ခု၊ 9MM Luger က်ည္ခြံ ၁ ခုႏွင့္ ၎က်ည္ထိပ္ဖူး ၁ ခုတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္းလည္း ရဲတပ္ဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။

လတ္တေလာတြင္ အဆိုပါ႐ုပ္အေလာင္း(၅)ခုကို ငါန္းဇြန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အသတ္ခံခဲ့ရေသာ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔မွာ မည္သူမည္ဝါျဖစ္ေၾကာင္းကို ရဲတပ္ဖြဲ႕အေနျဖင့္ စိစစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Picture

L Mone

19/10/2022 20:00

လူတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်နည်းပေါင်းစုံနဲ့ ချိန်ထိုးသုံးကြည့်ကြသင့်ပါပြီ။

Related news

© 2021. All rights reserved.