ပင်လယ်နက်ရှိ သီးနှံတင်ပို့သည့် ရေကြောင်းလမ်းမကို ပိတ်လိုက်ကြောင်း ရုရှားအစိုးရဆို
![](/img/icon_eye.svg)
1008
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/63611621603e4207092aef94/banner-63611621603e4207092aef94-x800.jpg)
ဖြိုးခန့်(NP News) - နိုဝင်ဘာ ၁
ရုရှားစစ်တပ်သည် ပင်လယ်နက်ကိုဖြတ်၍ ယူကရိန်း၏သီးနှံများတင်ပို့ရာတွင် အသုံးပြုသည့် ရေကြောင်းလမ်းမကို ပိတ်လိုက်ကြောင်း သိရသည်။
ယူကရိန်း၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါလုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ(၃၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အောက်တိုဘာ(၂၉)ရက်နေ့ နံနက်အစောပိုင်းက ယူကရိန်း၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ပင်လယ်နက်တွင် အသုံးပြုနေသော ရုရှားသင်္ဘောအချို့ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ရုရှားဖက်က အဆိုပါထုတ်ပြန်ချက်ကို ကြေညာခဲ့ ခြင်းဖြစ်သည်။ ခရိုင်းမီးယားဒေသရှိ ဆီဗာစတိုပိုဆိပ်ကမ်းမြို့ တိုက်ခိုက်ခံရခြင်းအတွက် ရုရှားသည် ဗြိတိန်ကို ပြစ်တင်ဝေဖန်မှုများရှိခဲ့ကြောင်းသိရသည်။ ဗြိတိန်ရေတပ်တပ်ဖွဲ့များသည် Ochakov ဆိပ်ကမ်းမြို့တွင် အခြေစိုက် ပြီး စစ်ဆင်ရေးအားလုံးကို ချုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရုရှားဖက်က စွပ်စွဲပြောဆိုခဲ့သော်လည်း ဗြိတိန်က အဆိုပါ စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ဆီဗာစတိုပို ဆိပ်ကမ်းမြို့အား တိုက်ခိုက်ခဲ့တဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရ မချင်း ပင်လယ်နက်ကိုဖြတ်ပြီး သီးနှံတင်ပို့တဲ့ ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားမှာပါ” ဟု ပြောဆိုခဲ့သည်။
ရုရှားသည် ယူကရိန်းနှင့် ရရှိထားသောသီးနှံတင်ပို့သည့် သဘောတူညီချက်မှ အပြီးနှုတ်ထွက်ခြင်းမျိုးမဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိသာ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆင်းရဲနွမ်းပါးသောနိုင်ငံများသို့တင်ပို့သော ယူကရိန်း၏တင်ပို့နေသော သီးနှံများ လျော့နည်းသွားခြင်းအတွက် ရုရှားက ၎င်း၏ကိုယ်ပိုင်သိုလှောင်မှုများထဲမှ လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ရုရှား၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က အောက်တိုဘာ(၃၁)ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ရုရှားသည် ကုလသမဂ္ဂနှင့် တူရကီ အပါအဝင် အခြားအဖွဲ့အစည်းနိုင်ငံများနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း ရုရှား၏ပြောရေးဆိုခွင့်ရှိ သူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။
ရုရှားသည် ယူကရိန်း၏ သီးနှံတင်ပို့မှုသတောတူညီချက်တွင် ၎င်း၏ပါဝင်ပတ်သက်မှုကို ပြန်လည်စတင်ရန် အတွက် ဆွေးနွေးမှုများပြုလုပ်ရန် အဆင့်သင့်မဖြစ်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/63611621603e4207092aef94/body-image-63611621603e4207092aef94-0.jpg)
Zawgyi Version;
ပင္လယ္နက္ရွိ သီးႏွံတင္ပို႔သည့္ ေရေၾကာင္းလမ္းမကို ပိတ္လိုက္ေၾကာင္း ႐ုရွားအစိုးရဆို
ၿဖိဳးခန႔္(NP News) - ႏိုဝင္ဘာ ၁
႐ုရွားစစ္တပ္သည္ ပင္လယ္နက္ကိုျဖတ္၍ ယူကရိန္း၏သီးႏွံမ်ားတင္ပို႔ရာတြင္ အသုံးျပဳသည့္ ေရေၾကာင္းလမ္းမကို ပိတ္လိုက္ေၾကာင္း သိရသည္။
ယူကရိန္း၏ ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္မႈကို လက္တုံ႔ျပန္သည့္အေနျဖင့္ အဆိုပါလုပ္ရပ္ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေအာက္တိုဘာ(၃၁)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
ေအာက္တိုဘာ(၂၉)ရက္ေန႔ နံနက္အေစာပိုင္းက ယူကရိန္း၏ ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္မႈေၾကာင့္ ပင္လယ္နက္တြင္ အသုံးျပဳေနေသာ ႐ုရွားသေဘၤာအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ၿပီးေနာက္ ႐ုရွားဖက္က အဆိုပါထုတ္ျပန္ခ်က္ကို ေၾကညာခဲ့ ျခင္းျဖစ္သည္။ ခ႐ိုင္းမီးယားေဒသရွိ ဆီဗာစတိုပိုဆိပ္ကမ္းၿမိဳ႕ တိုက္ခိုက္ခံရျခင္းအတြက္ ႐ုရွားသည္ ၿဗိတိန္ကို ျပစ္တင္ေဝဖန္မႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ၿဗိတိန္ေရတပ္တပ္ဖြဲ႕မ်ားသည္ Ochakov ဆိပ္ကမ္းၿမိဳ႕တြင္ အေျခစိုက္ ၿပီး စစ္ဆင္ေရးအားလုံးကို ခ်ဳပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားဖက္က စြပ္စြဲေျပာဆိုခဲ့ေသာ္လည္း ၿဗိတိန္က အဆိုပါ စြပ္စြဲခ်က္မ်ားသည္ မဟုတ္မမွန္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့သည္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ဆီဗာစတိုပို ဆိပ္ကမ္းၿမိဳ႕အား တိုက္ခိုက္ခဲ့တဲ့ကိစၥကို ရွင္းရွင္းလင္းလင္း မသိရ မခ်င္း ပင္လယ္နက္ကိုျဖတ္ၿပီး သီးႏွံတင္ပို႔တဲ့ ေရလမ္းေၾကာင္းအားလုံးကို ပိတ္ဆို႔ထားမွာပါ” ဟု ေျပာဆိုခဲ့သည္။
႐ုရွားသည္ ယူကရိန္းႏွင့္ ရရွိထားေသာသီးႏွံတင္ပို႔သည့္ သေဘာတူညီခ်က္မွ အၿပီးႏႈတ္ထြက္ျခင္းမ်ိဳးမဟုတ္ဘဲ အခ်ိန္အတိုင္းအတာတစ္ခုအထိသာ ဆိုင္းငံ့ထားျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဆင္းရဲႏြမ္းပါးေသာႏိုင္ငံမ်ားသို႔တင္ပို႔ေသာ ယူကရိန္း၏တင္ပို႔ေနေသာ သီးႏွံမ်ား ေလ်ာ့နည္းသြားျခင္းအတြက္ ႐ုရွားက ၎၏ကိုယ္ပိုင္သိုေလွာင္မႈမ်ားထဲမွ ေလ်ာ္ေၾကးေပးသြားမည္ျဖစ္ေၾကာင္း ႐ုရွား၏ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေအာက္တိုဘာ(၃၁)ရက္ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ ႐ုရွားသည္ ကုလသမဂၢႏွင့္ တူရကီ အပါအဝင္ အျခားအဖြဲ႕အစည္းႏိုင္ငံမ်ားႏွင့္ အဆက္အသြယ္ရွိေနဆဲျဖစ္ေၾကာင္း ႐ုရွား၏ေျပာေရးဆိုခြင့္ရွိ သူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့သည္။
႐ုရွားသည္ ယူကရိန္း၏ သီးႏွံတင္ပို႔မႈသေတာတူညီခ်က္တြင္ ၎၏ပါဝင္ပတ္သက္မႈကို ျပန္လည္စတင္ရန္ အတြက္ ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ အဆင့္သင့္မျဖစ္ေသးေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။