နစကအကြီးအကဲထံ ဘယ်လာရုစ်နိုင်ငံနှင့် နီပေါနိုင်ငံတို့က သံအမတ်ခန့်လွှာများ ပေးအပ်ခဲ့ပြီး ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စများ ဆွေးနွေး

 599

မျိုးကြီး (NP News) - အောက်တိုဘာ ၂၁

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်နိုင်ငံနှင့် နီပေါနိုင်ငံတို့က သံအမတ်ခန့်လွှာများ ပေးအပ်ခဲ့ပြီး ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးတွင် အောက်တိုဘာ ၂ဝ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် H.E. Mr. Uladzimir Baravikou ကို ခန့်အပ်ရန်အတွက် သံအမတ်ခန့်အပ်လွှာကို ၎င်းကိုယ်တိုင်လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နစကအကြီးအကဲထံသို့ သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ၎င်းနေ့တွင်လည်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ နိုင်ငံပေါနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားသော H.E. Mr. Harishchandra Ghimire က ၎င်းကိုယ်တိုင် သံအမတ်ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနှင့် နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး နှင့် ခရီးသွားလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်အာဏာကို တပ်မတော်က ရယူပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံတစ်ချို့ သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းမရှိဘဲ သံတမန်အဆင့်လျှော့ချကာ သံရုံးတာဝန်ခံများဖြင့် ဆက်ဆံမှုများရှိခဲ့ပြီး မြန်မာနိုင်ငံကလည်း ၎င်းသက်ဆိုင်ရာနိုင်ငံများတွင် သံတမန်ခန့်အပ်မှုမရှိဘဲ သံရုံးတာဝန်ခံများဖြင့်သာ ပြန်လည်ဆက်ဆံတုံ့ပြန်မှုများရှိခဲ့သည်။

Zawgyi Version;
နစကအႀကီးအကဲထံ ဘယ္လာ႐ုစ္ႏိုင္ငံႏွင့္ နီေပါႏိုင္ငံတို႔က သံအမတ္ခန႔္လႊာမ်ား ေပးအပ္ခဲ့ၿပီး ကုန္သြယ္မႈတိုးျမႇင့္ေရးကိစၥမ်ား ေဆြးေႏြး
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂၁

နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ဘယ္လာ႐ုစ္ႏိုင္ငံႏွင့္ နီေပါႏိုင္ငံတို႔က သံအမတ္ခန႔္လႊာမ်ား ေပးအပ္ခဲ့ၿပီး ကုန္သြယ္မႈတိုးျမႇင့္ေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံးတြင္ ေအာက္တိုဘာ ၂ဝ ရက္ နံနက္ပိုင္းက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ဘယ္လာ႐ုစ္ႏိုင္ငံ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးအျဖစ္ H.E. Mr. Uladzimir Baravikou ကို ခန႔္အပ္ရန္အတြက္ သံအမတ္ခန႔္အပ္လႊာကို ၎ကိုယ္တိုင္လာေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ နစကအႀကီးအကဲထံသို႔ သံအမတ္ႀကီးခန႔္အပ္လႊာေပးအပ္ၿပီးေနာက္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရးႏွင့္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္သြားေရာက္ေရးကိစၥရပ္မ်ား၊ ကုန္သြယ္မႈတိုးျမႇင့္ေဆာင္႐ြက္ေရး၊ သိပၸံႏွင့္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကိုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ၎ေန႔တြင္လည္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ႏိုင္ငံေပါႏိုင္ငံကလည္း ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးအျဖစ္ခန႔္အပ္ရန္ သေဘာတူထားေသာ H.E. Mr. Harishchandra Ghimire က ၎ကိုယ္တိုင္ သံအမတ္ခန႔္အပ္လႊာကို လာေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျမန္မာႏွင့္ နီေပါႏိုင္ငံတို႔အၾကား ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး၊ စီးပြားေရးႏွင့္ကုန္သြယ္မႈတိုးျမႇင့္ေဆာင္႐ြက္ေရး ႏွင့္ ခရီးသြားလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္က ရယူၿပီးေနာက္ပိုင္းတြင္ ျပည္ပႏိုင္ငံတစ္ခ်ိဳ႕ သံအမတ္ခန႔္အပ္လႊာေပးအပ္ျခင္းမရွိဘဲ သံတမန္အဆင့္ေလွ်ာ့ခ်ကာ သံ႐ုံးတာဝန္ခံမ်ားျဖင့္ ဆက္ဆံမႈမ်ားရွိခဲ့ၿပီး ျမန္မာႏိုင္ငံကလည္း ၎သက္ဆိုင္ရာႏိုင္ငံမ်ားတြင္ သံတမန္ခန႔္အပ္မႈမရွိဘဲ သံ႐ုံးတာဝန္ခံမ်ားျဖင့္သာ ျပန္လည္ဆက္ဆံတုံ႔ျပန္မႈမ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.