တိုင်းပြည်သာယာဝပြောရန်လိုကြောင်းနှင့် လုံခြုံမှုမရှိပါကလည်း အထုပ်ပိုက်ကာ ကင်းစောင့်ပြီး အိပ်နေရမည်ဟု နစကအကြီးအကဲဆို

 967

မျိုးကြီး (NP News) - နိုဝင်ဘာ ၂

တိုင်းပြည်သာယာဝပြောရန်လိုအပ်ကြောင်းနှင့် လုံခြုံမှုမရှိပါကလည်း အထုပ်ပိုက်ကာ ကင်းစောင့်ပြီး အိပ်နေရမည်ဟု နစကအ ကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်တွင် နေပြည် တော်ရှိ နစကဥက္ကဋ္ဌရုံး၌ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးတို့အတွက် နစကအနေဖြင့် မူဝါဒချ မှတ်ချက်ကာ ဆောင်ရွက်နေကြောင်း နစကအကြီးအကဲက ပြော သည်။

“ကျွန်တော်တို့သည် တိုင်းပြည်က သာယာဝပြောရမယ်။ စားရေ ရိက္ခာပေါများရမယ်။ လက်ရှိ အထွက်နှုန်းအရဆိုလို့ရှိရင် ဆန်လည်းကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ နိုင်ငံခြား တောက်လျှောက်ပို့ပါတယ်။ ဆီထွက်သီးနှံလည်း အလားတူပို့နေတာ ရှိပါတယ်။ ဒီတော့ ဒီထက်ပိုအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အလမ်းရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ ဝန်ကြီးချုပ်များအနေဖြင့် စားရေရိက္ခာပေါများရေး၊ တိုင်းပြည်ဝင်ငွေရရှိကာ သာ ယာဝပြောရေးတို့အတွက် ဦးစားပေးအနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ဆက်လက်ပြီး နစကအကြီးအကဲက “တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမ ဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုပ်မလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့” ဟု ထည့်သွင်းပြောဆိုထားသည်။

ထို့ကြောင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် တိုင်းပြည်သာယာဝပြောရေးအတွက် တရားဥပဒေစိုးမိုးရေး၊ ထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ကာ ပြည်သူလူထုဝင်ငွေရရှိပြီး လူထုချမ်းသာရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့မဆောင်ရွက်နိုင်ပါက နစကအစိုးရအနေဖြင့် တာဝန်မကျေရာကြကြောင်းနှင့် နောင်တက်လာမည့် အစိုးရ၏ ဝေဖန်ခြင်းကို ခံရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ပြီးခဲ့သော ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရလက်ထက်တို့တွင် မြန် မာနိုင်ငံ၏ ပြည်ကုန်သွယ်မှုများတွင် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၄ ဘီလျံကျော်အထိ လိုငွေပြခဲ့ကြောင်း ၎င်းက ထောက်ပြဝေဖန်ထားသည်။

zawgyi version
တိုင္းျပည္သာယာဝေျပာရန္လိုေၾကာင္းႏွင့္ လုံၿခဳံမႈမရွိပါကလည္း အထုပ္ပိုက္ကာ ကင္းေစာင့္ၿပီး အိပ္ေနရမည္ဟု နစကအႀကီးအကဲဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂

တိုင္းျပည္သာယာဝေျပာရန္လိုအပ္ေၾကာင္းႏွင့္ လုံၿခဳံမႈမရွိပါကလည္း အထုပ္ပိုက္ကာ ကင္းေစာင့္ၿပီး အိပ္ေနရမည္ဟု နစကအ ႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၁ ရက္တြင္ ေနျပည္ ေတာ္ရွိ နစကဥကၠ႒႐ုံး၌ျပဳလုပ္ေသာ အစိုးရအဖြဲ႕အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

အမ်ိဳးသားေရးလုပ္ငန္းစဥ္ႏွစ္ရပ္အျဖစ္ တိုင္းျပည္သာယာဝေျပာေရး၊ စားေရရိကၡာေပါမ်ားေရးတို႔အတြက္ နစကအေနျဖင့္ မူဝါဒခ် မွတ္ခ်က္ကာ ေဆာင္႐ြက္ေနေၾကာင္း နစကအႀကီးအကဲက ေျပာ သည္။

“ကြၽန္ေတာ္တို႔သည္ တိုင္းျပည္က သာယာဝေျပာရမယ္။ စားေရ ရိကၡာေပါမ်ားရမယ္။ လက္ရွိ အထြက္ႏႈန္းအရဆိုလို႔ရွိရင္ ဆန္လည္းကြၽန္ေတာ္တို႔ ပိုပါတယ္။ ပဲေတြ ႏိုင္ငံျခား ေတာက္ေလွ်ာက္ပို႔ပါတယ္။ ဆီထြက္သီးႏွံလည္း အလားတူပို႔ေနတာ ရွိပါတယ္။ ဒီေတာ့ ဒီထက္ပိုေအာင္လုပ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အခြင့္အလမ္းရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ စားေရရိကၡာေပါမ်ားေရး၊ တိုင္းျပည္ဝင္ေငြရရွိကာ သာ ယာဝေျပာေရးတို႔အတြက္ ဦးစားေပးအေနျဖင့္ ထည့္သြင္းစဥ္းစားေဆာင္႐ြက္ၾကရန္ ၎က တိုက္တြန္းခဲ့သည္။

ဆက္လက္ၿပီး နစကအႀကီးအကဲက “တိုင္းျပည္သာယာဝေျပာတယ္ဆိုတာ ေငြခ်မ္းသာဖို႔လည္း ရွိလိမ့္မယ္။ စိတ္ခ်မ္းသာဖို႔လည္းလိုတယ္။ ေငြခ်မ္းသာဖို႔၊ စိတ္ခ်မ္းသာဖို႔လိုတယ္။ တရားဥပေဒစိုးမိုးေရး ျဖစ္ဖို႔လည္းလိုတယ္။ ဒါမွတိုင္းျပည္သာယာဝေျပာမွာေပါ့။ ဒါမွမ ဟုတ္ရင္ ကြၽန္ေတာ္တို႔က တပူပူနဲ႔။ ေငြကေတာ့ ခ်မ္းသာပါတယ္။ လုံၿခဳံမႈမရွိလို႔ရွိရင္ အထုပ္ပိုက္ၿပီးေတာ့ ကင္းေစာင့္ၿပီး အိပ္ေနရမွာေပါ့။ ငါ့ပစၥည္း ဘယ္အခ်ိန္ဘာလုပ္မလဲဆိုၿပီး ျဖစ္ေနရမွာ။ ဒါေတြကလည္း ရွိေသးတာေပါ့” ဟု ထည့္သြင္းေျပာဆိုထားသည္။

ထို႔ေၾကာင့္ တိုင္းႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားအေနျဖင့္ တိုင္းျပည္သာယာဝေျပာေရးအတြက္ တရားဥပေဒစိုးမိုးေရး၊ ထြက္ကုန္ပစၥည္းမ်ား ပိုမိုထုတ္လုပ္ကာ ျပည္သူလူထုဝင္ေငြရရွိၿပီး လူထုခ်မ္းသာေရးအတြက္ ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔မေဆာင္႐ြက္ႏိုင္ပါက နစကအစိုးရအေနျဖင့္ တာဝန္မေက်ရာၾကေၾကာင္းႏွင့္ ေနာင္တက္လာမည့္ အစိုးရ၏ ေဝဖန္ျခင္းကို ခံရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ၿပီးခဲ့ေသာ ဦးသိန္းစိန္အစိုးရႏွင့္ NLD အစိုးရလက္ထက္တို႔တြင္ ျမန္ မာႏိုင္ငံ၏ ျပည္ကုန္သြယ္မႈမ်ားတြင္ ကုန္သြယ္မႈလိုေငြအျဖစ္ အေမရိကန္ေဒၚလာ ၂၄ ဘီလ်ံေက်ာ္အထိ လိုေငြျပခဲ့ေၾကာင္း ၎က ေထာက္ျပေဝဖန္ထားသည္။

Related news

© 2021. All rights reserved.