အာဆီယံတွေ့ဆုံဆွေးနွေးပွဲများမှာ နစက ပါဝင်ရမှာဖြစ်ကြောင်း အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

 1369

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာမာတီ နာတာလီဂါဝါက နစကကို အာဆီယံအဖွဲ့ကြီးရဲ့တွေ့ဆုံ ဆွေးနွေးပွဲများမှာ ပါဝင်ခွင့်ပေးသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိ ဒေါက်တာမာတီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက The Straits Time သတင်းဌာနနဲ့တွေ့ဆုံ ဆွေးနွေးချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပါအဝင် အာဆီယံအဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲတွေမှာ နစကကို မတက်ရောက်ဖို့ တားမြစ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာ နိုင်ငံရေးအကျပ်အတည်းများကိုဖြေရှင်းနိုင်ဖို့ နစကအကြီးအကဲ နဲ့ အာဆီယံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ အာဆီယံသဘောတူညီချက်ငါးချက် ရရှိခဲ့ပေမယ့် နစက ဟာ အဆိုပါအာဆီယံ သဘောတူညီချက် ငါးချက် ကို အကောင်အထည်ဖော်ရာမှာ သိသာတိုးတက်မှုမရှိသေးကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေခဲ့ပါတယ်။

အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံရေးပြဿနာကို သက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံ မပါဝင်ဘဲ ဖြေရှင်း ဖို့ကြိုးပမ်းနေတာက ခက်ခဲမှုတွေရှိလာနိုင်တယ်လို့ ထင်မိတယ်။ အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံအထူး ကိုယ်စားလှယ်တစ်ဦးတည်းအပေါ် မှီခိုနေတာမျိုးမဖြစ်သင့်ဘူး၊ လက်ရှိအချိန်မှာ ကျွန်တော်အမြင်တော့ အာဆီယံ ဟာ မြန်မာနိုင်ငံရေးပြဿနာကို စီမံခန့်ခွဲနိုင်ဖို့ ၀န်ထုတ်ဝန်ပိုးဖြစ်သလိုမျိုး ရှိနေတယ်" လို့ပြောပါတယ်။

အာဆီယံအဖွဲ့ကြီးဟာ လာမယ့်ရက်ပိုင်းအတွင်း အာဆီယံထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမှာဖြစ်ရာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အဓိကထား တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေ တယ်လို့ သိရပါတယ်။

Zawgyi Version;
အာဆီယံေတြ႕ဆုံေဆြးေႏြးပြဲမ်ားမွာ နစက ပါဝင္ရမွာျဖစ္ေၾကာင္း အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂

အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ေဒါက္တာမာတီ နာတာလီဂါဝါက နစကကို အာဆီယံအဖြဲ႕ႀကီးရဲ႕ေတြ႕ဆုံ ေဆြးေႏြးပြဲမ်ားမွာ ပါဝင္ခြင့္ေပးသင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အသက္ ၅၉ ႏွစ္အ႐ြယ္ရွိ ေဒါက္တာမာတီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက The Straits Time သတင္းဌာနနဲ႔ေတြ႕ဆုံ ေဆြးေႏြးခ်ိန္မွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က က်င္းပခဲ့တဲ့ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး အပါအဝင္ အာဆီယံအဆင့္ျမင့္အရာရွိႀကီးမ်ား ေတြ႕ဆုံေဆြးေႏြးပြဲေတြမွာ နစကကို မတက္ေရာက္ဖို႔ တားျမစ္ ပိတ္ပင္ထားတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကိုေျဖရွင္းႏိုင္ဖို႔ နစကအႀကီးအကဲ နဲ႔ အာဆီယံေခါင္းေဆာင္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ ရရွိခဲ့ေပမယ့္ နစက ဟာ အဆိုပါအာဆီယံ သေဘာတူညီခ်က္ ငါးခ်က္ ကို အေကာင္အထည္ေဖာ္ရာမွာ သိသာတိုးတက္မႈမရွိေသးေၾကာင္း ေဝဖန္ျပစ္တင္မႈမ်ားရွိေနခဲ့ပါတယ္။

အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီးက "ျမန္မာႏိုင္ငံေရးျပႆနာကို သက္ဆိုင္ရာအဖြဲ႕အစည္းႏိုင္ငံ မပါဝင္ဘဲ ေျဖရွင္း ဖို႔ႀကိဳးပမ္းေနတာက ခက္ခဲမႈေတြရွိလာႏိုင္တယ္လို႔ ထင္မိတယ္။ အာဆီယံေခါင္းေဆာင္ေတြဟာ အာဆီယံအထူး ကိုယ္စားလွယ္တစ္ဦးတည္းအေပၚ မွီခိုေနတာမ်ိဳးမျဖစ္သင့္ဘူး၊ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္အျမင္ေတာ့ အာဆီယံ ဟာ ျမန္မာႏိုင္ငံေရးျပႆနာကို စီမံခန႔္ခြဲႏိုင္ဖို႔ ၀န္ထုတ္ဝန္ပိုးျဖစ္သလိုမ်ိဳး ရွိေနတယ္" လို႔ေျပာပါတယ္။

အာဆီယံအဖြဲ႕ႀကီးဟာ လာမယ့္ရက္ပိုင္းအတြင္း အာဆီယံထိပ္သီးအစည္းအေဝးကို အလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပမွာျဖစ္ရာ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး အဓိကထား ေတြ႕ဆုံေဆြးေႏြးသြားဖြယ္ရွိေန တယ္လို႔ သိရပါတယ္။

Picture

09883352034

02/11/2022 19:56

ထောက်ခံတယ်

Related news

© 2021. All rights reserved.