“ဝ” အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ဖိတ်ခေါ်

 752

မျိုးကြီး (NP News) - နိုဝင်ဘာ ၂

“ဝ” အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက် ထားရန် ကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွား လာရေးနှင့်လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ တို့မှ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆေးတက္ကသိုလ်လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အမြဲနေထိုင်သူ များဖြစ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

အခြေခံပညာသင်တန်း ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်းများကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများ မှပင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ဖြစ်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အောင် မြင်သူဖြစ်ရန်လိုအပ်ပြီး (၆)ဘာသာစုစုပေါင်းရမှတ် (၄၂ဝ)နှင့်အ ထက် ရရှိသူများ ဖြစ်ရန်လိုအပ်ကြောင်း သိရသည်။

ထိုသို့ (၆)ဘာသာစုစုပေါင်းရမှတ် (၄၂ဝ)နှင့်အထက် ရရှိသူများအ နက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃)ဘာသာစုစုပေါင်းရမှတ် အများ၊ အနည်းပေါ်မူတည်ကာ ပဏာမရွေးချယ်ပြီး လူတွေ့နှုတ်မေးစားမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ထို့နောက် လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ (၃) ဘာသာစုစုပေါင်းရမှတ်နှင့် လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုမှုရလဒ်ပေါင်းအပေါ်မူတည်ကာ အပြီးသတ်ရွေးချယ်ပြီး ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိပြီး ဘွဲ့ရရှိပြီးသည့်အချိန်တွင် မိမိဒေသ၌ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၅)နှစ်၊ ဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး (၅)နှစ် မပျက်မကွက်တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

အဆိုပါဆေးတက္ကသိုလ်တက်ရောက်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဝ၆၇-၃၄၁၁၂၃၉နှင့် ဝ၆၇-၃၄၁၁၁၄၈၊ ဝ၆၇-၃၄၁၁၁၄၉၊ လိုင်းခွဲ(၈၁၁)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

zawgyi version
“ဝ” အပါအဝင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ထားသူမ်ား ေဆးတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားရန္ ဖိတ္ေခၚ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂

“ဝ” အပါအဝင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ထားသူမ်ား ေဆးတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ ထားရန္ က်န္းမာေရးဝန္ႀကီးဌာနက ဖိတ္ေခၚထားသည္။

ႏိုင္ငံေတာ္မွ ထုတ္ျပန္ထားေသာ ေဒသစရိတ္ခံစားခြင့္ရွိသည့္ သြား လာေရးႏွင့္လူမႈေရးခက္ခဲေသာ ေဒသမ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(၆)ခုျဖစ္ေသာ နာဂ၊ ဓႏု၊ ပအိုဝ္း၊ ပေလာင္၊ ကိုးကန႔္၊ ဝ တို႔မွ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားအေနျဖင့္ ေဆးတကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေဆးတကၠသိုလ္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္မွထုတ္ျပန္ထားေသာ ေဒသစရိတ္ခံစားခြင့္ရွိသည့္ သြားလာေရးခက္ခဲေသာေဒသမ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္ အၿမဲေနထိုင္သူ မ်ားျဖစ္ရန္ လိုအပ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားသည္။

အေျခခံပညာသင္တန္း ၈ တန္း၊ ၉ တန္း၊ ၁ဝ တန္းမ်ားကို ၎ေဒသမ်ားတြင္ ဆက္တိုက္ပညာသင္ၾကားခဲ့ၿပီး ၎ေဒသမ်ား မွပင္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ား ျဖစ္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ သိပၸံဘာသာတြဲျဖင့္ ေအာင္ ျမင္သူျဖစ္ရန္လိုအပ္ၿပီး (၆)ဘာသာစုစုေပါင္းရမွတ္ (၄၂ဝ)ႏွင့္အ ထက္ ရရွိသူမ်ား ျဖစ္ရန္လိုအပ္ေၾကာင္း သိရသည္။

ထိုသို႔ (၆)ဘာသာစုစုေပါင္းရမွတ္ (၄၂ဝ)ႏွင့္အထက္ ရရွိသူမ်ားအ နက္ အဂၤလိပ္စာ၊ ဓာတုေဗဒ၊ ဇီဝေဗဒ (၃)ဘာသာစုစုေပါင္းရမွတ္ အမ်ား၊ အနည္းေပၚမူတည္ကာ ပဏာမေ႐ြးခ်ယ္ၿပီး လူေတြ႕ႏႈတ္ေမးစားေမးပြဲသို႔ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ေနာက္ လူေတြ႕ႏႈတ္ေမးစာေမးပြဲေျဖဆိုခြင့္ရရွိသူမ်ား၏ (၃) ဘာသာစုစုေပါင္းရမွတ္ႏွင့္ လူေတြ႕ႏႈတ္ေမးစာေမးပြဲေျဖဆိုမႈရလဒ္ေပါင္းအေပၚမူတည္ကာ အၿပီးသတ္ေ႐ြးခ်ယ္ၿပီး ေဆးတကၠသိုလ္ကို တက္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးတကၠသိုလ္တက္ေရာက္ခြင့္ရရွိၿပီး ဘြဲ႕ရရွိၿပီးသည့္အခ်ိန္တြင္ မိမိေဒသ၌ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ အနည္းဆုံး(၅)ႏွစ္၊ ဘြဲ႕လြန္သင္တန္း တက္ေရာက္ေအာင္ျမင္ၿပီးပါက ႏိုင္ငံ့ဝန္ထမ္းအျဖစ္အနည္းဆုံး (၅)ႏွစ္ မပ်က္မကြက္တာဝန္ထမ္းေဆာင္ရန္ ဝန္ခံကတိျပဳရမည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ဆိုထားသည္။

အဆိုပါေဆးတကၠသိုလ္တက္ေရာက္ခြင့္ႏွင့္ပတ္သက္၍ အေသးစိတ္သိလိုပါက က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန ဝ၆၇-၃၄၁၁၂၃၉ႏွင့္ ဝ၆၇-၃၄၁၁၁၄၈၊ ဝ၆၇-၃၄၁၁၁၄၉၊ လိုင္းခြဲ(၈၁၁)သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.