ရန်ကုန်မြို့မှာ နယူးဇီလန်သံရုံး ပြန်လည်ဖွင့်လှစ်ပြီး မြန်မာနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်ဖွယ်ရှိနေ

 1113

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂

နယူးဇီလန်နိုင်ငံဟာ နစကနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ်ကျော်နီးပါးအတွင်း နယူးဇီလန်အစိုးရဟာ မြန်မာနိုင်ငံမှာ နယူးဇီလန်အစိုးရသံရုံး ပြန်လည်ဖွင့််လှစ်နိုင်ဖို့ အဆင့်မြင့်သံတမန် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ် ဖွယ်ရှိနေကြောင်း နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့အာရှရေးရာအကြီးအကဲတစ်ဦးဖြစ်တဲ့ Deborah Geels က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့မှာ သံရုံးပြန်လည်ဖွင့်လှစ်ဖို့ က နယူးဇီလန်အတွက် အဓိက ဦးစားပေး ဖြစ်ကြောင်း ဆိုပါတယ်။

ထိုင်ဝမ်ရှိ နယူးဇီလန်အစိုးရ သံရုံးကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ Stephanie Lee ဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်မယ့် နယူးဇီလန်သံရုံးကို ဦးဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၄င်းဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ သူမရဲ့ဗီဇာနဲ့ပတ်သက်ပြီး နစကရဲ့ခွင့်ပြုချက်တွေကို စောင့်ဆိုင်းလျက်ရှိနေတယ်လို့ သိရပါတယ်။ နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Deborah Geels က "မြန်မာနိုင်ငံမှာ နယူးဇီလန်သံရုံး ပြန်လည်ဖွင့်လှစ်ဖြစ်ခဲ့မယ် ဆို ရင် မြန်မာနိုင်ငံရဲ့မြေပြင်အခြေအနေတွေကို အပြည့်အဝ နားလည်လာမယ်လို့ ထင်မိပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စေဖို့အတွက် အကောင်းဆုံး ကူညီထောက်ပံ့ပေးနိုင်ဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။

နယူးဇီလန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်များကိုလက်ခံထားပြီး ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ သား ၉ဝဝ ကျော် ရောက်ရှိနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕မွာ နယူးဇီလန္သံ႐ုံး ျပန္လည္ဖြင့္လွစ္ၿပီး ျမန္မာနဲ႔ သံတမန္ဆက္ဆံေရး ျပန္လည္လုပ္ေဆာင္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂

နယူးဇီလန္ႏိုင္ငံဟာ နစကနဲ႔ သံတမန္ဆက္ဆံေရး ပုံမွန္ျပန္လည္လုပ္ေဆာင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ၂ ႏွစ္ေက်ာ္နီးပါးအတြင္း နယူးဇီလန္အစိုးရဟာ ျမန္မာႏိုင္ငံမွာ နယူးဇီလန္အစိုးရသံ႐ုံး ျပန္လည္ဖြင့္္လွစ္ႏိုင္ဖို႔ အဆင့္ျမင့္သံတမန္ ဦးေဆာင္တဲ့ကိုယ္စားလွယ္အဖြဲ႕ကို ေစလႊတ္ ဖြယ္ရွိေနေၾကာင္း နယူးဇီလန္ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

နယူးဇီလန္ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕အာရွေရးရာအႀကီးအကဲတစ္ဦးျဖစ္တဲ့ Deborah Geels က ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန နဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနတို႔ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ အတြင္းက ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ရန္ကုန္ၿမိဳ႕မွာ သံ႐ုံးျပန္လည္ဖြင့္လွစ္ဖို႔ က နယူးဇီလန္အတြက္ အဓိက ဦးစားေပး ျဖစ္ေၾကာင္း ဆိုပါတယ္။

ထိုင္ဝမ္ရွိ နယူးဇီလန္အစိုးရ သံ႐ုံးကိုယ္စားလွယ္အျဖစ္တာဝန္ယူခဲ့ဖူးတဲ့ Stephanie Lee ဟာ ရန္ကုန္ၿမိဳ႕မွာ ဖြင့္လွစ္မယ့္ နယူးဇီလန္သံ႐ုံးကို ဦးေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

၄င္းဟာ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံကိုဝင္ေရာက္ဖို႔ သူမရဲ႕ဗီဇာနဲ႔ပတ္သက္ၿပီး နစကရဲ႕ခြင့္ျပဳခ်က္ေတြကို ေစာင့္ဆိုင္းလ်က္ရွိေနတယ္လို႔ သိရပါတယ္။ နယူးဇီလန္ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ အာရွေရးရာ အႀကီးအကဲတစ္ဦးျဖစ္တဲ့ Deborah Geels က "ျမန္မာႏိုင္ငံမွာ နယူးဇီလန္သံ႐ုံး ျပန္လည္ဖြင့္လွစ္ျဖစ္ခဲ့မယ္ ဆို ရင္ ျမန္မာႏိုင္ငံရဲ႕ေျမျပင္အေျခအေနေတြကို အျပည့္အဝ နားလည္လာမယ္လို႔ ထင္မိပါတယ္။ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးျဖစ္ေစဖို႔အတြက္ အေကာင္းဆုံး ကူညီေထာက္ပံ့ေပးႏိုင္ဖြယ္ရွိပါတယ္" လို႔ ေျပာပါတယ္။

နယူးဇီလန္ဟာ ျမန္မာႏိုင္ငံက ဒုကၡသည္မ်ားကိုလက္ခံထားၿပီး ၂ဝ၁၆ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ သား ၉ဝဝ ေက်ာ္ ေရာက္ရွိေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။

Picture

09670558141

03/11/2022 08:41

(၃)လစာငွေသွင်းပြီး video များကြည့်၍မရပါ။ အိုက်တီ အားနည်း၍ မည်သို့လုပ်ရမည်မသိပါခင်ဗျာ

Related news

© 2021. All rights reserved.