Dawn ငွေချေးကုမ္ပဏီမှ အရာရှိအမျိုးသမီးအား သတ်ဖြတ်ကာ ငွေကျပ်(၁၃)သိန်းကျော် လုယက်သူ(၂)ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိ

 2020

NP News - နိုဝင်ဘာ ၂

Dawn ငွေချေးကုမ္ပဏီမှ အရာရှိအမျိုးသမီးအား သတ်ဖြတ်ကာ ငွေကျပ်(၁၃)သိန်းကျော် လုယက်သူ(၂)ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကုမ္ပဏီမှ ယနေ့ (နိုဝင်ဘာလ ၂ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်းရှိ Early Dawn Microfinance Co., Ltd. (DAWN) ပေါက်ခေါင်းဌာနခွဲမှ ချေးငွေအရာရှိ မစန်းစန်းမော်သည် နိုဝင်ဘာလ ၂၈ ရက်တွင် သတ်ဖြတ်ခံရကာ ငွေကြေးများ လုယက်ခံရခြင်းဖြစ် သည်။

ချေးငွေအရာရှိ မစန်းစန်းမော်သည် အလုပ်ကိစ္စဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရှားစီးဖိုကျေးရွားမှ ရုံးခွဲသို့ပြန်လာစဉ် ရှားစီးဖို-ပေါက်ခေါင်းကားလမ်းဘေး၌ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁ ရက်တွင် ရှားစီးဖိုကျေးရွာရှိ ပြစ်မှုကျူးလွန်သူဟုယူဆရသည့် ဦးနေမင်းဦးနှင့် ပူးပေါင်းပါဝင်သူ ဦးနေမျိုးအောင်တို့ကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းတို့မှ ယူဆောင်သွားသော ငွေကျပ် (၁,၃၅၀,၆၀၀)နှင့် အခြားသက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိုက်တန်သောပြစ်ဒဏ်များကျခံစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း Dawn ကုမ္ပဏီက ဆိုထားသည်။

zawgyi version
Dawn ေငြေခ်းကုမၸဏီမွ အရာရွိအမ်ိဳးသမီးအား သတ္ျဖတ္ကာ ေငြက်ပ္(၁၃)သိန္းေက်ာ္ လုယက္သူ(၂)ဦးကို သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိ
NP News - ႏိုဝင္ဘာ ၂

Dawn ေငြေခ်းကုမၸဏီမွ အရာရွိအမ်ိဳးသမီးအား သတ္ျဖတ္ကာ ေငြက်ပ္(၁၃)သိန္းေက်ာ္ လုယက္သူ(၂)ဦးကို သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ကုမၸဏီမွ ယေန႔ (ႏိုဝင္ဘာလ ၂ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

ပဲခူးတိုင္းအတြင္းရွိ Early Dawn Microfinance Co., Ltd. (DAWN) ေပါက္ေခါင္းဌာနခြဲမွ ေခ်းေငြအရာရွိ မစန္းစန္းေမာ္သည္ ႏိုဝင္ဘာလ ၂၈ ရက္တြင္ သတ္ျဖတ္ခံရကာ ေငြေၾကးမ်ား လုယက္ခံရျခင္းျဖစ္ သည္။

ေခ်းေငြအရာရွိ မစန္းစန္းေမာ္သည္ အလုပ္ကိစၥျဖင့္ ေပါက္ေခါင္းၿမိဳ႕နယ္အတြင္းရွိ ရွားစီးဖိုေက်း႐ြားမွ ႐ုံးခြဲသို႔ျပန္လာစဥ္ ရွားစီးဖို-ေပါက္ေခါင္းကားလမ္းေဘး၌ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သည္။

ထို႔ေနာက္ ႏိုဝင္ဘာလ ၁ ရက္တြင္ ရွားစီးဖိုေက်း႐ြာရွိ ျပစ္မႈက်ဴးလြန္သူဟုယူဆရသည့္ ဦးေနမင္းဦးႏွင့္ ပူးေပါင္းပါဝင္သူ ဦးေနမ်ိဳးေအာင္တို႔ကို ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ကုမၸဏီဘက္က ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၎တို႔မွ ယူေဆာင္သြားေသာ ေငြက်ပ္ (၁,၃၅၀,၆၀၀)ႏွင့္ အျခားသက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ၿပီျဖစ္ေၾကာင္း ဆက္လက္ထုတ္ျပန္ထားသည္။

ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒႏွင့္အညီ ထိုက္တန္ေသာျပစ္ဒဏ္မ်ားက်ခံေစေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ဟုလည္း Dawn ကုမၸဏီက ဆိုထားသည္။

Picture

Aung Win

02/11/2022 15:28

ရိုးရိုးသားသားလုပ်ကိုင်မစားချင် လုယက်ခိုးဆိုး မျှရုံမကပဲ လူသတ်ဓါးပြတိုက်တဲ့ကေါင်တွေ လူ့ပြည်မှာလူ့ဘဝရပေမဲ့ လူနဲ့မတန်တဲ့ကေါင်တွေရဲ့သွားရာလမ်းသာပို့လိုက်ပါ မိန်းမသားတစ်ယောက်ဆီကလုယက်သတ်ဖြတ်ပီးရတဲ့ငွေ တော်တော်မှအရသာရှိရဲ့လား?

Picture

စိုင္း ေပါ့ ခမ္း

02/11/2022 19:24

နိုဝင်ဘာဖြစ်နေတယ် ပြင်ဦး

Related news

© 2021. All rights reserved.