အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၆ဝဝဝဝ)ကျော်တင်ပို့နိုင်ခဲ့

 551

ဖူးပြည့် (NP News) - နိုဝင်ဘာ ၂

ပြည်တွင်းရှိ ကုမ္ပဏီ ၄၂ ခုက ၂ဝ၂၂ ခုနှစ် အောက်တိုဘာလအတွင်းဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၁၆၃၁၈၈ ဒသမ ၇ တန် ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရသိရသည်။

အဆိုပါ တင်ပို့မှုတွင် ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၃၆၂ဝ၅ ဒသမ ၇ တန်ရှိပြီး ဆန်ကွဲတင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၂၆၉၈၃ တန်ရှိကြောင်းသိရသည်။

ယင်းတို့အနက် မက်ထရစ်တန် ၁၂၁၆၉၉ ဒသမ ၇ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပြီး မက်ထရစ်တန် ၄၁၄၈၉ တန်ကို နယ်စပ်ကုန်သွယ်ရေးမှတင်ပို့ခဲ့ကြောင်း သိရသည်။

“လယ်ယာကဏ္ဍမှာ ပြည်ပသို့တင်ပို့မှုက ကျဆင်းခြင်းမရှိပါဘူး”ဟု မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မကြာသေးမီကပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အီတလီ၊ ရိုမေးနီးယား၊ စပိန်တို့အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့တင်ပို့ခဲ့ကြောင်းသိရသည်။

အလားတူ ဆန်ကွဲများကို တရုတ်နိုင်ငံသို့အများဆုံးတင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံ၊ ပိုလန်၊ နယ်သာလန်၊ လစ်သူနီးယား အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံသို့တင်ပို့ခဲ့ကြောင်းသိရသည်။

အောက်တိုဘာလအတွင်း စုစုပေါင်း တင်ပို့နိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၅ သန်းရှိကြောင်းသိရသည်။

၂ဝ၂၂ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၇)လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် (၁)သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ဝ၄ သန်းရရှိခဲ့ကြောင်းသိရသည်။

zawgyi version
ေအာက္တိုဘာလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၁၆ဝဝဝဝ)ေက်ာ္တင္ပို႔ႏိုင္ခဲ့
ဖူးျပည့္ (NP News) - ႏိုဝင္ဘာ ၂

ျပည္တြင္းရွိ ကုမၸဏီ ၄၂ ခုက ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလအတြင္းဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ ၁၆၃၁၈၈ ဒသမ ၇ တန္ ျပည္ပသို႔တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

အဆိုပါ တင္ပို႔မႈတြင္ ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၁၃၆၂ဝ၅ ဒသမ ၇ တန္ရွိၿပီး ဆန္ကြဲတင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၂၆၉၈၃ တန္ရွိေၾကာင္းသိရသည္။

ယင္းတို႔အနက္ မက္ထရစ္တန္ ၁၂၁၆၉၉ ဒသမ ၇ တန္ကို ပင္လယ္ေရေၾကာင္းမွ တင္ပို႔ခဲ့ၿပီး မက္ထရစ္တန္ ၄၁၄၈၉ တန္ကို နယ္စပ္ကုန္သြယ္ေရးမွတင္ပို႔ခဲ့ေၾကာင္း သိရသည္။

“လယ္ယာက႑မွာ ျပည္ပသို႔တင္ပို႔မႈက က်ဆင္းျခင္းမရွိပါဘူး”ဟု ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက မၾကာေသးမီကေျပာၾကားခဲ့သည္။

အဆိုပါကာလအတြင္း ဆန္တင္ပို႔ရာတြင္ တ႐ုတ္ႏိုင္ငံသို႔အမ်ားဆုံးတင္ပို႔ခဲ့ၿပီး ဘဂၤလားေဒ့ရွ္၊ အီတလီ၊ ႐ိုေမးနီးယား၊ စပိန္တို႔အပါအဝင္ ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံသို႔တင္ပို႔ခဲ့ေၾကာင္းသိရသည္။

အလားတူ ဆန္ကြဲမ်ားကို တ႐ုတ္ႏိုင္ငံသို႔အမ်ားဆုံးတင္ပို႔ခဲ့ၿပီး ဘယ္လ္ဂ်ီယံ၊ ပိုလန္၊ နယ္သာလန္၊ လစ္သူနီးယား အပါအဝင္ ႏိုင္ငံေပါင္း ၈ ႏိုင္ငံသို႔တင္ပို႔ခဲ့ေၾကာင္းသိရသည္။

ေအာက္တိုဘာလအတြင္း စုစုေပါင္း တင္ပို႔ႏိုင္မႈပမာဏသည္ အေမရိကန္ေဒၚလာ ၆၅ သန္းရွိေၾကာင္းသိရသည္။

၂ဝ၂၂ ခုႏွစ္ ဧၿပီလမွ ေအာက္တိုဘာလအထိ (၇)လအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ (၁)သန္းေက်ာ္တင္ပို႔ႏိုင္ခဲ့ၿပီး ဆန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၄ဝ၄ သန္းရရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.