ကိုရီးယား Halloween ပွဲတော်၌ လူအုပ်ပိသေဆုံးသူများအနက် မြန်မာနိုင်ငံသားများ ပါဝင်မှုရှိ၊ မရှိ သတင်းပို့ပေးရန် မြန်မာသံရုံး မေတ္တာရပ်ခံ

 788

မျိုးကြီး (NP News) - အောက်တိုဘာ ၃ဝ

ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သော Halloween ပွဲတော်၌ လူအုပ်ပိသေဆုံးသူများအ နက် မြန်မာနိုင်ငံသားများ ပါဝင်မှုရှိ၊ မရှိ ဆက်သွယ်သတင်းပို့ပေးရန် မြန်မာသံရုံးက မေတ္တာရပ်ခံကြေညာထားသည်။

ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့ (အောက်တိုဘာလ ၃ဝ ရက်)တွင် အထက်ပါကဲ့သို့ ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။

ဆိုးလ်မြို့ရှိ Yongsan မြို့နယ်၊ Itaewon ရပ်ကွက်တွင် အောက်တိုဘာလ ၂၉ ရက် ညပိုင်းက Halloween ပွဲတော်ကျင်းပရာ လမ်းတလျှောက်တွင် လူအုပ်ပိကာ လူဦး ရေ(၁၅၁)ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများအနက် (၁၉)ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး လက်တလောတွင်(၁၁)ဦးမှာ နိုင်ငံအမည် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း မြန်မာသံရုံးက ဆို သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုရီးယားရောက် မြန်မာနိုင်ငံသားများအားလုံးကို မြန်မာသံရုံးအနေဖြင့် စိုးရိမ်ပူပန်မိပါကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံ သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိ သံရုံးကို မေးမြန်းထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များအလျင်အမြန် ဆောင်ရွက်ပေးနိုင်ရန်အတွက် အသိမိတ်ဆွေများ သေဆုံးထိခိုက်မှုရှိကြောင်း ကြားသိရပါက သံရုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း ကြေညာထားသည်။

အဆိုပါပွဲတော်ကာလအတွင်း သေဆုံးထိခိုက်သူများအတွက် ကိုရီးယားနိုင်ငံသူ/နိုင်ငံသားများနှင့်ထပ်တူ မြန်မာသံရုံးအနေဖြင့် ဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုထားသည်။

zawgyi version
ကိုရီးယား Halloween ပြဲေတာ္၌ လူအုပ္ပိေသဆုံးသူမ်ားအနက္ ျမန္မာႏိုင္ငံသားမ်ား ပါဝင္မႈရွိ၊ မရွိ သတင္းပို႔ေပးရန္ ျမန္မာသံ႐ုံး ေမတၱာရပ္ခံ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃ဝ

ကိုရီးယားႏိုင္ငံ၌ က်င္းပခဲ့ေသာ Halloween ပြဲေတာ္၌ လူအုပ္ပိေသဆုံးသူမ်ားအ နက္ ျမန္မာႏိုင္ငံသားမ်ား ပါဝင္မႈရွိ၊ မရွိ ဆက္သြယ္သတင္းပို႔ေပးရန္ ျမန္မာသံ႐ုံးက ေမတၱာရပ္ခံေၾကညာထားသည္။

ကိုရီးယားႏိုင္ငံဆိုင္ရာ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ (ေအာက္တိုဘာလ ၃ဝ ရက္)တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေၾကညာထားျခင္းျဖစ္သည္။

ဆိုးလ္ၿမိဳ႕ရွိ Yongsan ၿမိဳ႕နယ္၊ Itaewon ရပ္ကြက္တြင္ ေအာက္တိုဘာလ ၂၉ ရက္ ညပိုင္းက Halloween ပြဲေတာ္က်င္းပရာ လမ္းတေလွ်ာက္တြင္ လူအုပ္ပိကာ လူဦး ေရ(၁၅၁)ဦးခန႔္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးသူမ်ားအနက္ (၁၉)ဦးမွာ ႏိုင္ငံျခားသားမ်ားျဖစ္ၿပီး လက္တေလာတြင္(၁၁)ဦးမွာ ႏိုင္ငံအမည္ ေဖာ္ထုတ္ႏိုင္ျခင္းမရွိေသးေၾကာင္း ျမန္မာသံ႐ုံးက ဆို သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားမ်ားအားလုံးကို ျမန္မာသံ႐ုံးအေနျဖင့္ စိုးရိမ္ပူပန္မိပါေၾကာင္း ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

ထို႔ျပင္ ကိုရီးယားႏိုင္ငံရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံ သားမ်ား ထိခိုက္ေသဆုံးမႈရွိ၊ မရွိ သံ႐ုံးကို ေမးျမန္းထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာသံ႐ုံးအေနျဖင့္ လိုအပ္သည္မ်ားအလ်င္အျမန္ ေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ အသိမိတ္ေဆြမ်ား ေသဆုံးထိခိုက္မႈရွိေၾကာင္း ၾကားသိရပါက သံ႐ုံးသို႔ ဆက္သြယ္သတင္းေပးပို႔ႏိုင္ပါေၾကာင္း ေၾကညာထားသည္။

အဆိုပါပြဲေတာ္ကာလအတြင္း ေသဆုံးထိခိုက္သူမ်ားအတြက္ ကိုရီးယားႏိုင္ငံသူ/ႏိုင္ငံသားမ်ားႏွင့္ထပ္တူ ျမန္မာသံ႐ုံးအေနျဖင့္ ဝမ္းနည္းေၾကကြဲရေၾကာင္း ေျပာဆိုထားသည္။

Picture

Ko Moe

30/10/2022 14:57

ပျော်တတ်ကြတယ်နော်

Related news

© 2021. All rights reserved.