ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းအား ဆိုင်ကယ်ဖြင့်သယ်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးမှု ရေဦးမြို့တွင်ဖြစ်ပွား

 836

NP News - အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းအား ဆိုင်ကယ်ဖြင့်ထည့်၍ သယ်လာစဉ် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ရက် ၊ ည(၆)နာရီခွဲအချိန်တွင် ရေဦးမြို့နယ်၊ အောင်ချမ်းသာရပ် ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ဦးအောင်မျိုးဝင်း(၃၉)နှစ်သည် ၎င်းရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန်အတွက် လက်လုပ်မိုင်းအား ဆိုင်ကယ်ဖြင့်ထည့်၍ သယ်ဆောင်လာစဉ် အခင်းဖြစ်ရာ နေရာအရောက်၌ ဆိုင်ကယ်တူးဘောက်အတွင်းမှ သယ်ဆောင်လာသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးအောင်မျိုးဝင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ကာ ၎င်းအား ရေဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲ တပ်ဖွဲ့မှဆိုသည်။

ထို့နောက်အခင်းဖြစ်ရာနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Zawgyi Version;
ေဖာက္ခြဲမႈျပဳလုပ္ရန္ လက္လုပ္မိုင္းအား ဆိုင္ကယ္ျဖင့္သယ္လာစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံးမႈ ေရဦးၿမိဳ႕တြင္ျဖစ္ပြား
NP News - ေအာက္တိုဘာ ၃၁

စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕တြင္ ေဖာက္ခြဲမႈျပဳလုပ္ရန္ လက္လုပ္မိုင္းအား ဆိုင္ကယ္ျဖင့္ထည့္၍ သယ္လာစဥ္ ဆိုင္ကယ္အတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၂၉ရက္ ၊ ည(၆)နာရီခြဲအခ်ိန္တြင္ ေရဦးၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာရပ္ ကြက္ရွိ မီးပြိဳင့္လမ္းဆုံတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေနထိုင္သူ ဦးေအာင္မ်ိဳးဝင္း(၃၉)ႏွစ္သည္ ၎ရပ္ကြက္ရွိ မီးပြိဳင့္လမ္းဆုံတြင္ အၾကမ္းဖက္ေဖာက္ခြဲေရးျပဳလုပ္ရန္အတြက္ လက္လုပ္မိုင္းအား ဆိုင္ကယ္ျဖင့္ထည့္၍ သယ္ေဆာင္လာစဥ္ အခင္းျဖစ္ရာ ေနရာအေရာက္၌ ဆိုင္ကယ္တူးေဘာက္အတြင္းမွ သယ္ေဆာင္လာသည့္ လက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးေအာင္မ်ိဳးဝင္းတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြားခဲ့ကာ ၎အား ေရဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲ တပ္ဖြဲ႕မွဆိုသည္။

ထို႔ေနာက္အခင္းျဖစ္ရာေနရာအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက မိုင္းရွင္းလင္းေရးမ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.