သာကေတမြို့နယ်ရှိ မူလတန်းကျောင်းအပါအဝင် နေရာ(၃)ခု၌ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ လူ(၄၈)ဦးထက်မနည်း ဆေးရုံသို့ ပို့ဆောင်ထားရ

 986

photo: ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်း

NP News - နိုဝင်ဘာ ၂

သာကေတမြို့နယ်ရှိ အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်းအပါအဝင် နေရာ(၃)ခု၌ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ လူ(၄၈)ဦးထက်မနည်း ဆေးရုံသို့ ပို့ဆောင်ကုမှုခံယူနေရကြောင်း သတင်းရရှိသည်။

ပထမဦးစွာ ယနေ့ (နိုဝင်ဘာလ ၂ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန် တိုင်း၊ သာကေတမြို့နယ်၊ (၁ဝ)ရပ်ကွက်ရှိ အမှတ်(၂၉)အခြေခံ ပညာမူလတန်းကျောင်း၌ မွေးနေ့အလှူအဖြစ် ကြာဇံကြော်လာရောက်လှူဒါန်းမှုရှိခဲ့ကြောင်း သိရသည်။

“မွေးနေ့အလှူဆိုပြီးတော့ ကြာဇံကြော်တွေ လာပေးတယ်။ အဲဒီကြာဇံကြော်တွေ စားရင်းကနေ အခုလို အစာဆိပ်သင့်တာဖြစ်တယ်လို့ သတင်းရတာပေါ့။ များများစားတဲ့သူကတော့ တော်တော်အခြေအ နေဆိုးတယ်။ မူလတန်းကလေးတွေ။ KG လေးတွေ။ နည်းနည်းစားတဲ့သူ၊ အတန်းကြီးတဲ့သူက မဖြစ်ဘူးလို့ ပြောတယ်။ Grade-2 ကလေးတွေလည်း ပါတယ်ပေါ့” ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးညွန့်စိုး NP News ကို ပြောသည်။

အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်းမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သော ကလေးငယ်ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးကို ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း ဥက္ကဋ္ဌ ဦးညွန့်စိုးက ဆက်လက်ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၇)ရပ်ကွက်ရှိ ကမ်းနားလမ်းတွင် မွေးနေ့အလှူအဖြစ် ကြာဇံကြော်များ လာရောက်လှူဒါန်းပေးမှုကို စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒဂုံဆိပ်ကမ်း၊ (၆၇)ရပ်ကွက်၊ ကမ်းနားလမ်းမှာပေါ့ သူလည်း အစာအဆိပ်သင့်တာပဲ။ ဒီအလှူရှင်ပဲလို့တော့ ပြောတယ်။ ရပ်ကွက်ထဲမှာဖြစ်တာပေါ့။ နောက်ပြီးတော့ ဒဂုံဆိပ်ကမ်း အပိုင်ထဲမှာရှိတဲ့ ရာဇဂြိုလ်ဘုန်းကြီးကျောင်းမှာလည်း အစာအဆိပ်သင့်မှုဖြစ်ပွားတယ်လို့တော့ ကြားတယ်” ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဦးညွန့်စိုးက ပြောသည်။

လက်ရှိတွင် အဆိုပါနေရာ(၃)ခု၌ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းကြောင့် စုစုပေါင်းလူဦးရေ(၄၈)ဦးအား ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္ရွိ မူလတန္းေက်ာင္းအပါအဝင္ ေနရာ(၃)ခု၌ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ရာ လူ(၄၈)ဦးထက္မနည္း ေဆး႐ုံသို႔ ပို႔ေဆာင္ထားရ
NP News - ႏိုဝင္ဘာ ၂

သာေကတၿမိဳ႕နယ္ရွိ အမွတ္(၂၉)အေျခခံပညာမူလတန္းေက်ာင္းအပါအဝင္ ေနရာ(၃)ခု၌ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ရာ လူ(၄၈)ဦးထက္မနည္း ေဆး႐ုံသို႔ ပို႔ေဆာင္ကုမႈခံယူေနရေၾကာင္း သတင္းရရွိသည္။

ပထမဦးစြာ ယေန႔ (ႏိုဝင္ဘာလ ၂ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္ တိုင္း၊ သာေကတၿမိဳ႕နယ္၊ (၁ဝ)ရပ္ကြက္ရွိ အမွတ္(၂၉)အေျခခံ ပညာမူလတန္းေက်ာင္း၌ ေမြးေန႔အလႉအျဖစ္ ၾကာဇံေၾကာ္လာေရာက္လႉဒါန္းမႈရွိခဲ့ေၾကာင္း သိရသည္။

“ေမြးေန႔အလႉဆိုၿပီးေတာ့ ၾကာဇံေၾကာ္ေတြ လာေပးတယ္။ အဲဒီၾကာဇံေၾကာ္ေတြ စားရင္းကေန အခုလို အစာဆိပ္သင့္တာျဖစ္တယ္လို႔ သတင္းရတာေပါ့။ မ်ားမ်ားစားတဲ့သူကေတာ့ ေတာ္ေတာ္အေျခအ ေနဆိုးတယ္။ မူလတန္းကေလးေတြ။ KG ေလးေတြ။ နည္းနည္းစားတဲ့သူ၊ အတန္းႀကီးတဲ့သူက မျဖစ္ဘူးလို႔ ေျပာတယ္။ Grade-2 ကေလးေတြလည္း ပါတယ္ေပါ့” ဟု ေ႐ႊေရာင္တြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းဥကၠ႒ ဦးၫြန႔္စိုး NP News ကို ေျပာသည္။

အမွတ္(၂၉)အေျခခံပညာမူလတန္းေက်ာင္းမွ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေသာ ကေလးငယ္ေက်ာင္းသား၊ ေက်ာင္းသူ (၁၇) ဦးကို ရန္ကင္းကေလးေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးထားေၾကာင္း ဥကၠ႒ ဦးၫြန႔္စိုးက ဆက္လက္ေျပာသည္။

အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္း ၿမိဳ႕နယ္၊ (၆၇)ရပ္ကြက္ရွိ ကမ္းနားလမ္းတြင္ ေမြးေန႔အလႉအျဖစ္ ၾကာဇံေၾကာ္မ်ား လာေရာက္လႉဒါန္းေပးမႈကို စားသုံးရာမွ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဒဂုံဆိပ္ကမ္း၊ (၆၇)ရပ္ကြက္၊ ကမ္းနားလမ္းမွာေပါ့ သူလည္း အစာအဆိပ္သင့္တာပဲ။ ဒီအလႉရွင္ပဲလို႔ေတာ့ ေျပာတယ္။ ရပ္ကြက္ထဲမွာျဖစ္တာေပါ့။ ေနာက္ၿပီးေတာ့ ဒဂုံဆိပ္ကမ္း အပိုင္ထဲမွာရွိတဲ့ ရာဇၿဂိဳလ္ဘုန္းႀကီးေက်ာင္းမွာလည္း အစာအဆိပ္သင့္မႈျဖစ္ပြားတယ္လို႔ေတာ့ ၾကားတယ္” ဟု ေ႐ႊေရာင္တြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းဥကၠ႒ဦးၫြန႔္စိုးက ေျပာသည္။

လက္ရွိတြင္ အဆိုပါေနရာ(၃)ခု၌ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ စုစုေပါင္းလူဦးေရ(၄၈)ဦးအား ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။

Picture

Ye Htun

02/11/2022 21:52

ရည်ရွယ်ချက် ရှိရှိ လုပ်တာဘဲ

Picture

Maung Nan

03/11/2022 02:44

တော်တော်ယုတ်မာတဲ့အကြံပဲ

Related news

© 2021. All rights reserved.