FATF ၏ blacklist တွင် မြန်မာကို ထည့်သွင်း

 3492

NP News - အောက်တိုဘာ ၂၂

နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) ၏ အောက်တိုဘာလ ၂၁ ရက်တွင် ကျင်းပသည့် FATF ၏ သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌဖြစ်သူ T. Raja Kumar က မြန်မာအား grey list တွင် ထည့်သွင်းထားခဲ့ရာမှ ယခုအခါ blacklist တွင် ထည့်သွင်းကြောင်း ကြေညာခဲ့သည်။

FATF ၏ blacklist တွင် မြန်မာနိုင်ငံအား ထည့်သွင်းနိုင်ကြောင်း သုံးသပ်ချက်များ စက်တင် ဘာလအတွင်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးသည့်နောက် ယခုသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား blacklist တွင် ထည့်သွင်းသော်လည်း လူသားချင်းကူညီမှုဆိုင်ရာကိစ္စရပ်များအတွက်တော့ အကျုံးမဝင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များကိုသာ အလေးထား အရေးယူစောင့်ကြည့်မည်ဖြစ်ကြောင်း T. Raja Kumar က ထည့်သွင်းပြောကြားခဲ့သည်။

FATF ၏ blacklist တွင် မြန်မာနိုင်ငံအား ထည့်သွင်းလိုက်ခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် စီမံခန့်ခွဲမှုရေးရာကျွမ်းကျင်သူတစ်ဦးက တည်ဆဲအစိုးရအနေဖြင့် တိကျပြတ်သားသည့် မူဝါဒတစ်ခု ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သုံးသပ်ထားပါသည်။

“FATF နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဗဟိုဘဏ်အနေနဲ့ တိုင်းပြည်ကို တိကျတဲ့ မူဝါဒဆိုင်ရာ အနေအထား တစ်ခုခု ထုတ်ပြန်ကြေညာဖို့ လိုပါမယ်” ဟု စီးပွားရေးနှင့် စီမံခန့်ခွဲမှုရေးရာ ကျွမ်းကျင်သူက ဆိုထားပါသည်။

FATF သည် မြန်မာကို အမည်ပျက်စာရင်း blacklist ၌ ထည့်သွင်းလိုက်သော်လည်း ပါကစ္စတန်နိုင်ငံအား တိုးတက်မှုများရှိခြင်းကြောင့် grey list မှ ဖယ်ရှားပေးလိုက်ဟုလည်း ကြေညာခဲ့သည်။

Zawgyi Version;
FATF ၏ blacklist တြင္ ျမန္မာကို ထည့္သြင္း
NP News - ေအာက္တိုဘာ ၂၂

ႏိုင္ငံတကာေငြေၾကးခဝါခ်မႈ ေစာင့္ၾကည့္ေရးအဖြဲ႕ (Financial Action Task Force – FATF) ၏ ေအာက္တိုဘာလ ၂၁ ရက္တြင္ က်င္းပသည့္ FATF ၏ သတင္းစာရွင္းလင္းပြဲတြင္ ဥကၠ႒ျဖစ္သူ T. Raja Kumar က ျမန္မာအား grey list တြင္ ထည့္သြင္းထားခဲ့ရာမွ ယခုအခါ blacklist တြင္ ထည့္သြင္းေၾကာင္း ေၾကညာခဲ့သည္။

FATF ၏ blacklist တြင္ ျမန္မာႏိုင္ငံအား ထည့္သြင္းႏိုင္ေၾကာင္း သုံးသပ္ခ်က္မ်ား စက္တင္ ဘာလအတြင္းက က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚခဲ့ၿပီးသည့္ေနာက္ ယခုသတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေၾကညာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအား blacklist တြင္ ထည့္သြင္းေသာ္လည္း လူသားခ်င္းကူညီမႈဆိုင္ရာကိစၥရပ္မ်ားအတြက္ေတာ့ အက်ဳံးမဝင္ေၾကာင္း၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ေငြေၾကးခဝါခ်မႈဆိုင္ရာ ကိစၥရပ္မ်ားကိုသာ အေလးထား အေရးယူေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း T. Raja Kumar က ထည့္သြင္းေျပာၾကားခဲ့သည္။

FATF ၏ blacklist တြင္ ျမန္မာႏိုင္ငံအား ထည့္သြင္းလိုက္ျခင္းႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ စီမံခန႔္ခြဲမႈေရးရာကြၽမ္းက်င္သူတစ္ဦးက တည္ဆဲအစိုးရအေနျဖင့္ တိက်ျပတ္သားသည့္ မူဝါဒတစ္ခု ထုတ္ျပန္ေပးရန္ လိုအပ္ေၾကာင္း သုံးသပ္ထားပါသည္။

“FATF နဲ႔ ပတ္သက္လို႔ အစိုးရအေနနဲ႔ ဗဟိုဘဏ္အေနနဲ႔ တိုင္းျပည္ကို တိက်တဲ့ မူဝါဒဆိုင္ရာ အေနအထား တစ္ခုခု ထုတ္ျပန္ေၾကညာဖို႔ လိုပါမယ္” ဟု စီးပြားေရးႏွင့္ စီမံခန႔္ခြဲမႈေရးရာ ကြၽမ္းက်င္သူက ဆိုထားပါသည္။

FATF သည္ ျမန္မာကို အမည္ပ်က္စာရင္း blacklist ၌ ထည့္သြင္းလိုက္ေသာ္လည္း ပါကစၥတန္ႏိုင္ငံအား တိုးတက္မႈမ်ားရွိျခင္းေၾကာင့္ grey list မွ ဖယ္ရွားေပးလိုက္ဟုလည္း ေၾကညာခဲ့သည္။

Picture

Htun Aung Kyaw

22/10/2022 09:40

ဒီကောင်တွေက ဒီလိုပဲ အောက်တန်းကျနေကျ 😤

Picture

L Mone

22/10/2022 09:45

အမြဲတမ်း လူပါးဝတာ ခံနေရတာဟာ ကံကြမ္မာလေပဲလားဗျာ။ပါကစ္စတန်ရဲ့ စီးပွားရေးကတော့ အရင်အတိုင်းပဲ ထင်ပါတယ်။မနိုင်မနင်းလို့ ပြောရအောင် ပတ်ဝန်းကျင်က သိက္ခာမဲ့နေကြတာက ခက်နေကြတယ်ဗျာ။

Picture

zarni Soe

22/10/2022 12:39

​ကြာပါတယ် မြန်မာကပါအဲ့ကောင်တွေကို အိုးမဲသုတ်လိုက်ပေါ့ အကျင့်ယုတ်ပြီး ကိန်းဂဏန်းအမှားတွေကို တစ်ဖက်စောင်းနင်းပြောလို့ဆိုပြီး

Picture

san yuko

22/10/2022 14:46

စီးပွားရေးအရ အနိုင်ကျင့်ခြင်း ဒါပေမယ့်မြန်မာတွေက ခရောင်းလမ်းကို ဖြတ်ကျော်နိုင်အောင် ဖြတ်ကျော်ကြပါလိမ့်မယ်

Related news

© 2021. All rights reserved.