လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် (၅)ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုးဇလသတိပေး

 688

ယွန်း (NP News) - အောက်တိုဘာ ၂ဝ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ် ဝန်း၏ အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၂ဝ ရက်) နံနက်(၁၁)နာရီအချိန်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလမှ ယနေ့ မြန်မာစံတော်ချိန် နံနက်(၁W)နာရီ တိုင်းထွာချက်အရ ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ် ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး လာမည့် အောက်တိုဘာလ (၂၂)ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ဆိုသည်။

ထို့နောက် အဆိုပါမုန်တိုင်းငယ်သည် အောက်တိုဘာလ(၂၄)ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အောက်တိုဘာလ(၂၂)ရက်မှ (၂၆)ရက်အ ထိ (၅)ရက်တာကာလအတွင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်းနှင့် ရခိုင်တို့တွင် နေရာအနှံ့အပြားမိုးကြီးနိုင်ပြီး နေပြည် တော်၊ မန္တလေး၊ ကရင်နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

၎င်းအပြင် အချို့ဒေသများတွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌လည်း မိုးသက်လေပြင်းကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီမိုင်(၄ဝ)အထိတိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေ ခန့်ရှိနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် ပြည်တွင်းလေကြောင်း ပျံ သန်းရေးအပါအဝင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။

zawgyi version
ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ (၅)ရက္အတြင္း ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ မိုးႀကီးႏိုင္ဟု မိုးဇလသတိေပး
ယြန္း (NP News) - ေအာက္တိုဘာ ၂ဝ

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ ဝန္း၏ အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလမွထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ေအာက္တိုဘာလ ၂ဝ ရက္) နံနက္(၁၁)နာရီအခ်ိန္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလမွ ယေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္(၁W)နာရီ တိုင္းထြာခ်က္အရ ကပၸလီပင္ လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ေလဖိအားနည္းရပ္ ဝန္းတစ္ခုျဖစ္ေပၚေနေၾကာင္း သိရသည္။

အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီး လာမည့္ ေအာက္တိုဘာလ (၂၂)ရက္တြင္ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းႏွင့္ အေရွ႕ေတာင္ပိုင္းတို႔တြင္ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ ဆိုသည္။

ထို႔ေနာက္ အဆိုပါမုန္တိုင္းငယ္သည္ ေအာက္တိုဘာလ(၂၄)ရက္တြင္ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္း၌ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ အားေကာင္းလာႏိုင္ေၾကာင္း မိုးဇလမွခန႔္မွန္းထားသည္။

ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ေအာက္တိုဘာလ(၂၂)ရက္မွ (၂၆)ရက္အ ထိ (၅)ရက္တာကာလအတြင္း စစ္ကိုင္း၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ခ်င္းႏွင့္ ရခိုင္တို႔တြင္ ေနရာအႏွံ႔အျပားမိုးႀကီးႏိုင္ၿပီး ေနျပည္ ေတာ္၊ မႏၲေလး၊ ကရင္ႏွင့္ မြန္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

၎အျပင္ အခ်ိဳ႕ေဒသမ်ားတြင္လည္း ေနရာကြက္၍မိုးႀကီးႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ျပင္ ျမန္မာ့ကမ္း႐ိုးတန္းႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔၌လည္း မိုးသက္ေလျပင္းက်ေရာက္၍ လႈိင္းႀကီးႏိုင္ၿပီး မိုးသက္ေလျပင္း က်ေရာက္စဥ္ ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီမိုင္(၄ဝ)အထိတိုက္ခတ္ႏိုင္၍ လႈိင္းအျမင့္မွာ (၉)ေပမွ (၁၃)ေပ ခန႔္ရွိႏိုင္ေၾကာင္း မိုးဇလမွခန႔္မွန္းထားသည္။

ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ျခင္း၊ မိုးထစ္ခ်ဳန္း႐ြာျခင္းမ်ားျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံ သန္းေရးအပါအဝင္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ားႏွင့္ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ အသိေပးထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.