ဒုံးပျံယာဥ်နှင့်အတူ အင်တာနက်ဂြိုလ်တု(၃၆)လုံးကို ဂြိုလ်တုပတ်လမ်းကြောင်းထဲ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယဆို

 781

ဖြိုးခန့်(NP News) - အောက်တိုဘာ ၂၄

အိန္ဒိယနိုင်ငံသည် ဗြိတိန်အခြေစိုက်ဂြိုလ်တုကုမ္ပဏီအတွက် ၎င်း၏ဒုံးပျံယာဥ်နှင့်အတူ အင်တာနက်ဂြိုလ်တု(၃၆) လုံးကို ဂြိုလ်တုပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ပြောကြားခဲ့သည်။

အစိုးရပိုင်ကုမ္ပဏီ New Space India Limited နှင့် ဗြိတိန်အခြေစိုက်ကုမ္ပဏီဖြစ်သည့် OneWeb တို့ကြား ကူးသန်းရောင်းဝယ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါလွှတ်တင်မှုသည် ‌အောင်မြင်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) က အောက်တိုဘာ(၂၃)ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

အိန္ဒိယအာကာသသုတေသနအဖွဲ့ဥက္ကဋ္ဌ Sreedhara Panicker Somanath က “ဒါဟာ ဒုံးပျံယာဥ် LVM3 ရဲ့ ပထမဆုံးစီးပွားဖြစ်လွှတ်တင်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါဒုံးပျံယာဥ် LVM3 ကို Andhra Pradesh ပြည်နယ်ရှိ Satish Dhawan အာကာသစခန်းမှ နံနက်(၁၂)နာရီ (၇)မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယူကရိန်းကို ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကြောင့် မတ်လတွင် ရုရှားအာကာသအေဂျင်စီနှင့် ခွဲထွက်ပြီးနောက်ပိုင်း အဆိုပါလွှတ်တင်မှုသည် ဗြိတိန်အခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်သည့် OneWeb အတွက် ပထမဆုံးလွှတ်တင်မှုဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါလွှတ်တင်မှုသည် အိန္ဒိယနိုင်ငံအတွက် အရေးကြီးပြီး အိန္ဒိယနိုင်ငံ၏အာကာသအေဂျင်စီကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း တဖြည်းဖြည်းပွင့်လာခဲ့ခြင်းဖြစ်ကြောင်း နယူးဒေလီရှိ Observer Research Foundation မှ အာကာသနှင့် လုံခြုံရေး အထူးပြု ဒါရိုက်တာ Rajeswari Pillai Rajagopalan က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် သေးငယ်သော ဂြိုလ်တုများကို လွှတ်တင်ရာတွင် အတွေ့အကြုံရှိပြီး ဂြိုဟ်တုလွှတ်တင်ရေး အထောက်အပံ့ပစ္စည်းအဆောက်အအုံနေရာအဖြစ်ရပ်တည်ကာ အဆိုပါစျေးကွက်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေ ကြောင်း အာကာသနှင့် လုံခြုံရေး အထူးပြု ဒါရိုက်တာ Rajeswari Pillai Rajagopalan က ပြောကြားခဲ့သည်။

Zawgyi Version;
ဒုံးပ်ံယာဥ္ႏွင့္အတူ အင္တာနက္ၿဂိဳလ္တု(၃၆)လုံးကို ၿဂိဳလ္တုပတ္လမ္းေၾကာင္းထဲ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ေၾကာင္း အိႏၵိယဆို
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၂၄

အိႏၵိယႏိုင္ငံသည္ ၿဗိတိန္အေျခစိုက္ၿဂိဳလ္တုကုမၸဏီအတြက္ ၎၏ဒုံးပ်ံယာဥ္ႏွင့္အတူ အင္တာနက္ၿဂိဳလ္တု(၃၆) လုံးကို ၿဂိဳလ္တုပတ္လမ္းေၾကာင္းထဲသို႔ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ေၾကာင္း အိႏၵိယအာကာသေအဂ်င္စီက ေျပာၾကားခဲ့သည္။

အစိုးရပိုင္ကုမၸဏီ New Space India Limited ႏွင့္ ၿဗိတိန္အေျခစိုက္ကုမၸဏီျဖစ္သည့္ OneWeb တို႔ၾကား ကူးသန္းေရာင္းဝယ္ေရးအစီအစဥ္၏ တစ္စိတ္တစ္ပိုင္းျဖစ္ေသာ အဆိုပါလႊတ္တင္မႈသည္ ‌ေအာင္ျမင္ခဲ့ေၾကာင္း အိႏၵိယအာကာသသုေတသနအဖြဲ႕ (ISRO) က ေအာက္တိုဘာ(၂၃)ရက္ေန႔ အေစာပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ သည္။

အိႏၵိယအာကာသသုေတသနအဖြဲ႕ဥကၠ႒ Sreedhara Panicker Somanath က “ဒါဟာ ဒုံးပ်ံယာဥ္ LVM3 ရဲ႕ ပထမဆုံးစီးပြားျဖစ္လႊတ္တင္မႈတစ္ခုျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။

အဆိုပါဒုံးပ်ံယာဥ္ LVM3 ကို Andhra Pradesh ျပည္နယ္ရွိ Satish Dhawan အာကာသစခန္းမွ နံနက္(၁၂)နာရီ (၇)မိနစ္တြင္ လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ယူကရိန္းကို ႐ုရွား၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားေၾကာင့္ မတ္လတြင္ ႐ုရွားအာကာသေအဂ်င္စီႏွင့္ ခြဲထြက္ၿပီးေနာက္ပိုင္း အဆိုပါလႊတ္တင္မႈသည္ ၿဗိတိန္အေျခစိုက္ကုမၸဏီ တစ္ခုျဖစ္သည့္ OneWeb အတြက္ ပထမဆုံးလႊတ္တင္မႈျဖစ္ေၾကာင္းလည္းသိရသည္။

အဆိုပါလႊတ္တင္မႈသည္ အိႏၵိယႏိုင္ငံအတြက္ အေရးႀကီးၿပီး အိႏၵိယႏိုင္ငံ၏အာကာသေအဂ်င္စီကို ပုဂၢလိက စီးပြားေရးလုပ္ငန္းကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈလမ္းေၾကာင္း တျဖည္းျဖည္းပြင့္လာခဲ့ျခင္းျဖစ္ေၾကာင္း နယူးေဒလီရွိ Observer Research Foundation မွ အာကာသႏွင့္ လုံၿခဳံေရး အထူးျပဳ ဒါ႐ိုက္တာ Rajeswari Pillai Rajagopalan က ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံသည္ ေသးငယ္ေသာ ၿဂိဳလ္တုမ်ားကို လႊတ္တင္ရာတြင္ အေတြ႕အႀကဳံရွိၿပီး ၿဂိဳဟ္တုလႊတ္တင္ေရး အေထာက္အပံ့ပစၥည္းအေဆာက္အအုံေနရာအျဖစ္ရပ္တည္ကာ အဆိုပါေစ်းကြက္ကို လႊမ္းမိုးႏိုင္ရန္ ႀကိဳးပမ္းေန ေၾကာင္း အာကာသႏွင့္ လုံၿခဳံေရး အထူးျပဳ ဒါ႐ိုက္တာ Rajeswari Pillai Rajagopalan က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.