ရန်ကုန်မြို့ရှိ နေအိမ်တစ်ခုအတွင်း တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ(၁၁၇)ဦးကို ဖမ်းဆီး

 4977

NP News - အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး(၁၁၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ဝ ရက် ညပိုင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁ဝ)ရပ်ကွက်၊ ဧရာဝတီလမ်းရှိ အိမ်အမှတ် (၅ဝ)နေအိမ်ကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်းဖြစ်စဉ်အနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာတွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများဖြစ်သော အမျိုးသား(၈၂)ဦး၊ အမျိုးသမီး (၃၅)ဦး စုစုပေါင်း ဘင်္ဂါလီလူမျိုး ၁၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ယင်းဘင်္ဂါလီလူမျိုး(၁၁၇)ဦးနှင့်အတူ ဗမာလူမျိုးဖြစ်သော အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း (၁၂၁)ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဘင်္ဂါလီလူမျိုးတွေက ရခိုင်ဘက်ကနေ ခိုးဝင်လာတာဖြစ်တယ်။ မနေ့က ညပိုင်းက ဖမ်းမိတာ စုစုပေါင်း (၁၂၁)ယောက်ရှိတယ်။ လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းပဲ။ လဝကဥပဒေနဲ့ အမှုဖွင့်ဖို့ စစ်ဆေးနေတယ်” ဟု လုံခြုံရေးအဖွဲ့ဝင် များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ထိုသို့ဖမ်းဆီးရမိခဲ့သော ဘင်္ဂါလီလူမျိုးများနှင့်အတူ ကား(၂)နှစ်စီး ဖုန်း(၄)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုးများနှင့်ပတ်သက် ၍ စစ်ဆေးလျက်ရှိနေပြီး ၎င်းတို့အား လဝကဥပဒေဖြင့် အမှုဖွင့်စစ်ဆေးဖွယ်ရှိကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ရွိ ေနအိမ္တစ္ခုအတြင္း တရားမဝင္ ဝင္ေရာက္လာေသာ ဘဂၤါလီ(၁၁၇)ဦးကို ဖမ္းဆီး
NP News - ေအာက္တိုဘာ ၂၁

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ ေနအိမ္တစ္ခုအတြင္း တရားမဝင္ ဝင္ေရာက္လာေသာ ဘဂၤါလီလူမ်ိဳး(၁၁၇) ဦးကို ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂ဝ ရက္ ညပိုင္းတြင္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ (၁ဝ)ရပ္ကြက္၊ ဧရာဝတီလမ္းရွိ အိမ္အမွတ္ (၅ဝ)ေနအိမ္ကို သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕က ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ေၾကာင္းျဖစ္စဥ္အနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ ရွာေဖြစစ္ေဆးခဲ့ရာတြင္ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳးမ်ားျဖစ္ေသာ အမ်ိဳးသား(၈၂)ဦး၊ အမ်ိဳးသမီး (၃၅)ဦး စုစုေပါင္း ဘဂၤါလီလူမ်ိဳး ၁၁၇ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔အျပင္ ယင္းဘဂၤါလီလူမ်ိဳး(၁၁၇)ဦးႏွင့္အတူ ဗမာလူမ်ိဳးျဖစ္ေသာ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ကိုလည္း ဖမ္းဆီးရမိခဲ့ၿပီး စုစုေပါင္း (၁၂၁)ဦး ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီဘဂၤါလီလူမ်ိဳးေတြက ရခိုင္ဘက္ကေန ခိုးဝင္လာတာျဖစ္တယ္။ မေန႔က ညပိုင္းက ဖမ္းမိတာ စုစုေပါင္း (၁၂၁)ေယာက္ရွိတယ္။ ေလာေလာဆယ္မွာေတာ့ စစ္ေဆးေနတုန္းပဲ။ လဝကဥပေဒနဲ႔ အမႈဖြင့္ဖို႔ စစ္ေဆးေနတယ္” ဟု လုံၿခဳံေရးအဖြဲ႕ဝင္ မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ဖမ္းဆီးရမိခဲ့ေသာ ဘဂၤါလီလူမ်ိဳးမ်ားႏွင့္အတူ ကား(၂)ႏွစ္စီး ဖုန္း(၄)လုံးတို႔ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ သက္ဆိုင္ရာရဲတပ္ဖြဲ႕အေနျဖင့္ ဖမ္းဆီးရမိေသာ ဘဂၤါလီလူမ်ိဳးမ်ားႏွင့္ပတ္သက္ ၍ စစ္ေဆးလ်က္ရွိေနၿပီး ၎တို႔အား လဝကဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးဖြယ္ရွိေၾကာင္း သိရသည္။

Picture

L Mone

21/10/2022 18:20

ခင်ဗျားတို့ဟာ မြန်မာနိုင်ငံသားဖြစ်ချင်ရင် ဥပဒေကြီးရှိတယ် ပြည်တွင်းနိုင်ငံကိုယ်စားပြုဥပဒေလို့ ခေါ်ပါတယ်ဗျ။ဘယ်နိုင်ငံမှာမဆို ဥပဒေဆိုတာ ရှိကြပါတယ်ဗျ။အဲဒီဥပဒေကို နိုင်ငံသားအားလုံးက လိုက်နာကြရပါတယ်။မလိုက်နာရင် ထောင်ကျပါတယ်။ထောင်မကျချင်ရင် ထွက်ပြေးကြရမှာဖြစ်ပါတယ်။သေနတ်နဲ့ပြစ်အဖမ်းခံရရင် သေတတ်ပါတယ်နော်။ဥပဒေ မလေးစားရင်တော့ မရပါဘူး

Picture

Htun Aung Kyaw

22/10/2022 09:43

ဟာ 🧐

Picture

09780978026

22/10/2022 13:44

သားေဖာက္စက္ေတြ မိတာနဲ႔ သားေၾကာျဖတ္လိုက္သင့္တယ္

Picture

Min Htwe Win

22/10/2022 19:34

သူတို့က မြန်မာနိုင်ငံမှာထောင်ကျခံပြီး မြန်မာ့ထောင်ထွက်လက်မှတ်နဲ့ အလွဲသုံးစားအသုံးချ လုပ်စားကြအုံးမယ်။သူ့နိုင်ငံသာချက်ချင်းပြန်ပို့လိုက်ပါ။

Related news

© 2021. All rights reserved.