အထူးကိုယ်စားလှယ် နိုလန်ဟေဇာနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အစီရင်ခံစာနှင့်ဆွေးနွေးမှုများကို မြန်မာနိုင်ငံက ပယ်ချကြောင်းကြေညာ

 908

မျိုးကြီး (NP News) - အောက်တိုဘာ ၃၁

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလန်ဟေဇာနှင့် လူ့အခွင့်အရေးဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူတို့၏ အစီရင်ခံစာနှင့်ဆွေးနွေးမှုများကို မြန်မာနိုင်ငံက ပယ်ချကြောင်း ကြေညာလိုက်သည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ဝ ရက် ညပိုင်းတွင် အ ထက်ပါကဲ့သို့ တုံ့ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

(၇၇)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ(လူမှုရေး၊ လူ သားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)၌ ၎င်းတို့၏ အစီရင်ခံစာများအပေါ် အပြန်အလှန်ဆွေးနွေးမှုများကို အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးကိုယ်စားလှယ် နိုလန်ဟေဇာ၏ အစီရင်ခံစာပါ အကြောင်းအရာတစ်ခုလုံးနီးပါးသည့် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ်ထားသည်ဆိုသော သူများ၏ သိမ်းကြုံးစွပ်စွဲပြောကြားချက်များ ကို တိုက်ရိုက်ပြန်လည်ဖော်ပြထားခြင်းသာဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews ၏ အစီရင်ခံစာတွင်လည်း အပြုသဘောဆောင်သောဖော်ပြချက်မပါဝင်ဘဲ အပျက်သဘောဆောင်သည့်အချက်များကိုသာ ချဲ့ကားဖော်ပြထား သည်ကို တွေ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများကို အစဉ်တစိုက်ဆန့်ကျင်ခဲ့ပြီး ၎င်းရည်ရွယ်ချက်ဖြင့်ခန့်အပ်၍ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များကိုလည်း မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် Thomas Andrews အား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ်တွင်လည်း အသိအမှတ်ပြုခြင်းမရှိသလို ပြည်ဝင်ခွင့်လည်း မပြုခဲ့ကြောင်း မြန်မာနိုင်ငံဘက်က တုံ့ပြန်ထား သည်။

၎င်းတို့၏အစီရင်ခံစာနှင့် ရှင်းလင်းတင်ပြချက်များသည် အပြစ်မဲ့ပြည်သူ (၄ဝ၇၃) ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် မျက်ကွယ်ပြုလျစ်လျူ ရှုခဲ့ပြီး ဆောင်ရွက်ချက်များမှာ ဓမ္မဓိဋ္ဌာန်ကျမှုမရှိဘဲ ဘက်လိုက်မှုရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

ထို့ကြောင့် ၎င်းအစီရင်ခံစာများ၊ မြန်မာနိုင်ငံကိုကိုယ်စားပြုသည့် တရားဝင်ကိုယ် စားလှယ်များ ပါဝင်ခြင်းမရှိသည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် နိုင်ငံအချို့၏ မြန်မာနိုင်ငံပြည်တွင်းရေးစွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာရှုတ်ချပြီး ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထား သည်။

zawgyi version
အထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ အထူးအစီရင္ခံစာတင္သြင္းသူတို႔၏ အစီရင္ခံစာႏွင့္ေဆြးေႏြးမႈမ်ားကို ျမန္မာႏိုင္ငံက ပယ္ခ်ေၾကာင္းေၾကညာ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃၁

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာႏွင့္ လူ႔အခြင့္အေရးဆိုင္ရာအထူး အစီရင္ခံစာတင္သြင္းသူတို႔၏ အစီရင္ခံစာႏွင့္ေဆြးေႏြးမႈမ်ားကို ျမန္မာႏိုင္ငံက ပယ္ခ်ေၾကာင္း ေၾကညာလိုက္သည္။

နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ ၃ဝ ရက္ ညပိုင္းတြင္ အ ထက္ပါကဲ့သို႔ တုံ႔ျပန္ေၾကညာလိုက္ျခင္းျဖစ္သည္။

(၇၇)ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံ၊ တတိယေကာ္မတီ(လူမႈေရး၊ လူ သားခ်င္းစာနာေထာက္ထားမႈႏွင့္ ယဥ္ေက်းမႈေကာ္မတီ)၌ ၎တို႔၏ အစီရင္ခံစာမ်ားအေပၚ အျပန္အလွန္ေဆြးေႏြးမႈမ်ားကို ေအာက္တိုဘာလ ၂၅ ရက္ႏွင့္ ၂၆ ရက္ တို႔တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာ၏ အစီရင္ခံစာပါ အေၾကာင္းအရာတစ္ခုလုံးနီးပါးသည့္ ကုလသမဂၢအမည္ခံ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးကိစၥအတြက္ လုပ္ပိုင္ခြင့္ေပးအပ္ထားသည္ဆိုေသာ သူမ်ား၏ သိမ္းႀကဳံးစြပ္စြဲေျပာၾကားခ်က္မ်ား ကို တိုက္႐ိုက္ျပန္လည္ေဖာ္ျပထားျခင္းသာျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ထို႔အတူ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာအထူးအစီရင္ခံစာတင္သြင္းသူ Thomas Andrews ၏ အစီရင္ခံစာတြင္လည္း အျပဳသေဘာေဆာင္ေသာေဖာ္ျပခ်က္မပါဝင္ဘဲ အပ်က္သေဘာေဆာင္သည့္အခ်က္မ်ားကိုသာ ခ်ဲ႕ကားေဖာ္ျပထား သည္ကို ေတြ႕ရေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံတစ္ႏိုင္ငံတည္းကို ဦးတည္သည့္ ဆုံးျဖတ္ခ်က္အဆိုမ်ားကို အစဥ္တစိုက္ဆန႔္က်င္ခဲ့ၿပီး ၎ရည္႐ြယ္ခ်က္ျဖင့္ခန႔္အပ္၍ ေပးအပ္ထားေသာ လုပ္ပိုင္ခြင့္မ်ားကိုလည္း မည္သည့္အခါမွ် လက္ခံခဲ့ျခင္းမရွိေၾကာင္း ဝန္ႀကီးဌာနက ေျပာသည္။

ထို႔ျပင္ Thomas Andrews အား ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာအထူးအစီရင္ခံစာတင္သြင္းသူအျဖစ္ ခန႔္အပ္မႈအေပၚတြင္လည္း အသိအမွတ္ျပဳျခင္းမရွိသလို ျပည္ဝင္ခြင့္လည္း မျပဳခဲ့ေၾကာင္း ျမန္မာႏိုင္ငံဘက္က တုံ႔ျပန္ထား သည္။

၎တို႔၏အစီရင္ခံစာႏွင့္ ရွင္းလင္းတင္ျပခ်က္မ်ားသည္ အျပစ္မဲ့ျပည္သူ (၄ဝ၇၃) ဦးကို သတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားအေပၚ မ်က္ကြယ္ျပဳလ်စ္လ်ဴ ရႈခဲ့ၿပီး ေဆာင္႐ြက္ခ်က္မ်ားမွာ ဓမၼဓိ႒ာန္က်မႈမရွိဘဲ ဘက္လိုက္မႈရွိေၾကာင္း ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။

ထို႔ေၾကာင့္ ၎အစီရင္ခံစာမ်ား၊ ျမန္မာႏိုင္ငံကိုကိုယ္စားျပဳသည့္ တရားဝင္ကိုယ္ စားလွယ္မ်ား ပါဝင္ျခင္းမရွိသည့္ အျပန္အလွန္ေဆြးေႏြးမႈမ်ားႏွင့္ ႏိုင္ငံအခ်ိဳ႕၏ ျမန္မာႏိုင္ငံျပည္တြင္းေရးစြက္ဖက္ေျပာၾကားခ်က္မ်ားကို ျမန္မာႏိုင္ငံက ျပင္းထန္စြာရႈတ္ခ်ၿပီး ကန႔္ကြက္ပယ္ခ်ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထား သည္။

Picture

Ye Htun

31/10/2022 13:40

ခပ်ပြင်းပြင်းသာပြောဗျာ.....

Related news

© 2021. All rights reserved.