UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ ပြန်လည်လွတ်မြောက်

 1342

NP News - အောက်တိုဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မဲမသမာမှုများနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃ဝ-က ဖြင့် ၂ဝ၂၂ ခုနှစ် ဇူလိုင် လအတွင်းက ထောင်သုံးနှစ်စီ ချမှတ်ခြင်းခံထားရသည့် UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ကို ရမည်းသင်းအကျဉ်းထောင်မှ ယမန်နေ့ (အောက်တိုဘာလ ၂၆ ရက်)က ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ အကျဉ်းဦးစီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက NP News ကို အတည်ပြုပြောကြားသည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း ကိစ္စရပ်များ၌ တရားမဲ့ပြုကျင့်မှုများ၊ ပြန် လည်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့မှုများကြောင့် တရားစွဲဆိုခံခဲ့ရကာ တရားရင်ဆိုင်၊ ထိန်းသိမ်းခံရခြင်း တစ်နှစ်ခန့်အကြာတွင် ပြန်လည်လွတ် မြောက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သော ၂ဝ၂ဝ ခုနှစ်အတွင်း တပ်မတော်ဘက်မှ မဲမသမာမှုများကို ထုတ်ပြန်နေသည့် ကာလများတွင် UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင် တို့သည် ၂ဝ၂ဝ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြို့နယ်များသို့ မဲမသမာမှုများကို ဖြေရှင်းပေးရန် လိုအပ်သည်များ ပြင်ဆင်ထားကြရန် ညွှန်ကြားခဲ့သည့် မှတ်တမ်းများလည်း ရှိသည်။

ယင်းသို့ ညွှန်ကြားပြီး ရက်ပိုင်းအကြာတွင် သမ္မတဟောင်းဖြစ်သူ ဦးဝင်းမြင့်မှ ၎င်းတို့အား ခေါ်ယူတွေ့ဆုံကာ နှုတ်မိန့်များပေးခဲ့ကြောင်း သတင်းမှတ်တမ်းများလည်း ရှိထားသည်။

zawgyi version
UEC ဥကၠ႒ေဟာင္း ဦးလွသိန္းႏွင့္ အဖြဲ႕ဝင္ေဟာင္း ဦးျမင့္ႏိုင္တို႔ ျပန္လည္လြတ္ေျမာက္
NP News - ေအာက္တိုဘာ ၂၇

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ေဟာင္းျဖစ္သူ ဦးလွသိန္းႏွင့္ အဖြဲ႕ဝင္ေဟာင္း ဦးျမင့္ႏိုင္တို႔ ခံဝန္ကတိျဖင့္ ျပန္လည္လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။

မဲမသမာမႈမ်ားႏွင့္ ပတ္သက္၍ ရာဇသတ္ႀကီး ပုဒ္မ ၁၃ဝ-က ျဖင့္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လအတြင္းက ေထာင္သုံးႏွစ္စီ ခ်မွတ္ျခင္းခံထားရသည့္ UEC ဥကၠ႒ေဟာင္း ဦးလွသိန္းႏွင့္ အဖြဲ႕ဝင္ေဟာင္း ဦးျမင့္ႏိုင္တို႔ကို ရမည္းသင္းအက်ဥ္းေထာင္မွ ယမန္ေန႔ (ေအာက္တိုဘာ လ ၂၆ ရက္)က ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီး ဌာန၊ အက်ဥ္းဦးစီးဌာနမွ သတင္းရင္းျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာၾကားသည္။

၂ဝ၂ဝ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းျပဳစုျခင္း၊ ႀကိဳတင္မဲေပးျခင္း ကိစၥရပ္မ်ား၌ တရားမဲ့ျပဳက်င့္မႈမ်ား၊ ျပန္ လည္ေျဖရွင္းေပးရန္ ပ်က္ကြက္ခဲ့မႈမ်ားေၾကာင့္ တရားစြဲဆိုခံခဲ့ရကာ တရားရင္ဆိုင္၊ ထိန္းသိမ္းခံရျခင္း တစ္ႏွစ္ခန႔္အၾကာတြင္ ျပန္လည္လြတ္ ေျမာက္လာျခင္း ျဖစ္သည္။

လြန္ခဲ့ေသာ ၂ဝ၂ဝ ခုႏွစ္အတြင္း တပ္မေတာ္ဘက္မွ မဲမသမာမႈမ်ားကို ထုတ္ျပန္ေနသည့္ ကာလမ်ားတြင္ UEC ဥကၠ႒ေဟာင္း ဦးလွသိန္းႏွင့္ အဖြဲ႕ဝင္ေဟာင္း ဦးျမင့္ႏိုင္ တို႔သည္ ၂ဝ၂ဝ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက ၿမိဳ႕နယ္မ်ားသို႔ မဲမသမာမႈမ်ားကို ေျဖရွင္းေပးရန္ လိုအပ္သည္မ်ား ျပင္ဆင္ထားၾကရန္ ၫႊန္ၾကားခဲ့သည့္ မွတ္တမ္းမ်ားလည္း ရွိသည္။

ယင္းသို႔ ၫႊန္ၾကားၿပီး ရက္ပိုင္းအၾကာတြင္ သမၼတေဟာင္းျဖစ္သူ ဦးဝင္းျမင့္မွ ၎တို႔အား ေခၚယူေတြ႕ဆုံကာ ႏႈတ္မိန႔္မ်ားေပးခဲ့ေၾကာင္း သတင္းမွတ္တမ္းမ်ားလည္း ရွိထားသည္။

Related news

© 2021. All rights reserved.