မန္တလေး-မတ္တရာသွားကားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၃)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး

 862

NP News - အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မတ္တရာသွားကားလမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ (၃)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၁၉)ရက် နေ့လည်(၁)နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာနှင့် ပုသိမ်လေးကျေးရွာကြားရှိ မန္တလေး-မတ္တရာကားလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၈)မိုင် (၅)ဖာလုံအနီးရှိ လမ်းဘေးကွမ်းယာဆိုင် အဟောင်းဘေးတွင် အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

၎င်းပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသည့် လမ်းမကြီးဘေးတွင် နေထိုင်သော ဦးခိုင်သန်းဦး၏ သမီးဖြစ်သူ မကျော့နဒီခိုင်(၃)နှစ်သည် မိုင်းစထိမှန်၍ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နေ့လည်(၃)နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြင်းချင်းကျေးရွာတွင် နေထိုင်သော ဦးမျိုးသူ အောင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် မြင်းချင်းကျေးရွာမှ ရွှေဘိုမြို့သို့ မူးဘောင်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဇီးကုန်းကျေးရွာအနီးအရောက်တွင် လမ်း၏တစ်ဖက်ခြမ်းမှ အကြမ်းဖက်သမားများထောင်ထား သည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် ဦးမျိုးသူအောင်တွင် နောက်ကျော၊ ဝမ်းဗိုက်နှင့် ခြေသလုံးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ ခြင်းကြောင့် ဆေးကုသရန် ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Zawgyi Version;
မႏၲေလး-မတၱရာသြားကားလမ္းတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ (၃)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသဆုံး
NP News - ေအာက္တိုဘာ ၂၁

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလး-မတၱရာသြားကားလမ္းတြင္ လက္လုပ္မိုင္းေပါက္ကြဲခဲ့ရာ (၃)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ(၁၉)ရက္ ေန႔လည္(၁)နာရီအခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကုလားမေတာင္ေက်း႐ြာႏွင့္ ပုသိမ္ေလးေက်း႐ြာၾကားရွိ မႏၲေလး-မတၱရာကားလမ္းေပၚတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အဆိုပါကားလမ္းေပၚရွိ မိုင္တိုင္အမွတ္(၈)မိုင္ (၅)ဖာလုံအနီးရွိ လမ္းေဘးကြမ္းယာဆိုင္ အေဟာင္းေဘးတြင္ အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

၎ေပါက္ကြဲမႈေၾကာင့္ အဆိုပါေနရာအနီးေရာက္ရွိေနသည့္ လမ္းမႀကီးေဘးတြင္ ေနထိုင္ေသာ ဦးခိုင္သန္းဦး၏ သမီးျဖစ္သူ မေက်ာ့နဒီခိုင္(၃)ႏွစ္သည္ မိုင္းစထိမွန္၍ ဦးေခါင္းပြင့္ထြက္ဒဏ္ရာျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အလားတူ ေန႔လည္(၃)နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕၊ ျမင္းခ်င္းေက်း႐ြာတြင္ ေနထိုင္ေသာ ဦးမ်ိဳးသူ ေအာင္ႏွင့္ ၎၏ဇနီးျဖစ္သူတို႔သည္ ျမင္းခ်င္းေက်း႐ြာမွ ေ႐ႊဘိုၿမိဳ႕သို႔ မူးေဘာင္လမ္းအတိုင္း ဆိုင္ကယ္ျဖင့္ သြားေရာက္စဥ္ ဇီးကုန္းေက်း႐ြာအနီးအေရာက္တြင္ လမ္း၏တစ္ဖက္ျခမ္းမွ အၾကမ္းဖက္သမားမ်ားေထာင္ထား သည့္ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ေပါက္ကြဲမႈေၾကာင့္ ဦးမ်ိဳးသူေအာင္တြင္ ေနာက္ေက်ာ၊ ဝမ္းဗိုက္ႏွင့္ ေျခသလုံးတို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ ျခင္းေၾကာင့္ ေဆးကုသရန္ ေ႐ႊဘိုခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

Related news

© 2021. All rights reserved.