ပါရာစီတမောလ်အပါအဝင် ဆေးဝါး(၁၈)မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်ပြု

 1084

ဖူးပြည့် (NP News) - အောက်တိုဘာ ၂ဝ

ပါရာစီတမောလ်အပါအဝင် ဆေးဝါး (၁၈)မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အကောက်ခွန်က အောက်တိုဘာလ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အကောက်ခွန်ဦးစီးဌာနသည် မြန်မာ့အကောက်ခွန်နှုန်းစားရင်း ၂ဝ၂၂ အား ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် ပြောင်းလဲကျင့်သုံးခဲ့ရာ ဆေးဝါးကုန်ပစ္စည်းများတင်သွင်းသူများအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၈၅/၂ဝ၂၂)ဖြင့် ထုတ်ပြန်ကြေညာချက်အရ အချို့သောဆေးဝါးများသည်အကောက်ခွန်ကင်းလွတ်ခွင့်နှင့် အကောက်ခွန်နှုန်းထားလျော့ပေါ့ခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆေးဝါး (၁၈)မျိုးသည် အကောက်ခွန်နှုန်းကင်းလွတ်ခွင့်ရရှိမည်ဖြစ် သည်။

အကောက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် ဆေးဝါးစာရင်းတွင် အက်စ်ပရင်ဆေးပြား၊ ပါရာစီတမောလ်၊ ကလိုဖယ်နီရာမင်း၊ ဒိုင်ရာဇီပင်၊ မယ်ဗင်ဒါဇော၊ ဂျင်တာမိုင်စင်၊ မက်ထရိုနိုင်ဒါဇော၊ ပရိုပယ်နာလော၊ ဓာတ်ဆားရည်၊ ကလိုပရိုမာဇင်း၊ ဆယ်(လ)ဗြူတာမော၊ ဂလူးကို(စ်)+ဓာတ်ဆားရည်အကြောသွင်းဆေး၊ ရီဖင်ပီဇင်၊ အီသမ်ဗြူတော၊ အိုင်ဆိုနိုင်ရာ ဇိုက်၊ ဖရူဆီမိုက်၊ ဒိုင်ဂေါ့ဆင်း၊ ပရက်(စ်)နီဆလုံး တို့ပါဝင်ကြောင်းသိရသည်။

အလားတူ ဆေးဝါး (၂၁)မျိုးကို မြန်မာအကောက်ခွန်နှုန်း ၂ဝ၂၂ ပါအတိုင်းအ ကောက်ခွန်နှုန်း (၅)ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ ဆေးဝါး (၂၁)မျိုးမှအပ ကျန်ဆေးဝါးများအတွက် အကောက်ခွန်နှုန်း ၁ ဒသ မ ၅ ရာခိုင်နှုန်းကောက်ခံနိုင်ရန် HS Code များ၏နောက်တွင် Obelisk Code “4” ဖြင့် ကြေညာလွှာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ အခြားဆေးနှင့် ဆေးပစ္စည်းများအား လေကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိသည်။

zawgyi version
ပါရာစီတေမာလ္အပါအဝင္ ေဆးဝါး(၁၈)မ်ိဳးကို အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳ
ဖူးျပည့္ (NP News) - ေအာက္တိုဘာ ၂ဝ

ပါရာစီတေမာလ္အပါအဝင္ ေဆးဝါး (၁၈)မ်ိဳးကို အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳလိုက္ေၾကာင္း အေကာက္ခြန္က ေအာက္တိုဘာလ ၁၉ ရက္တြင္ အသိေပးထုတ္ျပန္ခဲ့သည္။

အေကာက္ခြန္ဦးစီးဌာနသည္ ျမန္မာ့အေကာက္ခြန္ႏႈန္းစားရင္း ၂ဝ၂၂ အား ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁၈ ရက္တြင္ ေျပာင္းလဲက်င့္သုံးခဲ့ရာ ေဆးဝါးကုန္ပစၥည္းမ်ားတင္သြင္းသူမ်ားအေနျဖင့္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၈၅/၂ဝ၂၂)ျဖင့္ ထုတ္ျပန္ေၾကညာခ်က္အရ အခ်ိဳ႕ေသာေဆးဝါးမ်ားသည္အေကာက္ခြန္ကင္းလြတ္ခြင့္ႏွင့္ အေကာက္ခြန္ႏႈန္းထားေလ်ာ့ေပါ့ခြင့္မ်ား ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေဆးဝါး (၁၈)မ်ိဳးသည္ အေကာက္ခြန္ႏႈန္းကင္းလြတ္ခြင့္ရရွိမည္ျဖစ္ သည္။

အေကာက္ခြန္ေကာက္ခံျခင္းမွ ကင္းလြတ္ခြင့္ျပဳသည့္ ေဆးဝါးစာရင္းတြင္ အက္စ္ပရင္ေဆးျပား၊ ပါရာစီတေမာလ္၊ ကလိုဖယ္နီရာမင္း၊ ဒိုင္ရာဇီပင္၊ မယ္ဗင္ဒါေဇာ၊ ဂ်င္တာမိုင္စင္၊ မက္ထ႐ိုႏိုင္ဒါေဇာ၊ ပ႐ိုပယ္နာေလာ၊ ဓာတ္ဆားရည္၊ ကလိုပ႐ိုမာဇင္း၊ ဆယ္(လ)ျဗဴတာေမာ၊ ဂလူးကို(စ္)+ဓာတ္ဆားရည္အေၾကာသြင္းေဆး၊ ရီဖင္ပီဇင္၊ အီသမ္ျဗဴေတာ၊ အိုင္ဆိုႏိုင္ရာ ဇိုက္၊ ဖ႐ူဆီမိုက္၊ ဒိုင္ေဂါ့ဆင္း၊ ပရက္(စ္)နီဆလုံး တို႔ပါဝင္ေၾကာင္းသိရသည္။

အလားတူ ေဆးဝါး (၂၁)မ်ိဳးကို ျမန္မာအေကာက္ခြန္ႏႈန္း ၂ဝ၂၂ ပါအတိုင္းအ ေကာက္ခြန္ႏႈန္း (၅)ရာခိုင္ႏႈန္းျဖင့္ ေကာက္ခံသြားမည္ျဖစ္ၿပီး အဆိုပါ ေဆးဝါး (၂၁)မ်ိဳးမွအပ က်န္ေဆးဝါးမ်ားအတြက္ အေကာက္ခြန္ႏႈန္း ၁ ဒသ မ ၅ ရာခိုင္ႏႈန္းေကာက္ခံႏိုင္ရန္ HS Code မ်ား၏ေနာက္တြင္ Obelisk Code “4” ျဖင့္ ေၾကညာလႊာတင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အေကာက္ခြန္ဦးစီးဌာနအေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး ပစၥည္းမ်ား၊ အျခားေဆးႏွင့္ ေဆးပစၥည္းမ်ားအား ေလေၾကာင္း၊ ေရေၾကာင္းႏွင့္ ဆိပ္ကမ္းအသီးသီးမွ ေန႔စဥ္လြယ္ကူေခ်ာေမြ႕စြာ စစ္ေဆးထုတ္ ေပးလ်က္ရွိသည္။

Picture

Pho Htaung

20/10/2022 18:02

ဆေးဆိုင်အချို့ ကတွဲဆေးအ ချို့ကို ကြပ်မတ်စေချင်တယ် အန္တရာယ်များများပါတယိ

Picture

Pho Htaung

20/10/2022 18:02

ဆေးဆိုင်အချို့ ကတွဲဆေးအ ချို့ကို ကြပ်မတ်စေချင်တယ် အန္တရာယ်များများပါတယိ

Picture

L Mone

21/10/2022 09:18

ဆေးဆိုင်တွေကို ထောက်လှမ်းရမှာက အသက်ပမာ အရေးကြီးလှပါ၏

Related news

© 2021. All rights reserved.