ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံး အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၅၃ဝဝဝဝ)ကျပ်ဖြင့် ရောင်းချရန် ရွှေနှင့်ငွေကြေးကော်မတီက ညွှန်ကြားထားဟုဆို

 835

မျိုးကြီး (NP News) - အောက်တိုဘာ ၃ဝ

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၅၃ဝဝဝဝ)ကျပ်ဖြင့် ရောင်းချပေးကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မေ တ္တာရပ်ခံထားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (အောက်တိုဘာလ ၃ဝ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကာ ပန်ကြားထားခြင်းဖြစ်သည်။

ထိုသို့ပန်ကြားချက်နှင့်ပတ်သက်၍ NP News မှ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်အား မေးမြန်းရာတွင် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“အထက်ကနေ ညွှန်ကြားတာပါ။ ရွှေနဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ ရောင်းပေးပါဆိုပြီးတော့ လမ်းညွှန်လိုက်တာ။ အခုဟာကတော့ ပေါက်ဈေးကို ရွှေနဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ ဈေးနှုန်းသတ်မှတ်ပေး လိုက်တာပေါ့” ဟု ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ပြင်ပရွှေဈေးကွက်နှင့် အရောင်းဆိုင်များတွင် ရွှေတစ်ကျပ်သားလျှင် (၂၆)သိန်းကျော်ဖြင့် ရောင်းချမှုများရှိနေသည့်အတွက် ပြန်ထိန်းခြင်းဖြစ်ကာ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ရွှေဈေးကွက်မှာ အရောင်းအဝယ်က အေးတယ်။ လာပြန်ရောင်းတဲ့သူပဲ များတယ်။ ရွှေဈေးက တောက်လျှောက်ကျနေတာ ကမ္ဘာ့ရွှေဈေးလည်းကျတယ်။ ပြည်တွင်းဒေါ်လာဈေးကြောင့်သာ ရွှေဈေးက နည်းနည်းတင်းခံနေတာ။ ပြန်ရောင်းနေကြတာက အထည်ပျက်တွေပဲ များပါတယ်” ဟု ဥက္ကဋ္ဌဦးမျိုးမြင့်က ဆိုသည်။

မြန်မာ့ရွှေဈေးကွက်အတွင်း ယခုနှစ်၌ ပြီးခဲ့သော မတ်လကုန်ပိုင်းတွင် တစ်ကျပ်သားလျှင် ၂,ဝ၂၄,ဝဝဝ ကျပ်ရှိခဲ့ရာမှ သြဂုတ်လ ၃ဝ ရက်တွင် ၃,၃ဝဝ,ဝဝဝ ကျပ်သို့ အမြင့်ဆုံးမြင့်တက်ခဲ့ကြောင်း သိရသည်။

ရွှေဈေးနှုန်းမှာ စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးနောက်ပိုင်းတွင် နစကမှ ရွှေဒင်္ဂါးပြားများ ထုတ်ရောင်းပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ထိန်းသိမ်းသည့်အခြေအနေများကြောင့် ပြန်လည်ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။

ထိုသို့ရွှေဈေး ပြန်လည်ကျဆင်းရခြင်းမှာ အစိုးရအနေဖြင့် ရွှေစင်ရွှေတုံးများ၊ ဒင်္ဂါးပြားများကို ရောင်းချပေးလျက်ရှိခြင်းနှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက တရားဝင်ရွှေဈေးကွက်များဖြစ်ပေါ်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းရွှေဈေးကွက်ကိုလည်း နိုင်ငံတကာစံနှုန်းများအတိုင်း ရောင်းချသွားနိုင်ရေးတို့အတွက် ရွှေလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံဆွေး နွေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊဆိုင္အားလုံး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၂၅၃ဝဝဝဝ)က်ပ္ျဖင့္ ေရာင္းခ်ရန္ ေ႐ႊႏွင့္ေငြေၾကးေကာ္မတီက ၫႊန္ၾကားထားဟုဆို
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃ဝ

ရန္ကုန္တိုင္းအတြင္းရွိ ေ႐ႊဆိုင္မ်ားအားလုံး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၂၅၃ဝဝဝဝ)က်ပ္ျဖင့္ ေရာင္းခ်ေပးၾကရန္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေမ တၱာရပ္ခံထားသည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယေန႔ (ေအာက္တိုဘာလ ၃ဝ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ကာ ပန္ၾကားထားျခင္းျဖစ္သည္။

ထိုသို႔ပန္ၾကားခ်က္ႏွင့္ပတ္သက္၍ NP News မွ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ဦးမ်ိဳးျမင့္အား ေမးျမန္းရာတြင္ ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီ၏ လမ္းၫႊန္ခ်က္အရ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေျပာဆိုထားသည္။

“အထက္ကေန ၫႊန္ၾကားတာပါ။ ေ႐ႊနဲ႔ေငြေၾကးေစာင့္ၾကည့္ေရးအဖြဲ႕ကေနၿပီးေတာ့ ေရာင္းေပးပါဆိုၿပီးေတာ့ လမ္းၫႊန္လိုက္တာ။ အခုဟာကေတာ့ ေပါက္ေဈးကို ေ႐ႊနဲ႔ေငြေၾကးေစာင့္ၾကည့္ေရးအဖြဲ႕ကေနၿပီးေတာ့ ေဈးႏႈန္းသတ္မွတ္ေပး လိုက္တာေပါ့” ဟု ဥကၠ႒ဦးမ်ိဳးျမင့္က ေျပာသည္။

လက္ရွိတြင္ ျပင္ပေ႐ႊေဈးကြက္ႏွင့္ အေရာင္းဆိုင္မ်ားတြင္ ေ႐ႊတစ္က်ပ္သားလွ်င္ (၂၆)သိန္းေက်ာ္ျဖင့္ ေရာင္းခ်မႈမ်ားရွိေနသည့္အတြက္ ျပန္ထိန္းျခင္းျဖစ္ကာ ေဈးႏႈန္းတည္ၿငိမ္ေရး ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ေ႐ႊေဈးကြက္မွာ အေရာင္းအဝယ္က ေအးတယ္။ လာျပန္ေရာင္းတဲ့သူပဲ မ်ားတယ္။ ေ႐ႊေဈးက ေတာက္ေလွ်ာက္က်ေနတာ ကမာၻ႔ေ႐ႊေဈးလည္းက်တယ္။ ျပည္တြင္းေဒၚလာေဈးေၾကာင့္သာ ေ႐ႊေဈးက နည္းနည္းတင္းခံေနတာ။ ျပန္ေရာင္းေနၾကတာက အထည္ပ်က္ေတြပဲ မ်ားပါတယ္” ဟု ဥကၠ႒ဦးမ်ိဳးျမင့္က ဆိုသည္။

ျမန္မာ့ေ႐ႊေဈးကြက္အတြင္း ယခုႏွစ္၌ ၿပီးခဲ့ေသာ မတ္လကုန္ပိုင္းတြင္ တစ္က်ပ္သားလွ်င္ ၂,ဝ၂၄,ဝဝဝ က်ပ္ရွိခဲ့ရာမွ ၾသဂုတ္လ ၃ဝ ရက္တြင္ ၃,၃ဝဝ,ဝဝဝ က်ပ္သို႔ အျမင့္ဆုံးျမင့္တက္ခဲ့ေၾကာင္း သိရသည္။

ေ႐ႊေဈးႏႈန္းမွာ စံခ်ိန္တင္အျမင့္ဆုံးသို႔ေရာက္ရွိခဲ့ၿပီးေနာက္ပိုင္းတြင္ နစကမွ ေ႐ႊဒဂၤါးျပားမ်ား ထုတ္ေရာင္းေပးျခင္း၊ ေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္းသည့္အေျခအေနမ်ားေၾကာင့္ ျပန္လည္က်ဆင္းလာခဲ့သည္ကို ေတြ႕ရသည္။

ထိုသို႔ေ႐ႊေဈး ျပန္လည္က်ဆင္းရျခင္းမွာ အစိုးရအေနျဖင့္ ေ႐ႊစင္ေ႐ႊတုံးမ်ား၊ ဒဂၤါးျပားမ်ားကို ေရာင္းခ်ေပးလ်က္ရွိျခင္းႏွင့္ ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီက တရားဝင္ေ႐ႊေဈးကြက္မ်ားျဖစ္ေပၚေရး၊ ေဈးႏႈန္းတည္ၿငိမ္ေရး၊ ျပည္တြင္းေ႐ႊေဈးကြက္ကိုလည္း ႏိုင္ငံတကာစံႏႈန္းမ်ားအတိုင္း ေရာင္းခ်သြားႏိုင္ေရးတို႔အတြက္ ေ႐ႊလုပ္ငန္းရွင္မ်ားကို ေခၚယူေတြ႕ဆုံေဆြး ေႏြးခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

Related news

© 2021. All rights reserved.