ရန်ကုန်မြို့၏ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဆိပ်ကမ်း၌ (၉)ရက်ကြာကျင်းပမည်

 929

ယွန်း (NP News) - အောက်တိုဘာ ၂ဝ

ရန်ကုန်မြို့၌ ပထမဆုံးရေပေါ်ညဈေးကို (၉)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တော်ဝင်ချမ်းသာကုမ္ပဏီမှ သိရသည်။

ရေပေါ်ညဈေးအား အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အသီးသီးကျင်းပကြသော်လည်း ယခုရန်ကုန်တွင် ကျင်းပမည့် ရေပေါ်ညဈေးသည် မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်းသိရ သည်။

“အဓိကရည်ရွယ်ချက်ကတော့ ယဉ်ကျေးမှုတွေကိုပြချင်တာပါ။ အမျိုးသားရေး ဝတ် စုံတွေကို ကျွန်တော်တို့ ထုတ်ပြချင်တဲ့ အတွက်ကြောင့်ရယ်၊ နောက်တစ်ခါ အိမ်နီး ချင်းနိုင်ငံမှာရှိပြီး မြန်မာနိုင်ငံမှာ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပထမဦး ဆုံးအကြိမ်ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု တော်ဝင်ချမ်းသာကုမ္ပဏီမှ တာဝန်ရှိသူဦးကိုဋ္ဌေးက NP News ကိုပြောသည်။

အဆိုပါရေပေါ်ညဈေးကို အောက်တိုဘာလ(၃၁)ရက်မှ နိုဝင်ဘာလ(၈)ရက်အထိ (၉)ရက်ကြာ ဗိုလ်တထောင်ဘုရားအနီးရှိ ဆိပ်ခံတံတားအမှတ် (၅)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“တံတားမှာကျွန်တော်တို့ ဆိုင်ခန်းတွေရောင်းမယ်၊ လှေလေးတွေနဲ့ culture တွေပြမယ်၊ မြန်မာပြည်ရဲ့ဦးဆုံးပွဲလည်းဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ရေပေါ်ညဈေးတန်းတွင် ဆိုင်ခန်းပေါင်း(၃ဝ)ကျော်လက်ခံသွားမည်ဖြစ်သည့်အပြင် ရေပေါ်လှေဈေးလည်းပါဝင်သည့်အတွက် လှေပေါ်တွင်လည်းရောင်းချခွင့်ပြုပေးသွားမည်ဖြစ်သည်။

ပွဲချိန်အား ညနေ(၃)နာရီမှ ည(၈)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဈေးဆိုင်ခန်းအားလုံးကိုတော့ ကျွန်တော်တို့က အခမဲ့ပေးမှာဖြစ်ပါတယ်။ လာရောက်ရောင်းချတဲ့သူတွေအတွက် တွန်းလှည်းတွေကိုတော့ ကျွန်တော်တို့က လှည်းငှားရမ်းခ (၃ဝဝဝဝ)ယူသွားမှာပါ”ဟု ဦးကိုဋ္ဌေးက NP News ကိုပြော သည်။

အဆိုပါရေပေါ်ညဈေးတွင် ရိုးရာအစားအစာများနှင့် နိုင်ငံတကာအစားအစာများကို ဦးစားပေးရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး လာရောက်ရောင်းချသူများသည် တိုင်း ရင်းသားရိုးရာဝတ်စုံများ ဝတ်ဆင်၍ ရောင်းချကြရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၏ ပထမဆုံးေရေပၚညေဈးကို ဗိုလ္တေထာင္ဆိပ္ကမ္း၌ (၉)ရက္ၾကာက်င္းပမည္
ယြန္း (NP News) - ေအာက္တိုဘာ ၂ဝ

ရန္ကုန္ၿမိဳ႕၌ ပထမဆုံးေရေပၚညေဈးကို (၉)ရက္ၾကာက်င္းပသြားမည္ျဖစ္ေၾကာင္း ေတာ္ဝင္ခ်မ္းသာကုမၸဏီမွ သိရသည္။

ေရေပၚညေဈးအား အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္ၾကေသာ ထိုင္းႏွင့္ အင္ဒိုနီးရွားႏိုင္ငံမ်ားတြင္ အသီးသီးက်င္းပၾကေသာ္လည္း ယခုရန္ကုန္တြင္ က်င္းပမည့္ ေရေပၚညေဈးသည္ ျမန္မာႏိုင္ငံတြင္ပထမဆုံးအႀကိမ္က်င္းပျခင္းျဖစ္ေၾကာင္းသိရ သည္။

“အဓိကရည္႐ြယ္ခ်က္ကေတာ့ ယဥ္ေက်းမႈေတြကိုျပခ်င္တာပါ။ အမ်ိဳးသားေရး ဝတ္ စုံေတြကို ကြၽန္ေတာ္တို႔ ထုတ္ျပခ်င္တဲ့ အတြက္ေၾကာင့္ရယ္၊ ေနာက္တစ္ခါ အိမ္နီး ခ်င္းႏိုင္ငံမွာရွိၿပီး ျမန္မာႏိုင္ငံမွာ မရွိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔က ပထမဦး ဆုံးအႀကိမ္က်င္းပရျခင္း ျဖစ္ပါတယ္” ဟု ေတာ္ဝင္ခ်မ္းသာကုမၸဏီမွ တာဝန္ရွိသူဦးကိုေ႒းက NP News ကိုေျပာသည္။

အဆိုပါေရေပၚညေဈးကို ေအာက္တိုဘာလ(၃၁)ရက္မွ ႏိုဝင္ဘာလ(၈)ရက္အထိ (၉)ရက္ၾကာ ဗိုလ္တေထာင္ဘုရားအနီးရွိ ဆိပ္ခံတံတားအမွတ္ (၅)တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“တံတားမွာကြၽန္ေတာ္တို႔ ဆိုင္ခန္းေတြေရာင္းမယ္၊ ေလွေလးေတြနဲ႔ culture ေတြျပမယ္၊ ျမန္မာျပည္ရဲ႕ဦးဆုံးပြဲလည္းျဖစ္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေရေပၚညေဈးတန္းတြင္ ဆိုင္ခန္းေပါင္း(၃ဝ)ေက်ာ္လက္ခံသြားမည္ျဖစ္သည့္အျပင္ ေရေပၚေလွေဈးလည္းပါဝင္သည့္အတြက္ ေလွေပၚတြင္လည္းေရာင္းခ်ခြင့္ျပဳေပးသြားမည္ျဖစ္သည္။

ပြဲခ်ိန္အား ညေန(၃)နာရီမွ ည(၈)နာရီအထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေဈးဆိုင္ခန္းအားလုံးကိုေတာ့ ကြၽန္ေတာ္တို႔က အခမဲ့ေပးမွာျဖစ္ပါတယ္။ လာေရာက္ေရာင္းခ်တဲ့သူေတြအတြက္ တြန္းလွည္းေတြကိုေတာ့ ကြၽန္ေတာ္တို႔က လွည္းငွားရမ္းခ (၃ဝဝဝဝ)ယူသြားမွာပါ”ဟု ဦးကိုေ႒းက NP News ကိုေျပာ သည္။

အဆိုပါေရေပၚညေဈးတြင္ ႐ိုးရာအစားအစာမ်ားႏွင့္ ႏိုင္ငံတကာအစားအစာမ်ားကို ဦးစားေပးေရာင္းခ်ခြင့္ျပဳသြားမည္ျဖစ္ၿပီး လာေရာက္ေရာင္းခ်သူမ်ားသည္ တိုင္း ရင္းသား႐ိုးရာဝတ္စုံမ်ား ဝတ္ဆင္၍ ေရာင္းခ်ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.