မသန်စွမ်းခရီးသွားများ ခရီးစဉ်ဒေသများသို့သွားလာရာတွင် အဆင်ပြေစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်နေ

 558

ယွန်း (NP News) - အောက်တိုဘာ ၂၁

မသန်စွမ်းခရီးသွားများအနေဖြင့် ခရီးစဉ်ဒေသများသို့သွားလာရာတွင် အဆင်ပြေစေရန် မြန်မာနိုင်ငံတွင်တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရ သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အောက်တိုဘာ(၂ဝ)ရက် နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမတွင် ကျင်းပသော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လိုအပ်နေသော တီထွင်ဖန်တီးမှုများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း အပြင် အားနည်းလျက်ရှိသော ကဏ္ဍများကိုလည်း ဟန်ချက်ညီစွာအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းခရီးသွားများ ခရီးစဉ်ဒေသများသို့သွားလာရာတွင် လွယ်ကူအဆင်ပြေ ရန်အတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်းကဲ့သို့သော ခရီးသွားလုပ်ငန်းအမျိုးအစားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ထောင်စုဝန်ကြီးက ဆိုသည်။

ထိုကဲ့သို့ ဆန်းသစ်တီထွင်မှုများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာသင့်သည့်အချက်များနှင့် နည်းပညာ တည်ဆောက်ခြင်း၊ စွမ်းရည်ရှိသူများ မွေးထုတ်ခြင်းနှင့် ငွေကြေး စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက အကြံပြုပြောဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့်လပိုင်းက ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတစ်ခုတွင် ကမ္ဘာလှည့်ခရီးသွားလာခြင်းလုပ်ငန်းများကို အဓိကစိတ်ဝင်တစားဆောင်ရွက်ကြသူများမှ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဖော်ပြထား ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိသော ခရီးသွားဧည့်သည်များတွင် မသန်စွမ်းခရီးသွားများလည်း ပါဝင်နေခြင်းကြောင့် ၎င်းတို့ အဆင်ပြေစွာသွားလာ လည်ပတ်နိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ အထက်ပါကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မသန္စြမ္းခရီးသြားမ်ား ခရီးစဥ္ေဒသမ်ားသို႔သြားလာရာတြင္ အဆင္ေျပေစရန္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အတားအဆီးမဲ့ ခရီးသြားလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေန
ယြန္း (NP News) - ေအာက္တိုဘာ ၂၁

မသန္စြမ္းခရီးသြားမ်ားအေနျဖင့္ ခရီးစဥ္ေဒသမ်ားသို႔သြားလာရာတြင္ အဆင္ေျပေစရန္ ျမန္မာႏိုင္ငံတြင္တစ္ႏိုင္ငံ လုံးအတိုင္းအတာျဖင့္ အတားအဆီးမဲ့ ခရီးသြားလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရ သည္။

ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ေအာက္တိုဘာ(၂ဝ)ရက္ ေန႔ နံနက္ပိုင္းတြင္ ဝန္ႀကီးဌာန၏ ေက်ာက္စိမ္းခန္းမတြင္ က်င္းပေသာ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္လိုအပ္ေနေသာ တီထြင္ဖန္တီးမႈမ်ားႏွင့္ စြန႔္ဦးတီထြင္လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ျခင္း အျပင္ အားနည္းလ်က္ရွိေသာ က႑မ်ားကိုလည္း ဟန္ခ်က္ညီစြာအေကာင္အထည္ေဖာ္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ထို႔ေၾကာင့္ ဝန္ႀကီးဌာနအေနျဖင့္ မသန္စြမ္းခရီးသြားမ်ား ခရီးစဥ္ေဒသမ်ားသို႔သြားလာရာတြင္ လြယ္ကူအဆင္ေျပ ရန္အတြက္ အတားအဆီးမဲ့ခရီးသြားလုပ္ငန္းကဲ့သို႔ေသာ ခရီးသြားလုပ္ငန္းအမ်ိဳးအစားမ်ားကို တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပန္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထိုကဲ့သို႔ ဆန္းသစ္တီထြင္မႈမ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ လိုက္နာသင့္သည့္အခ်က္မ်ားႏွင့္ နည္းပညာ တည္ေဆာက္ျခင္း၊ စြမ္းရည္ရွိသူမ်ား ေမြးထုတ္ျခင္းႏွင့္ ေငြေၾကး စသည့္အခ်က္မ်ားကိုလည္း ထည့္သြင္းစဥ္းစားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အႀကံျပဳေျပာဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္လပိုင္းက ကမာၻ႔ဘဏ္၏အစီရင္ခံစာတစ္ခုတြင္ ကမာၻလွည့္ခရီးသြားလာျခင္းလုပ္ငန္းမ်ားကို အဓိကစိတ္ဝင္တစားေဆာင္႐ြက္ၾကသူမ်ားမွ မသန္စြမ္းမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားျဖစ္သည္ဟု ေဖာ္ျပထား ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

ခရီးစဥ္ေဒသမ်ားသို႔ သြားေရာက္လည္ပတ္လ်က္ရွိေသာ ခရီးသြားဧည့္သည္မ်ားတြင္ မသန္စြမ္းခရီးသြားမ်ားလည္း ပါဝင္ေနျခင္းေၾကာင့္ ၎တို႔ အဆင္ေျပစြာသြားလာ လည္ပတ္ႏိုင္ေရးအတြက္လည္း ဝန္ႀကီးဌာနမွ အထက္ပါကဲ့သို႔ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.