ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းကို တစ်ပြားတစ်ကျပ်မှ ကူညီပေးမှာမဟုတ်ကြောင်း ရီပတ်ဘလီကန်အမတ်ဆို

 1044

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၅

လာမယ့်သီတင်းပတ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းကို တစ်ပြားတစ်ကျပ်မှာ ကူညီထောက် ပံ့မှာမဟုတ်ကြောင်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ တေလာဂရီးနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဏာရဒီမိုကရက်တစ်ပါတီဟာ အမေရိကန်နိုင်ငံသားတွေရဲ့ရှင်သန်နေထိုင်ရေးထက်ကျော်လွန်ပြီး ယူကရိန်းစစ်ပွဲကို ပိုမိုဦးစားပေးလျက်ရှိနေကြောင်း တေလာဂရီးနီကပြောပါတယ်။ အမေရိကန် သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့မဟာမိတ်ဖြစ်တဲ့ ဂရီးနီက "လက်ရှိအစိုးရဟာ ယူကရိန်းအရေးကိုသာ ဂရုစိုက်နေတယ်။ အမေရိကန်ရဲ့ပြည်တွင်းရေးကိစ္စတွေ၊ နယ်စပ်ကိစ္စတွေကိုဂရုမစိုက်ဘူး၊ ကျွန်မတို့နိုင်ငံနဲ့နိုင်ငံ သားတွေကို အစိုးရက အဓိကဦးစားပေးဖြစ်ရမှာ"လို့ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့အကြံပေးတစ်ဦးဖြစ်တဲ့ ယူရက်ကတော့ ဂရီးနီးရဲ့မှတ်ချက်စကားတွေကို စိတ်ဆိုးဒေါသဖြစ်နေပြီး ဂရီးနီးဟာ ရီပတ်ဘလီကန်ပါတီရဲ့ထိပ်သီးခေါင်းဆောင်တစ်ဦးမဟုတ်ကြောင်း ဆိုပါတယ်။ ယူရက်ကတော့"အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး လက်ယာစွန်းနဲ့ လက်ဝဲစွန်း နိုင်ငံရေးအယူအ ဆတွေကြား ကွဲပြားခြားနားချက်တွေလည်းရှိနေပါတယ်။ ဒါပေမယ့်လည်းနောက် ဆုံးမှာတော့ အမေရိကန်အစိုးရဟာ ယူကရိန်းကို ကူညီပံ့ပိုးမယ်လို့ ယုံကြည်ပါတယ်"လို့ပြောပါတယ်။

အမေရိကန်ဟာ ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် (၉)လအတွင်းမှာယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ (၁၈)ဘီလျံနီးပါးကူညီထားပြီးဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဂရီးနီးကို အစွန်းရောက်တစ်ဦးအဖြစ် ရှုမြင်သုံးသပ်မှုများရှိနေပါတယ်။ ယူကရိန်းကိုအမေရိကန်ဒေါ်လာ ဘီလျံ ၄ဝ ကူညီပံ့ပိုးပေးမယ့် ဥပဒေမူကြမ်းကို ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၅၇)ဦးထဲမှာ ဂရီနီးလည်းပါဝင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်းပြုလုပ်နေတဲ့ စစ်တမ်းအများစုမှာတော့ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာအောက်လွှတ်တော် နေရာအများစုကို ရီပတ်ဘလီကန်ပါတီက အနိုင်ရဖို့ အလားအလာများနေတယ်လို့ ဖော်ပြလျက်ရှိနေပါတယ်။ အမေရိကန်အစိုးရဟာ နိုင်ငံအတွင်းဖြစ်နေတဲ့ စီးပွားရေးကျဆင်းမှု၊ ငွေ ကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းနဲ့ ရှင်သန်နေထိုင်မှုစရိတ်ကြီးမြင့်ခြင်းများကို ဦးစားပေးဖြေရှင်းနိုင်ခြင်းမရှိကြောင်း ဝေဖန်မှုများလည်းမြင့်တက်နေပါတယ်။

zawgyi version
ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့မယ္ဆိုရင္ ယူကရိန္းကို တစ္ျပားတစ္က်ပ္မွ ကူညီေပးမွာမဟုတ္ေၾကာင္း ရီပတ္ဘလီကန္အမတ္ဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၅

လာမယ့္သီတင္းပတ္အတြင္း က်င္းပမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီသာ အႏိုင္ရခဲ့မယ္ဆိုရင္ ယူကရိန္းကို တစ္ျပားတစ္က်ပ္မွာ ကူညီေထာက္ ပံ့မွာမဟုတ္ေၾကာင္း အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ေတလာဂရီးနီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အာဏာရဒီမိုကရက္တစ္ပါတီဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕ရွင္သန္ေနထိုင္ေရးထက္ေက်ာ္လြန္ၿပီး ယူကရိန္းစစ္ပြဲကို ပိုမိုဦးစားေပးလ်က္ရွိေနေၾကာင္း ေတလာဂရီးနီကေျပာပါတယ္။ အေမရိကန္ သမၼတေဟာင္းေဒၚနယ္ထရမ့္ရဲ႕မဟာမိတ္ျဖစ္တဲ့ ဂရီးနီက "လက္ရွိအစိုးရဟာ ယူကရိန္းအေရးကိုသာ ဂ႐ုစိုက္ေနတယ္။ အေမရိကန္ရဲ႕ျပည္တြင္းေရးကိစၥေတြ၊ နယ္စပ္ကိစၥေတြကိုဂ႐ုမစိုက္ဘူး၊ ကြၽန္မတို႔ႏိုင္ငံနဲ႔ႏိုင္ငံ သားေတြကို အစိုးရက အဓိကဦးစားေပးျဖစ္ရမွာ"လို႔ေျပာပါတယ္။

ယူကရိန္းသမၼတ ဇီလန္စကီးရဲ႕အႀကံေပးတစ္ဦးျဖစ္တဲ့ ယူရက္ကေတာ့ ဂရီးနီးရဲ႕မွတ္ခ်က္စကားေတြကို စိတ္ဆိုးေဒါသျဖစ္ေနၿပီး ဂရီးနီးဟာ ရီပတ္ဘလီကန္ပါတီရဲ႕ထိပ္သီးေခါင္းေဆာင္တစ္ဦးမဟုတ္ေၾကာင္း ဆိုပါတယ္။ ယူရက္ကေတာ့"အေမရိကန္ႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံျဖစ္ၿပီး လက္ယာစြန္းနဲ႔ လက္ဝဲစြန္း ႏိုင္ငံေရးအယူအ ဆေတြၾကား ကြဲျပားျခားနားခ်က္ေတြလည္းရွိေနပါတယ္။ ဒါေပမယ့္လည္းေနာက္ ဆုံးမွာေတာ့ အေမရိကန္အစိုးရဟာ ယူကရိန္းကို ကူညီပံ့ပိုးမယ္လို႔ ယုံၾကည္ပါတယ္"လို႔ေျပာပါတယ္။

အေမရိကန္ဟာ ယူကရိန္းနဲ႔ ႐ုရွားၾကားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ (၉)လအတြင္းမွာယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ (၁၈)ဘီလ်ံနီးပါးကူညီထားၿပီးျဖစ္ပါတယ္။ ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ဂရီးနီးကို အစြန္းေရာက္တစ္ဦးအျဖစ္ ရႈျမင္သုံးသပ္မႈမ်ားရွိေနပါတယ္။ ယူကရိန္းကိုအေမရိကန္ေဒၚလာ ဘီလ်ံ ၄ဝ ကူညီပံ့ပိုးေပးမယ့္ ဥပေဒမူၾကမ္းကို ကန႔္ကြက္ဆန႔္က်င္ခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၅၇)ဦးထဲမွာ ဂရီနီးလည္းပါဝင္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းျပဳလုပ္ေနတဲ့ စစ္တမ္းအမ်ားစုမွာေတာ့ လာမယ့္ရက္ပိုင္းအတြင္းက်င္းပမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာေအာက္လႊတ္ေတာ္ ေနရာအမ်ားစုကို ရီပတ္ဘလီကန္ပါတီက အႏိုင္ရဖို႔ အလားအလာမ်ားေနတယ္လို႔ ေဖာ္ျပလ်က္ရွိေနပါတယ္။ အေမရိကန္အစိုးရဟာ ႏိုင္ငံအတြင္းျဖစ္ေနတဲ့ စီးပြားေရးက်ဆင္းမႈ၊ ေငြ ေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ျခင္းနဲ႔ ရွင္သန္ေနထိုင္မႈစရိတ္ႀကီးျမင့္ျခင္းမ်ားကို ဦးစားေပးေျဖရွင္းႏိုင္ျခင္းမရွိေၾကာင္း ေဝဖန္မႈမ်ားလည္းျမင့္တက္ေနပါတယ္။

Picture

Ko Moe

05/11/2022 17:26

🤩🤩🤩

Picture

Ko Moe

05/11/2022 17:28

ဒီမိုကရက်တွေက မလည်ရှူပ် လုပ်ကြတာများပါတယ်။ရီပတ်ဘလင်ကန်တွေက အာဖဂန်စစ်ပွဲနဲ့ အီရတ်စစ်ပွဲတွေမှာ နာမည်ပျက်ထားရတာဟာလည်း စစ်အသုံးစရိတ်ကြောင့်ပါပဲ။လစ်ဗျား လည်း ပါတာပါပဲ။အဲတော့ အမေရိကန်ဟာလည်း လျှာနှခွ သုံးခဲ့တဲ့ မြွှေဟောက်လိုပါပဲ။

Related news

© 2021. All rights reserved.