ကင်ညာမှာ မိုးခေါင်ရေရှားမှုကြောင့် (၉)လအတွင်း ဆင်အကောင်ရေ (၂ဝ၅)ကောင်သေဆုံး

 506

ရောင်နီ (NP News) - နိုဝင်ဘာ ၅

ကင်ညာနိုင်ငံမှာ နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်နဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း ဆင်ကောင်ရေ ၂ဝ၅ ကောင်နဲ့ အခြားတောရိုင်းတိရစ္ဆာန် အများအပြား သေဆုံးခဲ့ကြောင်း ခရီးသွားဝန်ကြီး ပီနက်မာလိုဇာက သောကြာနေ့ (နိုဝင်ဘာလ ၄ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ ဒေသတွင်းမှာ မိုးရွာသွန်းမှုရှိလာပေမယ့် ပျမ်းမျှမိုးရေချိန်အောက်သာ ရရှိမယ်လို့ ကင်ညာရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး ရေရှားပါးခြင်းကြောင့် တောရိုင်းတိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်အပေါ် စိုးရိမ်မှုများ တိုးပွားလာခဲ့ပါတယ်။

"မိုးခေါင်ခြင်း၊ အစာရေစာ အရင်းအမြစ်များ လျော့နည်းလာခြင်း၊ ရေရှားပါးခြင်းတို့ကြောင့် တောရိုင်းတိရိစ္ဆာန်များ သေဆုံးခဲ့တယ်"လို့ ခရီးသွား၊ တောရိုင်းတိရစ္ဆာန်နဲ့ အမွေအနှစ်ဝန်ကြီးဌာန အတွင်းဝန် မဲလိုဇာက ပြောကြားပါတယ်။

မိုးခေါင်မှုကြောင့် တောရိုင်းဆင်တွေအပြင် အာဖရိကကျွဲရိုင်း ၅၁၂ ကောင်၊ မြင်း ကျား ၃၈၁ ကောင်၊ သစ်ကုလားအုတ် ၁၂ ကောင်နဲ့ ကျွဲ ၅၁ ကောင်ထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ရှားပါးပြီး မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Grevy မြင်းကျားကောင်ရေ ၄၉ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလက ထိန်းသိမ်းရေးအဖွဲ့ Grevy's Zebra Trust က Grevy မြင်းကျား အကောင် ၄ဝ ခန့်ဟာ မိုးခေါင်တဲ့ သုံးလတာကာလအတွင်း သေဆုံးခဲ့ပြီး ဒါဟာ ၎င်းတို့မျိုးစိတ်အကောင်ရေအားလုံးရဲ့ ၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံးဒေသများမှာ ကင်ညာရှိဆင်မျိုးစိတ်များ များစွာ နေ ထိုင်ရာ နိုင်ငံမြောက်ပိုင်းနဲ့ တောင်ဘတ်ပိုင်းလည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးဌာနဟာ ထိခိုက်လွယ်သော တောရိုင်းတိရိစ္ဆာန်အုပ်စုများအား ရေ၊ ဆားငန်ကန်နဲ့ အစာများ ထောက်ပံ့ပေးဖို့၊ စောင့်ကြည့်ရေးနဲ့ ဒေတာစုဆောင်းမှု တိုးမြှင့်ဖို့အကြံပြုထားတယ်လို့ သိရပါတယ်။

zawgyi version
ကင္ညာမွာ မိုးေခါင္ေရရွားမႈေၾကာင့္ (၉)လအတြင္း ဆင္အေကာင္ေရ (၂ဝ၅)ေကာင္ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅

ကင္ညာႏိုင္ငံမွာ ႏွစ္ေပါင္း ၄ဝ အတြင္း အဆိုး႐ြားဆုံး မိုးေခါင္မႈဒဏ္နဲ႔ ရင္ဆိုင္ခဲ့ရျခင္းေၾကာင့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ေအာက္တိုဘာလအတြင္း ဆင္ေကာင္ေရ ၂ဝ၅ ေကာင္နဲ႔ အျခားေတာ႐ိုင္းတိရစာၦန္ အမ်ားအျပား ေသဆုံးခဲ့ေၾကာင္း ခရီးသြားဝန္ႀကီး ပီနက္မာလိုဇာက ေသာၾကာေန႔ (ႏိုဝင္ဘာလ ၄ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

ယခုအခါမွာေတာ့ ေဒသတြင္းမွာ မိုး႐ြာသြန္းမႈရွိလာေပမယ့္ ပ်မ္းမွ်မိုးေရခ်ိန္ေအာက္သာ ရရွိမယ္လို႔ ကင္ညာရဲ႕ မိုးေလဝသဌာနက ခန႔္မွန္းထားၿပီး ေရရွားပါးျခင္းေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္မ်ား မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ အႏၲရာယ္အေပၚ စိုးရိမ္မႈမ်ား တိုးပြားလာခဲ့ပါတယ္။

"မိုးေခါင္ျခင္း၊ အစာေရစာ အရင္းအျမစ္မ်ား ေလ်ာ့နည္းလာျခင္း၊ ေရရွားပါးျခင္းတို႔ေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္မ်ား ေသဆုံးခဲ့တယ္"လို႔ ခရီးသြား၊ ေတာ႐ိုင္းတိရစာၦန္နဲ႔ အေမြအႏွစ္ဝန္ႀကီးဌာန အတြင္းဝန္ မဲလိုဇာက ေျပာၾကားပါတယ္။

မိုးေခါင္မႈေၾကာင့္ ေတာ႐ိုင္းဆင္ေတြအျပင္ အာဖရိကကြၽဲ႐ိုင္း ၅၁၂ ေကာင္၊ ျမင္း က်ား ၃၈၁ ေကာင္၊ သစ္ကုလားအုတ္ ၁၂ ေကာင္နဲ႔ ကြၽဲ ၅၁ ေကာင္ထိ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ရွားပါးၿပီး မ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ Grevy ျမင္းက်ားေကာင္ေရ ၄၉ ေကာင္လည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလက ထိန္းသိမ္းေရးအဖြဲ႕ Grevy's Zebra Trust က Grevy ျမင္းက်ား အေကာင္ ၄ဝ ခန႔္ဟာ မိုးေခါင္တဲ့ သုံးလတာကာလအတြင္း ေသဆုံးခဲ့ၿပီး ဒါဟာ ၎တို႔မ်ိဳးစိတ္အေကာင္ေရအားလုံးရဲ႕ ၂ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ မိုးေခါင္ေရရွားမႈဒဏ္ အခံရဆုံးေဒသမ်ားမွာ ကင္ညာရွိဆင္မ်ိဳးစိတ္မ်ား မ်ားစြာ ေန ထိုင္ရာ ႏိုင္ငံေျမာက္ပိုင္းနဲ႔ ေတာင္ဘတ္ပိုင္းလည္း ပါဝင္ခဲ့ပါတယ္။

ဝန္ႀကီးဌာနဟာ ထိခိုက္လြယ္ေသာ ေတာ႐ိုင္းတိရိစာၦန္အုပ္စုမ်ားအား ေရ၊ ဆားငန္ကန္နဲ႔ အစာမ်ား ေထာက္ပံ့ေပးဖို႔၊ ေစာင့္ၾကည့္ေရးနဲ႔ ေဒတာစုေဆာင္းမႈ တိုးျမႇင့္ဖို႔အႀကံျပဳထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.