နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားများကို ပြန်မပို့ဖို့ ကုလသမဂ္ဂ တိုက်တွန်းတောင်းဆို

 973

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၁

နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ အတင်းအကြပ်စီစဉ်ခြင်းများကို ရပ်တန့်စေလိုကြောင်း ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR က မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများအနေနဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံထံပြန်ပို့မယ်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် နေရပ်စွန့်ခွာလာတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ဖို့တွန်းအားပေးခြင်းများကို ရပ်တန့်စေလိုတယ်လို့ ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံများထံ နေရပ် စွန့်ခွာထွက်ပြေးမှုများရှိလာခဲ့ပြီး၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်အဖြစ် နေထိုင်မှုများရှိနေခဲ့တယ်လို့ သိရပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးလာသူများကို မိခင်နိုင်ငံထံပြန်ပို့နေတဲ့သတင်းများကြားရသိရတဲ့အပေါ် အလွန်အမင်းစိုးရိမ်မှုဖြစ်ရကြောင်း UNHCR က ဆိုပါတယ်။

UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူ Gillian Triggs က "ဆိုးရှားတဲ့ထိခိုက်နာကျင်မှုတွေက ဘေးကင်းလုံခြုံအောင် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကြပ်ပြန်ပိုဖို့ လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ဘေးကင်းလုံခြုံမှုရှိအောင် ကာကွယ် ပေးမှုတွေ ဆက်လက်လုပ်ကိုင်ပေးဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ်နေ ထိုင်ခွင့်ရဖို့နဲ့ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူများကို ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေလည်း အဆုံးသတ်စေလိုတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမောက်ကမဖြစ်ပွားမှုများဖြစ်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားမှု အရှိန်မြင့်တက်မှုနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက်များလာခဲ့တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂနဲ့မိတ်ဖက်အဖွဲ့စည်းများအနေနဲ့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးလာသူများကို ဒုက္ခသည်အဖြစ် လက်ခံပေးထားတဲ့နိုင်ငံများနဲ့ အစိုးရများကို ကူညီပံ့ပိုးပေးမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
ေနရပ္စြန႔္ခြာထြက္ေျပးလာတဲ့ ျမန္မာႏိုင္ငံသားမ်ားကို ျပန္မပို႔ဖို႔ ကုလသမဂၢ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၁

ေနရပ္စြန႔္ခြာထြက္ေျပးလာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔ဖို႔ အတင္းအၾကပ္စီစဥ္ျခင္းမ်ားကို ရပ္တန႔္ေစလိုေၾကာင္း ကုလသမဂၢအဖြဲ႕က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားေအဂ်င္စီ UNHCR က ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံမ်ားအေနနဲ႔ ျမန္မာႏိုင္ငံသားေတြကို မိခင္ႏိုင္ငံထံျပန္ပို႔မယ္ဆိုရင္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနမ်ိဳးေတြ ျဖစ္လာႏိုင္တဲ့အတြက္ ေနရပ္စြန႔္ခြာလာတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္ဖို႔တြန္းအားေပးျခင္းမ်ားကို ရပ္တန႔္ေစလိုတယ္လို႔ ဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံသားေတြဟာ အိမ္နီးခ်င္းႏိုင္ငံမ်ားထံ ေနရပ္ စြန႔္ခြာထြက္ေျပးမႈမ်ားရွိလာခဲ့ၿပီး၊ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ခိုလႈံခြင့္ရဖို႔၊ ဒုကၡသည္အျဖစ္ ေနထိုင္မႈမ်ားရွိေနခဲ့တယ္လို႔ သိရပါတယ္။ ေနရပ္စြန႔္ခြာထြက္ေျပးလာသူမ်ားကို မိခင္ႏိုင္ငံထံျပန္ပို႔ေနတဲ့သတင္းမ်ားၾကားရသိရတဲ့အေပၚ အလြန္အမင္းစိုးရိမ္မႈျဖစ္ရေၾကာင္း UNHCR က ဆိုပါတယ္။

UNHCR ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Gillian Triggs က "ဆိုးရွားတဲ့ထိခိုက္နာက်င္မႈေတြက ေဘးကင္းလုံၿခဳံေအာင္ ေနရပ္စြန႔္ခြာထြက္ေျပးလာတဲ့ ျမန္မာႏိုင္ငံသားေတြကို အတင္းအၾကပ္ျပန္ပိုဖို႔ လုပ္ေဆာင္ေနတာေတြကို ရပ္တန႔္ဖို႔ ေတာင္းဆိုပါတယ္။ ေနရပ္စြန႔္ခြာထြက္ေျပးလာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေဘးကင္းလုံၿခဳံမႈရွိေအာင္ ကာကြယ္ ေပးမႈေတြ ဆက္လက္လုပ္ကိုင္ေပးဖို႔ ႏိုင္ငံအားလုံးကို တိုက္တြန္းပါတယ္။ ျမန္မာႏိုင္ငံကေန ဒုကၡသည္အျဖစ္ေန ထိုင္ခြင့္ရဖို႔နဲ႔ ႏိုင္ငံေရး ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းသူမ်ားကို ဖမ္းဆီးထိန္းသိမ္းတာမ်ိဳးေတြလည္း အဆုံးသတ္ေစလိုတယ္" လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ကအာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ကေမာက္ကမျဖစ္ပြားမႈမ်ားျဖစ္ခဲ့ရာ တိုက္ပြဲ ျဖစ္ပြားမႈ အရွိန္ျမင့္တက္မႈနဲ႔အတူ ေနရပ္စြန႔္ခြာထြက္ေျပးသူအေရအတြက္မ်ားလာခဲ့တယ္လို႔ သိရပါတယ္။ ကုလသမဂၢနဲ႔မိတ္ဖက္အဖြဲ႕စည္းမ်ားအေနနဲ႔ ျမန္မာႏိုင္ငံက ေနရပ္စြန႔္ခြာထြက္ေျပးလာသူမ်ားကို ဒုကၡသည္အျဖစ္ လက္ခံေပးထားတဲ့ႏိုင္ငံမ်ားနဲ႔ အစိုးရမ်ားကို ကူညီပံ့ပိုးေပးမႈမ်ား လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။

Picture

Htun Aung Kyaw

21/10/2022 14:05

ငိုးမ ကုလသမဂ္ဂ ကျိုက်ထီးရိုးကိစ္စနဲ့ အင်းစိန်ထောင်ကိစ္စကျ မသိချင်ယောင်ဆောင်နေပီးတော့မှ 😈

Picture

Ye Htun

21/10/2022 15:13

ဘဂ်ါလီတွေကိုလည်းပြန်မပို့နဲ့နော်...

Picture

Taw Ka

21/10/2022 18:32

အဲ့တာဆို ကုလကို ပြောပေး USမှာလာနေချင်တယ် နိုင်ငံသားဖြစ်ခွင့်ပါတစ်ခါတည်း လိုချင်တယ်လို့

Related news

© 2021. All rights reserved.