အာရှလမ်း၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ (၇)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရရှိ

 854

NP News - အောက်တိုဘာ ၃ဝ

မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ခရီးသည်တင်ယာဉ်(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာ (၇)ဦးသေဆုံးခဲ့ပြီး (၁၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၃ဝ ရက်)၊ ညနေ ၃ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် အာရှလမ်း၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“တစ်ဖက်ယာဉ်ကြောကို အဆင်းမှာ ဝင်တိုက်တာပေါ့။ အံစာတုံးကားနှစ်စီးပေါ့။ အထဲမှာ ပစ္စည်းတွေတင်ပြီး တက်လာတဲ့ ကားကို ဒီဘက်က ခရီးသည်တွေ တင်လာတဲ့ကားက အရှိန်မနိုင်ဘဲနဲ့ ဟိုဖက်လမ်းကြောက ကားကိုသွားတိုက်တာပေါ့။ ဒဏ်ရာရတာက (၁၄)ယောက်ရှိတယ်။ (၇)ယောက် သေတယ်” ဟု သင်္ဃန်းညီ နောင်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုစိုးမိုးဋ္ဌေးက NP News ကို ပြောသည်။

လက်ရှိတွင် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူများကို သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီလမ်းတွေက ဒီလို ခဏခဏဖြစ်နေတော့ ယာဉ်မောင်းတွေက ဆင်ဆင်ခြင်ခြင် မောင်းဖို့လိုတယ်။ အဲဒီနေရာတွေက ခဏခဏဖြစ်နေတာ။ အရင်တုန်းက မှန်လုံကားတွေမှောက်ထားတာရှိတယ်။ ဇာတ်ပွဲကား မှောက်တုန်းကလည်း အဲဒီအဆင်းလေးမှာပဲ” ဟု သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုစိုးမိုးဋ္ဌေးက အကြံပြုတိုက်တွန်းထားသည်။

ပြီးခဲ့သော လပိုင်းအတွင်းကလည်း အာရှလမ်း၌ ဇာတ်သဘင်ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သေးသည်။

zawgyi version
အာရွလမ္း၌ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ရာ (၇)ဦးေသဆုံးၿပီး (၁၄)ဦး ဒဏ္ရာရရွိ
NP News - ေအာက္တိုဘာ ၃ဝ

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း၌ ခရီးသည္တင္ယာဥ္(၂)စီးတိုက္မႈျဖစ္ပြားခဲ့ရာ (၇)ဦးေသဆုံးခဲ့ၿပီး (၁၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၃ဝ ရက္)၊ ညေန ၃ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ အာရွလမ္း၊ ျမဝတီၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သဃၤန္းညီေနာင္လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

“တစ္ဖက္ယာဥ္ေၾကာကို အဆင္းမွာ ဝင္တိုက္တာေပါ့။ အံစာတုံးကားႏွစ္စီးေပါ့။ အထဲမွာ ပစၥည္းေတြတင္ၿပီး တက္လာတဲ့ ကားကို ဒီဘက္က ခရီးသည္ေတြ တင္လာတဲ့ကားက အရွိန္မႏိုင္ဘဲနဲ႔ ဟိုဖက္လမ္းေၾကာက ကားကိုသြားတိုက္တာေပါ့။ ဒဏ္ရာရတာက (၁၄)ေယာက္ရွိတယ္။ (၇)ေယာက္ ေသတယ္” ဟု သဃၤန္းညီ ေနာင္လူမႈကယ္ဆယ္ေရးအဖြဲ႕ဥကၠ႒ ကိုစိုးမိုးေ႒းက NP News ကို ေျပာသည္။

လက္ရွိတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဒဏ္ရာရရွိခဲ့သူမ်ားကို သဃၤန္းညီေနာင္လူမႈကယ္ဆယ္ေရးအဖြဲ႕အေနျဖင့္ ျမဝတီခ႐ိုင္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း (၇)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

“အဲဒီလမ္းေတြက ဒီလို ခဏခဏျဖစ္ေနေတာ့ ယာဥ္ေမာင္းေတြက ဆင္ဆင္ျခင္ျခင္ ေမာင္းဖို႔လိုတယ္။ အဲဒီေနရာေတြက ခဏခဏျဖစ္ေနတာ။ အရင္တုန္းက မွန္လုံကားေတြေမွာက္ထားတာရွိတယ္။ ဇာတ္ပြဲကား ေမွာက္တုန္းကလည္း အဲဒီအဆင္းေလးမွာပဲ” ဟု သဃၤန္းညီေနာင္လူမႈကယ္ဆယ္ေရးအဖြဲ႕ဥကၠ႒ ကိုစိုးမိုးေ႒းက အႀကံျပဳတိုက္တြန္းထားသည္။

ၿပီးခဲ့ေသာ လပိုင္းအတြင္းကလည္း အာရွလမ္း၌ ဇာတ္သဘင္ကား တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ လူထိခိုက္ေသဆုံးမႈ အမ်ားအျပားရွိခဲ့ေသးသည္။

Picture

09687876987

30/10/2022 19:56

အချို့နေရာတွေကလှိုင်းတွန်တွေဖြစ်နေတာအရှိန်များရင်ဒီတိုင်တောင်မှေက်နိုင်တယ်

Related news

© 2021. All rights reserved.